BREAKING
May 6, 2025

နိုင်ငံတကာသတင်း

မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်း ချင်းမိုင်တွင် ကန့်ကွက် ဆန္ဒပြ

diz_admin

December 7, 2022

စစ်ကောင်စီက ဖမ်းဆီးထားသော မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်းကို ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုရင်သုံးပါး ရုပ်ထုတည်ရှိရာ ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်ခြင်းကြောင့် နိုင်ငံများတွင် သေဒဏ်ချမှတ်မှု အမြစ်ပြတ်စေရန် ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားကောင်စီကလည်း အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက် ၆ ချက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက တက္ကသိုလ် ကျောင်းသား ၇ ဦးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှကင်းဝေးစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ဖိအားပေးရန်လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ […]

ဒဂုံတက္ကသိုလ်ကျောင်းသားများ သေဒဏ်ပေးမှု နီပေါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မြန်မာသံရုံးရှေ့ဆန္ဒပြ

diz_admin

December 6, 2022

စစ်ကောင်စီတရားရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို သေဒဏ်ချလိုက်မှုအပေါ် နီပေါနိုင်ငံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နီပေါရှိမြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် နီပေါကျောင်းသားများက မြန်မာပြည်မှသူငယ်ချင်းများကို ကွက်မျက်မှုများ ရပ်တန့်ပေးပါ ဟု တောင်းဆိုခဲ့ရာ နီပေါရဲများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မြန်မာကျောင်းသားများ၏ သေဒဏ်ကို ပယ်ဖျက်သင့်ကြောင်း Human Rights Watch အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ကလည်း တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် သေဒဏ်ပေးထားသော အမှုများသည် တံခါးပိတ်ပြီး စံချိန်မမီသော တရားခွင်များကချမှတ်သော ပြစ်ဒဏ်များဖြစ်ကြောင်း HRW က ထောက်ပြထားသည်။ အဆိုပါ တရားခွင်များသို့ မိသားစုဝင်များ၊ အများပြည်သူနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်နားထောင်ခွင့် မရရှိပေ။ စစ်တပ်ကြီးစိုးသော တရားစီရင်ရေးသည် အာဏာသိမ်းပြီးကတည်းက […]

ဆန္ဒပြသူတွေကိုတရုတ်အာဏာပိုင်တွေ ဘယ်လိုခြေရာခံပြီး ဖိနှိပ်နေသလဲ

Ba Maung

December 5, 2022

တရုတ်မှာ ဆန္ဒပြပွဲတွေ ရက်သတ္တပတ်ကြာ ပြုလုပ်ပြီးနောက် အာဏာပိုင်တွေဟာ ဦးဆောင်ဆန္ဒပြသူတွေကို နိုင်ငံတော်ပိုင် စောင့်ကြည့်ရေးကိရိယာ အစုံအလင်သုံးကာ ရှာဖွေဖော်ထုတ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ တင်းကျပ်လွန်းတဲ့ ကိုဗစ် မူဝါဒတွေကို ဆန္ဒပြဖို့ တနင်္ဂနွေနေ့က ဘေကျင်းကို သွားခဲ့တဲ့ အသက် ၂၀ အရွယ် မစ္စတာဂျန်(အမည်လွှဲ) ဟာ သူ့မျက်နှာကို မမြင်သာအောင် သူဟာ သိုးမွေးခေါင်းစွပ်နဲ့ မျက်မှန်အကြီးကြီးတစ်လက်နဲ့ အကျအန ပြင်ဆင်သွားခဲ့ပါတယ်။ ရဲတွေသတိထားမိလောက်ချိန်မှာ အနီးနားက ချုံပုတ်တွေမှာ အနွေးထည်အသစ်တစ်ထည် ပြောင်းလဲဝတ်ဆင်ပြီး မျက်ခြေဖြတ်ပစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရဲလက်က လွတ်လာတဲ့ ဒီလူငယ်ဟာ ထိုညမှာ အိမ်ကို ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ တကယ် မလွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်ရက်မှာ အာဏာပိုင်တွေက သူ့ဖုန်းကနေတစ်ဆင့် ဆက်သွယ်လာပြီး ဆန္ဒပြပွဲ ပြုလုပ်ရာ နေရာတွေမှာ […]

