PDF များကို ဝင်ရှာသည်ဟုဆိုကာ စစ်ကောင်စီတပ်က ကံမော်ကြီးရွာသားအချို့ကို ရိုက်နှက်စစ်ဆေး
Dawei Watch
January 3, 2024PDF များကို ဝင်ရှာသည်ဟုဆိုကာ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ မသေကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာပြီးနောက် ရွာသားအချို့ကို ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်သင်္ဘောဖြင့် ဝင်လာကြောင်း အသက် ၃၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကြောင်းဝင်လာပြီးနောက် ဒေသခံလူငယ် ၃ ဦးကို ရိုက်နှက်စစ်ဆေးခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားပြီး နောက်ပိုင်းမှ ပြန်လွှတ်လိုက်ကြောင်း ၎င်းက ပြောသည်။ “PDF တွေဝင်လာတယ်ဆိုပြီး (စစ်ကောင်စီတပ်က) ကင်းပုန်းလာဝပ်တာ ။ ကျွန်တော်တို့ရွာမှာလေ။ PDF လည်း မလာဘူး။ ရွာက သားငယ် (လူငယ်)တွေကို အိမ်ပေါ်မှာတက်ရိုက်တယ်။ လမ်းဘေးမှာ မှောက်ခိုင်းပြီးရိုက်တာ။ ပြီးတော့ပြန်လွှတ်လိုက်တာပေါ့” ဟု အထက်ပါ အမျိုးသားက […]


