ခမောက်ကြီးရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံပို့မည့် ကျပ်သိန်းငါးရာကျော်ကို ကော့သောင်းပကဖ သိမ်း
Dawei Watch
April 26, 2024ကော့သောင်းခရိုင် ခမောက်ကြီးမြို့ရှိ စစ်ကောင်စီတပ်၏ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းငါးရာကျော်ကို သိမ်းဆည်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၆ ရက် နံနက်က ခမောက်ကြီးမြို့နယ် အေးချမ်းသာရွာမှ ထွက်လာသည့် နာရေးကူညီမှုကားတစ်စီးအား ဆိပ်ဖူးရွာနှင့် အောင်ချမ်းသာရွာကြားတွင် တားဆီးစစ်ဆေးရာက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သားများက နာရေးကူညီမှုကားများ၊ သာသနာနှင့် စပ်ဆိုင်သည့်ကားများနှင့် ပရဟိတကားများကို အသုံးပြုကာ လှုပ်ရှားသွားလာမှု များနေသည့်အတွက် မသင်္ကာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ နာရေးကူညီမှုကားပေါ်တွင် မြစိမ်းရောင်ချေးငွေစီမံကိန်းမှ ကိုယ်စားလှယ်များအပါအဝင် လူငါးဦးလိုက်ပါလာပြီး ငွေသားကျပ်သိန်းငါးရာကျော်ကို တွေ့ရှိခဲ့ကြောင်း အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ အဆိုပါငွေကြေးများမှာ မြစိမ်းရောင်စီမံကိန်းက ချေးငွေများဖြစ်သော်လည်း ဒေသခံများကို […]


