ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ဘုတ်ပြင်းတွင် ကမ်းဇော်စေ့ ကောက်ပြီး အပြန်လှေမှောက်၊ ခြောက်ဦးသေ တစ်ဦးပျောက်နေဆဲ

diz_admin

May 21, 2021

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကမ်းဇော်စေ့ ကောက်ပြီးပြန်လာသည့် လှေတစ်စီး ပင်လယ်အတွင်း မေလ ၁၉ ရက် ညနေက တိမ်းမှောက်ခဲ့ပြီး လူခြောက်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာနေသူများက ကော့ရဲကြီးကျွန်းတွင် ကမ်းဇော်စေ့ကောက်ယူပြီးအပြန် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ လှိုင်းကြီးပြီး ပင်လယ်ပြင်အတွင်း လှေမှောက်ခဲ့ခြင်းဖြစ်သည်။ ကော့ရဲကြီးကျွန်းကို ကံမော်ကြီးကျေးရွာမှ စက်လှေဖြင့် နှစ်နှာရီကျော် ခုတ်မောင်းသွားရသည်။ ကမ်းဇော်အစေ့ကို ကြိတ်ရာမှရရှိသည့် ကမ်းဇော်ဆီမှာ ရောဂါအများစု ပျောက်ကင်းသည်ဟုဆိုသည်ပြီး နာမည်ကြီးသည်။ အဆိုပါလှေပေါ်တွင် ဒေသခံ အမျိုးသား အမျိုးသမီးစုစုပေါင်း ၂၅ ဦး လိုက်ပါလာကြောင်း ကံမော်ကြီးရွာနေ ဒေသခံအချို့က ဆိုသည်။ လှေမှောက်သည့်အတွက် လှေပေါ်ပါလာသူများအနက် ဆယ်လသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများကပြောသည်။ ထို့အပြင် လှေပေါ်ပါ […]

ထိုင်းပြန် မြန်မာနိုင်ငံသားနှစ်ရာကျော် ကော့သောင်းတွင် ကွာရန်တင်းဝင်

diz_admin

May 1, 2021

ထိုင်းနိုင်ငံ အကျဉ်းထောင်မှပြန်လွတ်လာသည့် မြန်မာနိုင်ငံသား နှစ်ရာကျော်ကို ကော့သောင်းမြို့ရှိ ကွာရန်တင်းစခန်းတွင် စောင့်ကြည့်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားများအားကူညီနေသည့် အဖွဲ့တစ်ခုထံမှ သိရသည်။ အမျိုးသမီး ၂၀ ဦးအပါအဝင် စုစုပေါင်းမြန်မာနိုင်ငံသား ၂၁၆ ဦးမှာ ဧပြီလ ၃၀ ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ကော့သောင်းရွှေ့ပြောင်း အလုပ်သမား ပညာပေးရေးစင်တာ တာဝန်ခံ ဦးမိုးဝေက ပြောသည်။ အဆိုပါ နိုင်ငံသား နှစ်ရာကျော်ကို စောင့်ကြည့်စခန်းလေးခုတွင်ခွဲထားပြီး ကိုဗစ်ရောဂါကူးစက် ခံထားရခြင်းရှိ/ မရှိ ၁၄ ရက်စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုလောလောဆယ်တော့ သူတို့ကို အပူချိန်တိုင်းတာတို့ စောင့်ကြည့်တာ တို့လုပ်မယ်။ နောက်မှရောဂါစစ်ဆေးပြီး သူတို့သွားချင်တဲ့ နေရာ သွားလို့ရမယ်” ဟု ဦးမိုးဝေက ပြောသည်။ ယင်းမြန်မာနိုင်ငံသားများသည် […]

