ပင်လယ်ကျွန်းပေါ်ရှိ ကျေးရွာတစ်ချို့ လျှပ်စစ်မီးတစ်ယူနစ် တစ်ထောင်ဝန်းကျင်ဖြစ်
diz_admin
October 15, 2021ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်ရှိ သွားလာခက်ခဲသော ပင်လယ်အတွင်း ကျွန်းများပေါ်ရှိ ကျေးရွာတစ်ချို့တွင် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ဝန်းကျင်အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်ရှိ ကြိမ်မဲတောင်ကျေးရွာတွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ်တစ်ထောင် ပေးဆောင်နေရသည်ဟု ကြိမ်မဲတောင်ရွာသူ အသက် ၅၅ နှစ်ရှိ အမျိုးသမီးကပြောသည်။ “အရင်လက ကိုးရာ ခုဒီလမှာ တစ်ထောင်ဖြစ်သွားပြီ”ဟု ၎င်း ကပြောသည်။ အဆိုပါကျေးရွာတွင် အိမ်ခြေသုံးရာကျော်ခန့်ရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်းရှိကြောင်း သိရသည်။ အလားတူ အလယ်မန်ရွာတွင်လည်း ယခင်လက လျှပ်စစ်မီးတစ်ယူနစ် ခုနှစ်ရာကျပ်ကောက်ခံခဲ့ရာမှ ယခုလတွင် တစ်ယူနစ်ကို ရှစ်ရာငါးဆယ်ကျပ်အထိ တိုးမြင့်လိုက်သည်ဟု မီးစက်ပိုင်ရှင် ဦးဘငယ် ကပြောသည်။ “ဆီဈေးကလည်း တစ်အားတက်လာတယ်။ သယ်ယူခစရိတ်ကလည်း ရှိသေးတယ် တစ်ချို့ရွာတွေဆို တစ်ထောင်ဖြစ်နေပြီ” ဟု ၎င်းကပြောသည်။ အလယ်မန်ရွာတွင် အိမ်ခြေရှစ်ရာနီးပါးရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်း […]


