တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
September 1, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တရုတ်ထုတ် ဈေးသက်သာသော စားပွဲထိုးစက်ရုပ်တွေကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေ စိုးရိမ်နေ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဈေးပေါတဲ့ စားပွဲထိုးစက်ရုပ်တွေ တောင်ကိုးရီးယားဈေးကွက်ထဲ ဝင်ရောက်လာနေလို့ နည်းပညာကုမ္ပဏီတွေ စိုးရိမ်မှု မြင့်တက်လာနေခဲ့ပါတယ်။ တရုတ်စက်ရုပ်တန်ဖိုးဟာ တောင်ကိုရီးယားစက်ရုပ်တွေထက် ၅ဆအထိ ဈေးပိုသက်သာနေတာပါ။ တရုတ်ဟာ စားပွဲထိုးစက်ရုပ်တရုပ်ကို ဝမ် ၁၀ သန်းကနေ ၃၀ သန်း (ဒေါ်လာ ၇၅၀၀-၂၂၅၀၀) နဲ့ရောင်းချပေးနေခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာ လုပ်သားအင်အားရှားပါးလာနေလို့ စားသောက်ဆိုင်တွေမှာ စက်ရုပ်စားပွဲထိုး ၅၀၀၀ လောက် အသုံးပြုနေကြပါတယ်။ တောင်ကိုးရီးယားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ တရုတ်စက်ရုပ်တွေကို အရည်အသွေးပိုကောင်းတဲ့ စက်ရုပ်တွေနဲ့ ယှဉ်နိုင်ဖို့ […]