အင်အားတစ်သောင်းဖြင့် တိုက်ခိုက်မည်ဟု ဒုစရိုက်ဂိုဏ်းများကို အယ်ဆာဗေဒိုးသမ္မတ စစ်ကြေညာ

diz_admin

December 4, 2022

ရာဇဝတ်ဂိုဏ်းများကို အကြီးအကျယ်ဖြိုခွင်းနေသည့် စစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် အယ်ဆာဗေဒိုးနိုင်ငံ ဆိုယန်ပန်ဂိုမြို့တွင် စစ်အင်အားတစ်သောင်းအသုံးပြုကာ တိုက်ခိုက်မည်ဟု သမ္မတ နာရစ်ဘူကီလီ က ယနေ့ ကြေညာလိုက်သည်။ အဆိုပါ မြို့တော်သို့ သွားသည့် လမ်းများအားလုံးကို ပိတ်ချထားပြီး၊ အထူးတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း ဒုစရိုက်ဂိုဏ်းဝင်များကို လိုက်လံရှာဖွေလျက်ရှိသည်။ စစ်တပ်အရာရှိများက မြို့ကို ထွက်ခွါလာသူတိုင်းကို တားဆီးစစ်ဆေးကာ မှတ်ပုံတင် စာရွက်စာတမ်းများ ကို စစ်ဆေးလျက်ရှိသည်။ ယခုနှစ်အတွင်း အယ်ဆာဗေဒိုး နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်နေပြီးနောက် အစိုးရက ဒုစရိုက်ဂိုဏ်းများကို စစ်ပွဲဆင်နေခြင်း ဖြစ်သည်။ ဆိုယန်ပန်ဂိုမြို့သည် အယ်ဆာဗေဒိုးတွင် အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကာ လူဦးရေ နှစ်သိန်းကိုးသောင်း ရှိသည်။ အဆိုပါ မြို့သည် ဆန်ဆာဗေဒိုးမြို့တော်၏ ၁၃ ကီလိုမီတာသာ ကွာသော နေရာတွင် ရှိပြီး […]

စင်္ကာပူနှင့်နယူးယောက်ကို ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ်အကြီးဆုံး မြို့များအဖြစ်သတ်မှတ်

diz_admin

December 2, 2022

ကမ္ဘာ့စျေးအကြီးဆုံး မြို့တော်ကြီးများအဖြစ် နယူးယောက်နှင့် စင်္ကာပူစီးတီးတို့က ရပ်တည်လျက်ရှိကြောင်း Economist Intelligence Unit (EIU) စစ်တမ်းက ဖော်ပြထားသည်။ နယူးယောက်သည် စျေးအကြီးဆုံး မြို့စာရင်းတွင် ထိပ်ဆုံးက ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်က နေထိုင်မှုစရိတ်အမြင့်ဆုံး မြို့အဖြစ် သတ်မှတ်ခံရသည့် အစ္စရေးနိုင်ငံ တဲအဗစ်မြို့က တတိယနေရာတွင် ရပ်တည်နေခဲ့သည်။ တစ်ကမ္ဘာလုံး၏ ပျမ်းမျှနေထိုင်ရပ်တည်မှု စရိတ်များသည် ယခုနှစ်အတွင်း ၈ ဒသမ ၁ ရာခိုင်နူန်းအထိ မြင့်တက် လာခဲ့ကြောင်း EIU စစ်တမ်းအရ သိရှိရသည်။ ယူကရိန်း စစ်ပွဲနှင့် ကိုဗစ်သက်ရောက်မှုများက ကုန်ထုတ်လုပ်မှု လမ်းကြောင်းကို ထိခိုက်မှုများ ရှိခဲ့ကာ ယင်းကိစ္စက စျေးကြီးလာရခြင်း၏ အဓိက အချက်တစ်ခု ဖြစ်သည်။ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးကြုံရသည့် မြို့က တူရကီ၏ အစ္စတန်ဘူ ဖြစ်ကာ […]

ဆန္ဒပြပွဲများ အနှံ့အပြားဖြစ်ပြီးနောက် ကိုဗစ်တင်းကျပ်မှုများကို တရုတ်မြို့ကြီးနှစ်မြို့တွင် စတင်ဖြေလျော့