သင်္ကြန်မှာမပါဝင်ကြဖို့ မြိတ်နဲ့ ကော့သောင်းက လူငယ်တွေတောင်းဆို

diz_admin

April 7, 2021

နှစ်သစ်ကူးပွဲတော် သင်္ကြန်မှာ မပူးပေါင်းကြဖို့၊ အပျော်အပါးမလုပ်ကြဖို့ဆိုပြီးတော့ မြိတ်နဲ့ ကော့သောင်းမြို့က လူငယ်တွေကတောင်းဆိုနေကြပါတယ်။ ကော့သောင်းက ပြည်သူတွေ သင်္ကြန်မကျင်းပဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ကို မြို့ခံလူငယ်တွေက ဦးဆောင်ပြီး လှုံ့ဆော်တာတွေ ဧပြီလ ၆ ရက်‌မှာ စတင်လုပ်ဆောင်နေကြပါတယ်။ အွန်လိုင်းကနေလှုံ့ဆော်တောင်းဆိုတာတွေလုပ်မှာဖြစ်သလို လက်ကမ်းစာစောင်တွေလည်း လိုက်လံဝေငှဖို့ရှိတယ်လို့ ကော့သောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။ “စစ်အာဏာရှင် ဆက်ရှိနေရွေ့ ဒီသင်္ကြန်ကို ကော့သောင်းမြို့သူ၊ မြို့သားတွေက မကျင်းပဖို့ပေါ့နော်။ ပြီးတော့ ကော့သောင်းအပါအဝင်ပေါ့‌နော် မြန်မာတစ်နိုင်ငံလုံးမှာ ကျဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သင်္ကြန်ကို မကျင်းပဖို့လုပ်တာဖြစ်တယ်” လို့ ဦးဆောင်နေသူတစ်ဦးက ဆိုပါတယ်။ အဲဒီလိုပဲ မြိတ်မြို့က လူငယ်တွေကလည်း သင်္ကြန်ပွဲမှာ မပူးပေါင်းကြဖို့ စာရွက်တွေဖြန့်ပြီး တိုက်တွန်းတာတွေရှိပါတယ်။ “သင်္ကြန်ပွဲမှာမပါဖို့စာရွက်တွေ မြိတ်လူငယ်တွေက ထုတ်ထားတယ်ဆိုတာမှန်ပါတယ်။ ဓာတ်တိုင်တွေမှာ ကပ်ထားတဲ့စာရွက်တွေတော့(အခြားသူတွေက) ပြန်ခွာလိုက်လို့ အခုမရှိတော့ဘူး” လို့ […]

ကော့သောင်းက ဖမ်းဆီးခံလူငယ် အလောင်းပြန်ပို့

diz_admin

April 7, 2021

ကော့သောင်းမြို့မှာ အဖမ်းခံလိုက်ရတဲ့ ‌ကိုရဲမင်းထွန်းရဲ့ အ‌လောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်မှာ အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။ ကော့သောင်းမြို့ ၈ မိုင်ကျေးရွာ လေယာဉ်ကွင်းအနီးမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းထွန်းဟာ ပြီးခဲ့တဲ့ လေးရက်လောက်က အိမ်ကနေထွက်သွား‌ပြီး ရွှေပြည်သာရပ်ကွက်မှာ အဖမ်းခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အဲဒီနောက် အဆက်အသွယ်မရတော့ဘဲဖြစ်နေရာကနေ ဧပြီလ ၅ ရက်မှာ ကော့သောင်းဆေးရုံ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းဆက်‌အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကြားတဲ့နေ့မှာပဲ အလောင်းသွားထုတ်လားပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ကိုရဲမင်းထွန်းရဲ့ အဆုတ်၊ အသည်း စတဲ့ အတွင်းကလီစာတွေ ပျက်စီးပြီး ဆုံးသွားပါတယ်ဆိုပြီး ရင်ခွဲရုံကပြောလိုက်တယ်လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။ “သားလေးက အကောင်းကြီးကနေ ဘယ်လိုဖြစ်လို့သေလဲလို့မေးကြည့်တော့ […]

တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ကော့သောင်းတွင် လူအချို့ အဖမ်းခံရ

diz_admin

April 1, 2021

ကော့သောင်းမြို့တွင် မတ်လ ၃၁ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် အနည်းဆုံးသုံးဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရွှေဇင်ယော်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုးနှင့် အေးမြကန်သာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း ဦးဂျပန်အပါအဝင်း အနည်းဆုံး သုံးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။ ဧည့်စာရင်းစစ်ဆေးမည်၊ လက်နက်ရှာဖွေမည်ဟုဆိုကာ ရှေ့နေ ဦးနေမျိုးအိမ်အားရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း မိသားစုဝင်းတစ်ဦးကဆိုသည်။ “ဘာကြောင့်ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတာ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ခံအချို့ကမူ ဦးဇင်မျိုးသည် ရွေးကောက်ပွဲကာလက NLD ပါတီနှင့် အဆက်အသွယ်ရှိခြင်း၊ ဆန္ဒပြပြီးအဖမ်းခံရသူများကို ဥပဒေအကြံပေးခြင်းဖြင့် ကူညီပေးနေသူဖြင့်သောကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပြောဆိုကြသည်။

ကော့သောင်း ပစ်ခတ်မှု ဆက်ဖြစ်၊ ထိခိုက်ကျဆုံးမှု ရှိ

diz_admin

March 30, 2021

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့တွင် မတ် ၃၀ ရက်နေ့တွင် ဆန္ဒပြရန် လူစုစည်းသည့် နံနက် ၁၀ နာရီကျော်မှစ၍ ယခုညနေပိုင်းအထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ထိခိုက်ကျဆုံးမှုလည်း ရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်၊ ရွှေပြည်သာရပ်ကွက်တို့တွင် ခံတပ်များကို စစ်တပ်နှင့်ရဲတို့က လိုက်လံဖျက်ဆီးရာတွင် ထိုသို့ ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “အခြေအနေတော်တော်ဆိုးနေတယ်။ မြို့ထဲမှာက စစ်တပ်တွေက နေရာလွတ်မကျန်အောင်ကို ကင်းတွေချထားတယ်။ လူထုအုံကြွလို့မရအောင်ဆိုပြီး” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၂၂ ဝန်းကျင် လူငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျဆုံးသွားကြောင်း မြို့ခံအချို့ကပြောဆိုသည်။ သေဆုံးသူများ၏ အမည်၊ ကိုယ်ရေးများကို ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာ […]

ကော့သောင်းတွင် တစ်ဦးထပ်မံကျဆုံး၊ ယနေ့ စုစုပေါင်း သုံးဦး ကျ

diz_admin

March 30, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးတွင် ယနေ့ မတ်လ ၃၀ ရက် အမျိုးသားတစ်ဦး ထပ်မံ ကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ကျဆုံးသူမှာ အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။ ယင်းမတိုင်မီက အသက် အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ရာ ယနေ့ကျဆုံသူ သုံးဦးရှိပြီဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယခုအချိန်တွင် ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကော့သောင်း ကျဆုံးငါးဦး တရက်တည်း သင်္ဂြိုဟ်

diz_admin

March 29, 2021

စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း ဖြိုခွင်းခံရမှုကြောင့် မတ်လ ၂၇ ရက်က ကော့သောင်းမြို့တွင် ကျဆုံးသွားသူ ငါးဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် တစ်ရက်တည်း သင်္ဂြိုဟ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကျဆုံးသွားသူများမှာ တစ်မိုင်တောင်ကုန်းရပ်နေ အသက် ၂၁ အရွယ် မောင်ရဲထက် (ခ) စစ်ပိုင်ဦး၊ ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် မခိုင်ဇင်ထွန်း နှင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်မင်းဦး၊ ရွှေပြည်သာရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် မောင်ရန်ပိုင်ဦးနှင့် အသက် ၄၇ နှစ်အရွယ် ဦးတင်ထွန်းဝင်းတို့ ဖြစ်ကြောင်း သေဆုံးသူတို့၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတစ်ဉီးက ဆိုသည်။ ဦးဇော်မင်းဦး၊ ဦးတင်ထွန်းဝင်း၊ မောင်ရန်ပိုင်စိုးတို့သုံးဦး၏ အလောင်းကို စစ်တပ်ဘက်က ကော့သောင်းဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် […]