ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဗလန်စီယာဒေသ တစ်ခုထဲမှာတင် သေဆုံးသူ ၂၀၀ ကျော်ခဲ့တာပါ။ ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေကနေ စပိန်နိုင်ငံမှာ လူသေဆုံးမှုတွေအထိ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာလည်း မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေခဲ့တာပါ။ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း […]

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Dawei Watch

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။ အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ […]

ထရမ့် သမ္မတဖြစ်ပြီဟု အမေရိကန်သတင်းဌာန Fox News ကြေညာ

Dawei Watch

November 6, 2024

ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို အံ့အားသင့်စရာ အနိုင်ယူ၍ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီဟု Fox News သတင်းဌာနက ကြေညာလိုက်သည်။ ယခုရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အိမ်ဖြူတော်တွင် လေးနှစ်သက်တမ်းကို ဒုတိယအကြိမ် ထပ်မံထမ်းဆောင်ရတော့မည် ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းနှစ်ကြိမ်ကို ဆက်တိုက်မဟုတ်ဘဲ အနိုင်ရခဲ့သူ နှစ်ဦးသာ ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က တစ်ဦးဖြစ်သည်။ ယင်းကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတဂရိုဗာကလီးဗ်လန်းလက်ထက် ၁၈၉၂ ခုနှစ်နောက်ပိုင်း ဆက်တိုက်မဟုတ်သည့် သမ္မတသက်တမ်းနှစ်ကြိမ်ကို တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာသည်။ ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ၃ ကြိမ်ယှဉ်ပြိုင်ရာတွင် ၂ ကြိမ်အနိုင်ရခဲ့သူဖြစ်ပြီး […]

ကန်ရွေးကောက်ပွဲ သတင်းအမှားဖြန့်ရန် ရုရှား ငွေယူခဲ့ကြောင်း နာမည်ကြီးဘလော့ဂါ ဝန်ခံ

Dawei Watch

November 5, 2024

အမေရိကန်ရွေးကောက်ပွဲတွင် ဟေတီနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများက မဲပေးနေကြောင်း သတင်းအမှား ဖြန့်ချိရန် ရုရှားအစိုးရ ဝါဒဖြန့်တစ်ဦးထံမှ ဒေါ်လာ ၁၀၀ လက်ခံရရှိခဲ့ကြောင်း ထရမ့်ပ်ကို ထောက်ခံသည့် အမေရိကန်ဘလော့ဂါတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမည်မဖော်လိုသည့် အဆိုပါ အမျိုးသားသည် မက်ဆာချူးဆက်ပြည်နယ်သားတစ်ဦး ဖြစ်ပြီး X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်း၏ နိုင်ငံရေးအမြင်များကို ရေးသားပြောဆိုလေ့ရှိသူ ဖြစ်သည်။ ၎င်း အသုံးပြုသည့် @AlphaFox78 ဆိုသည့် အကောင့်တွင် ဖော်လိုဝါပေါင်း ၆ သိန်းခွဲ ရှိသည်။ ဟေတီနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတစ်ဦးက ဂျော်ဂျီယာပြည်နယ်တွင် ကမ်မလာဟဲရစ်အား အနည်းဆုံးနှစ်ကြိမ် မဲပေးမည်ဟု ပြောဆိုနေသည့် ရုပ်သံဖိုင်ကို ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ ယင်းဗီဒီယိုမှာ သတင်းအမှားဖြန့်ချိရန်အတွက် ရုရှားဘက်မှ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုဖိုင်တစ်ခု ဖြစ်သည်။ ရုရှားသရုပ်ဆောင်များကို […]

