ဘုတ်ပြင်းတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်
Dawei Watch
November 24, 2023ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာကျေးရွာအခြေစိုက်တပ်ရင်းက ယနေ့ နံနက် ၉ နာရီခွဲမှစ၍ မွန်းလွဲအထိ မြို့ပြင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲမဖြစ်ဘူး။ တစ်ခြမ်းတည်း ပစ်နေတာ။ ဘာကြောင့် ပစ်တာလည်းတော့ မသိဘူး” ဟု လေညာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ နံနက်က မဏ္ဍိုင်ကျေးရွာအခြေစိုက် (၅၅၉) -(၅၆၀) တပ်ရင်းက လက်နက်ကြီးများ ပစ်ခတ်နေသည့် အတွက် ပြည်သူများ ထိခိုက်မှုမရှိရေး အသွားအလာဂရုစိုက်ရန် ဘုတ်ပြင်းခြေစိုက် Flying Star Force ဘုတ်ပြင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးချက် ထုတ်ထားသည်။ “ဒီနေ့ ထိတွေ့တိုက်ပွဲ […]