diz_admin

December 2, 2022

တရုတ်တွင် ကမ္ဘာ့အတင်းကျပ်ဆုံး ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ကန့်သက်ချက်များကို ဆန့်ကျင်ဆန္ဒပြနေ ကြရာ ဂွမ်ကျိုးပြည်နယ်တောင်ပိုင်းတွင် ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်အဓိကရုဏ်းဖြစ်ခဲ့ကြပြီးနောက် ဂွမ်ကျိုးနှင့် ချုံကင်းမြို့များတွင် တင်းကျပ်မှုများကို ဖြေလျော့လိုက်ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁ ရက်က စတင်ဖြေလျှော့ခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ ရှန်ဟိုင်း၊ ဘေဂျင်း စသည့် မြို့တော်ကြီးများအထိ ကူးစက်ခဲ့သော ဆန္ဒပြပွဲများသည် သမ္မတရှီကျင့်ဖျင်၏ ဩဇာအာဏာကို လူမြင်ကွင်းတွင် အံ့တုသည့် ပုံရိပ်များ ဖြစ်လာခဲ့သည်။ တရုတ် အနောက်တောင်ပိုင်း ချုံကင်းမြို့တွင် ကိုဗစ် ၁၉ လူနာများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်များတွင်သာ သီးခြားခွဲခြားနေခြင်းကို ခွင့်ပြုမည်ဟု မြို့တော်အာဏာပိုင်များက ပြောကြားခဲ့သည်။ ဟောင်ကောင်အနီးအနား ဂွမ်ကျိုးမြို့တွင် အလားတူ တင်းကျပ်မှုများကို ဖြေလျော့ပေးသည်ဟု ကြေညာ ထားကာ တိုင်းပြည်အနှံ့ […]

အီရန်အသင်း ကမ္ဘာ့ဖလားကထွက်ရလို့ အောင်ပွဲခံသည့် အီရန်နိုင်ငံသားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပစ်သတ်

diz_admin

December 1, 2022

အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လိုက်ရတာကို ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့တဲ့ အီရန်နိုင်ငံသားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်တာကို ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အီရန်ဟာ အုပ်စုအဖွင့်ပွဲ အင်္ဂလန်ကို ခြောက်ဂိုး နှစ်ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့ရကာ အရှက်တကွဲဖြစ်ခဲ့ရပြီး အုပ်စုဒုတိယပွဲစဉ်အရောက်မှာတော့ ဝေလကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ယူကာ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ်အဖြစ် နိုဝင်ဘာလ ၃၀ ရက်က ကစားရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အမေရိကန်ကို တစ်ဂိုး ဂိုးမရှိနဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာပါ။ အီရန်အစိုးရရဲ့ဖိနှိပ်မှုတွေကို ဆန့်ကျင်နေတဲ့ အီရန်ပြည်သူလူထုဟာ အင်္ဂလန်နဲ့ပွဲတုန်းက နိုင်ငံတော်သီချင်း မသီဆိုဘဲ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြခဲ့စဉ်က အီရန်ဘောလုံးအသင်းကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဝေလနဲ့ပွဲစဉ် အရောက်မှာ အီရန်နိုင်ငံတော်သီချင်းကို ကစားသမားတွေက ပြန်လည်သီဆိုလိုက်ကြတဲ့အတွက် အီရန်ဘောလုံးအသင်းဟာ အစိုးရဘက်သားတွေဖြစ်သွားပြီလို့ […]

ထိုင်းနိုင်ငံ လော့ဘူရီဒေသတွင် မျောက်စတုဒီသာပွဲတော် ပြုလုပ်

diz_admin

November 29, 2022

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသတွင် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော မျောက်များကို တည်ခင်းဧည့်ခံသည့် ပွဲကို ပြုလုပ်ခဲ့ရာ မျောက်များကြိုက်နှစ်သက်သည့် အစားအစာများကို တနင်္ဂနွေနေ့က ပြင်ဆင်ကျွေးမွေးခဲ့သည်။ စားပွဲထိုးပုံစံ ပြုလုပ်ထားသော မျောက်ရုပ်တုများက လင်ဗန်းများ ကိုင်ထားသည့်အရုပ်များကို တန်းစီချထားပြီး လင်ဗန်းများထဲတွင် မျောက်အစားအစာများ တည်ခင်းပေးခြင်း ဖြစ်သည်။ မျောက်သည် လော့ဘူရီပြည်နယ်၏ သင်္ကေတဖြစ်ပြီး သမိုင်းဝင် ရှေးဟောင်း ဘုရားသုံးဆူ အနားတွင် မျောက်စတုဒီသာ ပြုလုပ်ခြင်း ဖြစ်သည်။ မျောက်များစွာ လာရောက်စားသုံးကြပြီး လူအများအပြားလည်း လာရောက် လည်ပတ်ကြည့်ရှူကြသည်။ “မျောက်စတုဒီသာပွဲတော်ဟာ လော့ဘူရီပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးပါတယ်” လို့ ပွဲတော် တည်ထောင်သူ ယွန်ယုကစ်ဝါတာနူဆုန့် က ပြောကြားသည်။ ယနေ့အခါ လော့ဘူရီပြည်နယ်တွင် မျောက်ကောင်ရေ (၄၀၀၀) ခန့်အထိ နေထိုင်လျက်ရှိသည်။ “လော့ဘူရီ ဟာ မျောက်မြို့တော် […]