ကော့သောင်း ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် နှစ်ရက်ဆက် လူသေဆုံး
Dawei Watch
March 11, 2024တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်စဉ် သေဆုံးမှု နှစ်ရက် ဆက်တိုက် ဖြစ်ပွားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်း) ထံမှ သိရသည်။ မတ်လ ၉ရက်နေ့တွင် အသက် ၅၀ ကျော်အရွယ် ဦးသိန်းစိုး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေစဉ် နှလုံးရောဂါဖြင့် ရုတ်တရုတ်သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။ နောက်တစ်ရက် မတ်လ ၁၀ ရက်တွင်လည်း ကျွန်းစုမြို့နယ်သား ကိုထိုက်မင်းကို ဆိုသူလည်း အသည်းရောဂါဖြင့် ရုတ်တရက်သေဆုံးကြောင်း ၎င်းက ဆိုသည်။ “နှစ်ဦးစလုံးကတော့ ရောဂါအခံနဲ့ သေဆုံးခဲ့ကြတယ်လို့သိရတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရွှေအဏ္ဏဝါပရဟိလူငယ်အဖွဲ့က ကော့သောင်းမြို့ ၂ မိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကော့သောင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ […]


