ကော့သောင်း ဝိုင်ဒင်းရွာတိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်
diz_admin
February 22, 2023တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းရွာအနီး ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံရနောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း ရနောင်းပြန်ကြားရေးစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ ဝိုင်ဒင်းရွာအနီးတွင် ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ညဘက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝိုင်ဒင်းရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်သံများကို ထိုင်းနိုင်ငံ ရနောင်းခရိုင် ကရဘူရီနယ်စပ်တွင်ပင် ကြားနေခဲ့ရပြီး တစ်ချို့နေရာများတွင် အထင်းသား မြင်တွေ့နေခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိပါဝင်နေသော ဒေသခံ […]


