ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်းက ဖမ်းဆီးခံလူငယ် အလောင်းပြန်ပို့

diz_admin

April 7, 2021

ကော့သောင်းမြို့မှာ အဖမ်းခံလိုက်ရတဲ့ ‌ကိုရဲမင်းထွန်းရဲ့ အ‌လောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်မှာ အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။ ကော့သောင်းမြို့ ၈ မိုင်ကျေးရွာ လေယာဉ်ကွင်းအနီးမှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းထွန်းဟာ ပြီးခဲ့တဲ့ လေးရက်လောက်က အိမ်ကနေထွက်သွား‌ပြီး ရွှေပြည်သာရပ်ကွက်မှာ အဖမ်းခံလိုက်ရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အဲဒီနောက် အဆက်အသွယ်မရတော့ဘဲဖြစ်နေရာကနေ ဧပြီလ ၅ ရက်မှာ ကော့သောင်းဆေးရုံ ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖုန်းဆက်‌အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကြားတဲ့နေ့မှာပဲ အလောင်းသွားထုတ်လားပြီး နေ့ချင်းသင်္ဂြိုဟ်လိုက်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ကိုရဲမင်းထွန်းရဲ့ အဆုတ်၊ အသည်း စတဲ့ အတွင်းကလီစာတွေ ပျက်စီးပြီး ဆုံးသွားပါတယ်ဆိုပြီး ရင်ခွဲရုံကပြောလိုက်တယ်လို့ မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။ “သားလေးက အကောင်းကြီးကနေ ဘယ်လိုဖြစ်လို့သေလဲလို့မေးကြည့်တော့ […]

တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ကော့သောင်းတွင် လူအချို့ အဖမ်းခံရ

diz_admin

April 1, 2021

ကော့သောင်းမြို့တွင် မတ်လ ၃၁ ရက် ညနေပိုင်းက တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင် အနည်းဆုံးသုံးဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ရွှေဇင်ယော်ရပ်ကွက်နေ တရားလွှတ်တော်ရှေ့နေ ဦးဇင်မျိုးနှင့် အေးမြကန်သာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးဟောင်း ဦးဂျပန်အပါအဝင်း အနည်းဆုံး သုံးဦးဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ ထံမှ သိရသည်။ ဧည့်စာရင်းစစ်ဆေးမည်၊ လက်နက်ရှာဖွေမည်ဟုဆိုကာ ရှေ့နေ ဦးနေမျိုးအိမ်အားရှာဖွေပြီး ကွန်ပျူတာနှစ်လုံးကိုပါ သိမ်းဆည်းသွားကြောင်း မိသားစုဝင်းတစ်ဦးကဆိုသည်။ “ဘာကြောင့်ဖမ်းတယ်၊ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတာ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ခံအချို့ကမူ ဦးဇင်မျိုးသည် ရွေးကောက်ပွဲကာလက NLD ပါတီနှင့် အဆက်အသွယ်ရှိခြင်း၊ ဆန္ဒပြပြီးအဖမ်းခံရသူများကို ဥပဒေအကြံပေးခြင်းဖြင့် ကူညီပေးနေသူဖြင့်သောကြောင့် ဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပေးပြောဆိုကြသည်။

ကော့သောင်း ပစ်ခတ်မှု ဆက်ဖြစ်၊ ထိခိုက်ကျဆုံးမှု ရှိ

diz_admin

March 30, 2021

မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့တွင် မတ် ၃၀ ရက်နေ့တွင် ဆန္ဒပြရန် လူစုစည်းသည့် နံနက် ၁၀ နာရီကျော်မှစ၍ ယခုညနေပိုင်းအထိ ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ထိခိုက်ကျဆုံးမှုလည်း ရှိနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်၊ ရွှေပြည်သာရပ်ကွက်တို့တွင် ခံတပ်များကို စစ်တပ်နှင့်ရဲတို့က လိုက်လံဖျက်ဆီးရာတွင် ထိုသို့ ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “အခြေအနေတော်တော်ဆိုးနေတယ်။ မြို့ထဲမှာက စစ်တပ်တွေက နေရာလွတ်မကျန်အောင်ကို ကင်းတွေချထားတယ်။ လူထုအုံကြွလို့မရအောင်ဆိုပြီး” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၂၂ ဝန်းကျင် လူငယ်တစ်ဦးနှင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျဆုံးသွားကြောင်း မြို့ခံအချို့ကပြောဆိုသည်။ သေဆုံးသူများ၏ အမည်၊ ကိုယ်ရေးများကို ထပ်မံစုံစမ်းနေဆဲ ဖြစ်သည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာ […]

ကော့သောင်းတွင် တစ်ဦးထပ်မံကျဆုံး၊ ယနေ့ စုစုပေါင်း သုံးဦး ကျ

diz_admin

March 30, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးတွင် ယနေ့ မတ်လ ၃၀ ရက် အမျိုးသားတစ်ဦး ထပ်မံ ကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ကျဆုံးသူမှာ အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။ ယင်းမတိုင်မီက အသက် အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ရာ ယနေ့ကျဆုံသူ သုံးဦးရှိပြီဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယခုအချိန်တွင် ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကော့သောင်း ကျဆုံးငါးဦး တရက်တည်း သင်္ဂြိုဟ်

