ကော့သောင်းတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးပြီးသုံးရက်ကြာမှ အလောင်းပြန်တွေ့
diz_admin
February 16, 2023ကော့သောင်းမြို့တွင် အမျိုးသားတစ်ဦးပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည့် ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ အသက် ၄ဝအရွယ် အဆိုပါအမျိုးသားသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နေအိမ်မှပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ ယင်းနောက် အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတို့က ရှာဖွေခဲ့ရာ သေဆုံးပြီး ပုပ်ပွနေသည့် ရုပ်အလောင်းအား ဆယ်မိုင်ကျေးရွာ အောင်ချမ်းသာကွက်သစ် စက်မှုအထက်တန်းကျောင်းအနီး ဥယျာဉ်ခြံတစ်ခုတွင် ပြန်လည် တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ “မြိတ်ဘက်ကလာပြီး မိုင်းလုပ်ငန်း လာလုပ်နေသူလို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသား ပျောက်ဆုံးပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး […]