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

Dawei Watch

November 4, 2024

၄၇ ယောက်မြောက် အမေရိကန်သမ္မတ မည်သူ ဖြစ်လာမည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို မနက်ဖြန် စတင်တော့မည် ဖြစ်သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတဟောင်းဖြစ်သူ ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ကမ်မလာဟဲရစ်သာ အနိုင်ရခဲ့လျှင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာမည် ဖြစ်သည်။ အမေရိကန်မဲဆန္ဒရှင်များသည် သမ္မတကို ရွေးချယ်ရုံသာမကဘဲ အောက်လွှတ်တော်နှင့် ဆီးနိတ်ကို ပေါင်းစပ်ထားသည့် ကွန်ဂရက်အဖွဲ့ဝင်များကိုပါ ပြည်နယ်အလိုက် မဲပေးရွေးချယ်ရမည် ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရရှိသူသည် ၂၀၂၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး လေးနှစ်ကြာသမ္မတသက်တမ်းကို စတင်တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် မဲဆန္ဒရှင်တော်တော်များများက ကြိုတင်မဲစနစ် (သို့မဟုတ်) စာတိုက်မဲပေးစနစ်အရ ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်သည်။ သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 2, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိ အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းမယ် ထိုင်ဝမ်ကျွန်းဆွယ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။ စစ်လက်နက်တွေထဲမှာ အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်လည်း ပထမဆုံးအနေနဲ့ ပါဝင်သွားမှာပါ။ ရောင်းချမယ့် စစ်လက်နက်တွေထဲမှာ ဒေါ်လာ သန်း ၁,၁၆၀ တန်ဖိုးရှိ ဒုံးကျည်စနစ်တွေနဲ့ ဒေါ်လာ ၈၂၈ သန်း တန်ဖိုးရှိ ရေဒါစနစ်တွေ ပါဝင်ပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးလာနေပြီး […]

ရော်ဘာတင်ပို့မှု ထိုင်းနှင့် အင်ဒိုနီးရှားထက် အိုင်ဗရီကို့စ် ခြေလှမ်းပိုသွက်

Dawei Watch

October 30, 2024

အာဖရိကတိုက်အနောက်ပိုင်းမှ အိုင်ဗရီကို့စ်နိုင်ငံသည် ရော်ဘာတင်ပို့ထုတ်လုပ်မှုတွင် ထိုင်းနှင့် အင်ဒိုနီးရှားထက် ခြေလှမ်းပိုသွက်လာနေသည်။ နိုင်ငံတကာရော်ဘာလေ့လာမှုအဖွဲ့(IRSG) ၏ အဆိုအရ အိုင်ဗရီကို့စ်၏ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁.၅၅ သန်းအထိ ရှိခဲ့သည်။ ယင်းပမာဏသည် ၂၀၁၉ ခုနှစ်က ၎င်းထုတ်လုပ်ခဲ့သည့် ရော်ဘာတန်ချိန် ၈၁၅,၀၀၀ ၏ နှစ်ဆဖြစ်သည်။ ယင်းသို့ တိုးမြှင့်တင်ပို့လာမှုကြောင့် အိုင်ဗရီကို့စ်သည် ဗီယက်နမ်ကို ကျော်တက်ကာ ကမ္ဘာ့တတိယမြောက် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာပေါ်တွင် ရော်ဘာတင်ပို့မှုအများဆုံးနိုင်ငံမှာ ထိုင်းဖြစ်ပြီး ဒုတိယမှာ အင်ဒိုနီးရှား ဖြစ်သည်။ အိုင်ဗရီကို့စ်နိုင်ငံ ရော်ဘာတင်ပို့မှု ကြီးထွားလာခြင်း၏ အကြောင်းအရင်း တစိတ်တပိုင်းမှာ နိုင်ငံအတွင်းရှိ ကိုကိုစေ့စိုက်ပျိုးသည့် တောင်သူများက ဝင်ငွေပိုတည်ငြိမ်မှုရရန် မျှော်လင့်ချက်ဖြင့် ရော်ဘာခြံလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အသက်ဝင်လာဖွယ်ရှိသည့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုထိန်းချုပ်ရေးစည်းမျဉ်းကလည်း အကြောင်းရင်း […]

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း၏ စံအိမ် တော်လှန်ရေး ပြတိုက်အဖြစ် ပြောင်းမည်

Dawei Watch

October 29, 2024

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နေထိုင်ခဲ့သည့် စံအိမ်ကို ၎င်းအား ဖြုတ်ချနိုင်ခဲ့သည့် တော်လှန်ရေးအထိမ်းအမှတ် ပြတိုက်အဖြစ် ပြောင်းလဲပြသသွားတော့မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအိမ်စောင့်အစိုးရကို ဦးဆောင်လျက်ရှိသည့် နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က တနင်္လာနေ့၌ ဂါနာဘဟာဘန်စံအိမ်သို့ သွားရောက်လည်ပတ်စဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “သူမရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုနဲ့ သူမကို ဖြုတ်ချလိုက်တဲ့အချိန်က လူထုရဲ့ ဒေါသကို ဖော်ပြတဲ့ အမှတ်တရတွေကို ပြတိုက်မှာ ထိန်းသိမ်းပြသသွားမယ်” ဟု ယူနွတ်က ပြောသည်။ နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်လာခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြီးကြောင့် ယခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ထိုနေ့မှာပင် ရဟတ်ယာဉ်ဖြင့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့သည်။ သူမ၏ […]