အစ္စရေး-ဟားမတ်စ် လေးရက်ကြာ ယာယီအပစ်ရပ်
Dawei Watch
November 24, 2023အစ္စရေး-ဟားမတ်စ် စစ်ပွဲ လေးရက်ကြာ အပစ်အခတ်ရပ်စဲမှုဟာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီမှာ စတင်အသက်ဝင်ခဲ့ပါတယ်။ အစ္စရေးဘက်က အပစ်အခတ်ရပ်စဲတာဟာ ယာယီသာဖြစ်ပြီး စစ်ပွဲ တကယ်မပြီးသေးဘူးလို့ သတိပေးခဲ့တာပါ။ ကာတာနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးလို့ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓါးစာခံ အစ္စရေးနိုင်ငံသား ၁၃ ဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက် လေးရက်ထဲမှာ နောက်ထပ် ဓါးစာခံ ၅၀ ကိုလည်း ထပ်လွှတ်ပေးသွားမယ်လို့ သဘောတူခဲ့ပါတယ်။ သဘောတူညီချက်အရတော့ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၅၀ ဦးကို ပြန်လွှတ်ပေးရမှာပါ။ အပစ်ခတ်ရပ်စဲရေး အသက်မဝင်ခင် အချိန်ခဏအတွင်းမှာ ဂါဇာဘက်က သေနတ်ပစ်ခတ်သံနဲ့ လေကြောင်းပစ်ခတ်သံတွေ ကြားခဲ့ရပါသေးတယ်။ ဆေးဝါးပစ္စည်းတွေ၊ လောင်စာဆီတွေနဲ့ အစားအစားတွေ သယ်ဆောင်လာတဲ့ […]