diz_admin

March 29, 2021

စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြရင်း ဖြိုခွင်းခံရမှုကြောင့် မတ်လ ၂၇ ရက်က ကော့သောင်းမြို့တွင် ကျဆုံးသွားသူ ငါးဦးကို ယနေ့ မတ်လ ၂၈ ရက်တွင် တစ်ရက်တည်း သင်္ဂြိုဟ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကျဆုံးသွားသူများမှာ တစ်မိုင်တောင်ကုန်းရပ်နေ အသက် ၂၁ အရွယ် မောင်ရဲထက် (ခ) စစ်ပိုင်ဦး၊ ရွှေဇင်ယော်ရပ်ကွက်နေ အသက် ၂၁ နှစ်အရွယ် မခိုင်ဇင်ထွန်း နှင့် အသက် ၄၂ နှစ်အရွယ် ဦးဇော်မင်းဦး၊ ရွှေပြည်သာရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် မောင်ရန်ပိုင်ဦးနှင့် အသက် ၄၇ နှစ်အရွယ် ဦးတင်ထွန်းဝင်းတို့ ဖြစ်ကြောင်း သေဆုံးသူတို့၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတစ်ဉီးက ဆိုသည်။ ဦးဇော်မင်းဦး၊ ဦးတင်ထွန်းဝင်း၊ မောင်ရန်ပိုင်စိုးတို့သုံးဦး၏ အလောင်းကို စစ်တပ်ဘက်က ကော့သောင်းဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် […]

ကော့သောင်းတွင် လူဆယ်ဦး အဖမ်းခံရ

diz_admin

March 24, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နှင့်‌ ရွှေပြည်သာရပ်ကွက်တို့တွင်နေထိုင်သူဆယ်ဦး မတ်လ ၂၃ ရက် နံနက်ပိုင်းက အဖမ်းခံရကြောင်း မြို့ခံအချို့ကပြောသည်။ အသင့်ပြုလုပ်ထားသည့် ဂက်စ်သေနတ်၊ မီးရှို့ပစ်ခတ်နိုင်သည့်ဓာတ်ဆီပုလင်း၊ လေးခွအစရှိသည့်ပစ္စည်းများပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အေးရိပ်ငြိမ်ရပ်ကွက် ပေါ်ဦးလမ်းနေ မြို့ခံတစ်ဦးကဆိုသည်။ လက်ရှိတွင် ‌ကော့သောင်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့‌ည‌နေသုံးနာရီအချိန်ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံရသူများကို ဥပဒေကြောင်းအရ လိုက်ပါကူညီသူ မရှိသေးကြောင်း မြို့ခံတစ်ဦးကဆိုသည်။ ဖော်ပြပုံမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသောပုံဖြစ်သည်။

ကော့သောင်းတရားရုံးမီးလောင်မှု ဆိုင်ကယ်အစီးရေဆယ်ချီ ဆုံးရှုံး

diz_admin

March 8, 2021

ကော့သောင်းတရားရုံးတွင် မီးလောင်သဖြင့် အမှုကြောင့် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေဆယ်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည်ဟုသိရပြီး ဆိုင်ကယ်အစီးရေ ၇၀ ဝန်းကျင် မီးလောင်သွားကြောင်း ကော့သောင်းမြို့နေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။ “ဘာကြောင့်ဖြစ်(လောင်)တယ် ဆိုတာတော့ မသိသေးဘူးပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ကော့သောင်းတရားရုံးရှိ ဂိုဒေါင်တွင် လောင်ကျွမ်းသည့်မီးကြောင့် သိမ်း ဆည်းဆိုင်ကယ်များ အပါအဝင် တရားရုံး အဆောက်အအုံနေရာအချို့လည်း လောင်ကျွမ်းခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ “တရားစီရင်ခန်းမှာရှိတဲ့ ပစ္စည်းတွေလည်း လောင်သွားတယ် အောက်ထပ်ပေါ့။ အပေါ်ထပ် ကြမ်းခင်းလောင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အဆိုပါ […]

လန်ပိအဏ္ဍဝါ အမျိုးသားဥယျာဉ် ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် အသိပေး

diz_admin

March 3, 2021

မြိတ်ကျွန်းစုအတွင်းရှိ လန်ပိအဏ္ဍဝါအမျိုးသားဥယျာဉ်ဝန်ထမ်းများ ဆယ်ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က အကြောင်း ကြားခဲ့သည်။ ဥယျာဉ်ဝန်ထမ်းများ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ လုံလောက်သော အကြောင်းပြ ချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်ပါက အရေးယူခံရမည့်အကြောင်းနှင့် ဆယ် ရက်အတွင်း ရုံးတက်ခြင်းမရှိသူအား အရေးယူမည့်အကြောင်း အကြောင်း ကြားစာကို ဝန်ထမ်းများအား ပေးပို့ခဲ့ ခြင်းဖြစ်သည်။ ထိုအကြောင်းကြားစာအား သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရုံးချုပ်မှ ပေးပို့လာသည့်အတွက် ဥယျာဉ်ဝန်ထမ်းများသိရှိစေရန် ထပ်ဆင့်အကြောင်းကြားခြင်းသာဖြစ်ကြောင်း အဆိုပါဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ဆိုသည်။ ၎င်းအနေဖြင့် ဝန်ထမ်းများအား အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း မဟုတ်ကြောင်း ၎င်းက ပြောသည်။ “ကျွန်တော်တို့ ဝန်ထမ်းတွေကို အသိပေးတာပါ၊ ဒီလိုတော့ ရှိတယ် ဆိုတာကို သူတို့လည်း သိအောင်ပေါ့” […]