ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 10, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

February 8, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပနားမားတူးမြောင်းကို အမေရိကန် ပြန်ထိန်းချုပ်လို အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ထရမ့်တက်လာြပီးနောက်ပိုင်း ပနားမားတူးမြောင်းကို ပြန်ထိန်းချုပ်ဖို့ တောင်းဆိုနေပါတယ်။ ၁၉၉၉ ခုနှစ် ပနားမားနိုင်ငံ လက်ထဲ မပေးအပ်ခင် ရေလမ်းဆက်သွယ်ရေးအတွက် ဒီတူးမြောင်းကို အမေရိကန်က နှစ်ပေါင်းများစွာ အချိန်ယူဆောက်လုပ်စီမံခဲ့တာပါ။ ကိုလံဘီယာလက်အောက်ကနေ လွတ်လပ်ရေးရဖို့ ပနားမားကို အမေရိကန်က ကူညီခဲ့ပြီးနောက်၁၉၁၄ ခုနှစ်မှာ ပနားမားတူးမြောင်း တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြား အချိန်ကြာ သင်္ဘောမောင်းရတာတွေကိုလျှော့ချနိုင်ခဲ့ပါတယ်။ တူးမြောင်းစီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်မြင့်တာနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ တရုတ်က ပါဝင်ပတ်သတ်နေလို့ ထရမ့်က စိုးရိမ်တယ်လို့ ဆိုပြီး ပြန်ထိန်းချုပ်လိုနေတာ ဖြစ်ပါတယ်။ ပနားမားနိုင်ငံကတော့ ဒီကိစ္စကို ကန့်ကွက်ပြီး ကုလသမဂ္ဂကို တိုင်ကြားထားပါတယ်။ Ref: BBC ……………………………….. ထိုင်းဝန်ကြီးချုပ် တရုတ်သမ္မတနဲ့ တွေ့ဆုံ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်ညာငွေရှာနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံကို တရုတ်ဘက်က ချီးကျူးခဲ့တာပါ။ ထိုင်းအစိုးရအနေနဲ့လည်း ကဏ္ဍအသီးသီးမှာ တရုတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိတယ်လို့ ထိုင်းဘက်က ဆိုပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အထိပြေးမယ့် အမြန်မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လျှပ်စစ်ကားလုပ်ငန်းတွေကိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ Ref: REUTERS ……………………………….. ထိုင်ဝမ်အစိုးရဌာနများ DeepSeek မသုံးဖို့ တားမြစ် ထိုင်ဝမ်အစိုးရရုံးတွေမှာ တရုတ်ကုမ္ပဏီပိုင် DeepSeek AI နည်းပညာကို မသုံးကြဖို့ ဖေဖော်ဝါရီလ၃ ရက်နေ့မှာ တားမြစ်လိုက်ပါတယ်။ အစောပိုင်းတည်းက အသုံးမပြုသင့်ဘူးလို့ သတိပေးထားတာပါ။ သတင်းအချက်အလက်တွေလုံခြုံရေးအတွက် အစိုးရဌာနတွေမှာ DeepSeek အသုံးပြုမှု တားမြစ်လိုက်တယ်လို့ ဝန်ကြီးချုပ် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ DeepSeek ထဲ ဝင်သွားမယ့် အချက်အလက်တွေ တရုတ်အစိုးရလက်ထဲရောက်သွားမှာ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။ Ref: REUTERS ……………………………….. ဆွီဒင်မှာ စာသင်ကျောင်းပစ်ခတ်ခံရမှု အနည်းဆုံး ၁၀ ဦး သေဆုံး ဆွီဒင်နိုင်ငံက စာသင်ကျောင်းကျောင်းတစ်ကျောင်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေက နိုင်ငံမတူ၊ အသက်မတူ၊ လိင်မတူသူများဖြစ်တယ်လို့ အာဏာပိုင်တွေကဘက်က ဆိုပါတယ်။ သူတို့က ကျောင်းကို စာသင်ဖို့ လာတာဖြစ်ပြီး သေဆုံးဖို့ လာတာမဟုတ်ဘူးလို့ ကျောင်းသားမိဘတွေဘက်က တုံံ့ပြန်ထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ပစ်ခတ်သူဟာ ရာဇဝတ်မှုမှတ်တမ်းလည်း မရှိသလို ဘာဂိုဏ်းနဲ့မှလည်းအဆက်အသွယ်မရှိပါဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သေနတ်သမားက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပြီး ပစ်ခတ်ရတဲ့ အကြောင်းအရင်းတော့ မသိရသေးဘူးလို့ သိရပါတယ်။ Ref: CNN ……………………………….. ဖိလစ်ပိုင်ဒုသမ္မတကို အရေးယူဖို့ အောက်လွှတ်တော်ဆုံးဖြတ် ဖိလစ်ပိုင်ဒုတိယသမ္မတ စာရာ ဒူတာတေးကို အရေးယူဖို့ အောက်လွှတ်တော်က ဖေဖော်ဝါရီ ၅ရက်နေ့က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သူမက သမ္မတ ဖာဒီနန်မားကော့စ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှု၊ ပြည်သူပိုင်ဘဏ္ဍာငွေဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်ခဲ့မှုတွေနဲ့ ဒီဇင်ဘာလက စွဲချက်တင်ခံထားရသူပါ။ သူမ အနာဂတ် ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ အထက်လွှတ်တော်အမတ်တွေအပေါ်မူတည်နေပါသေးတယ်။ သူမကို ရာထူးကဖယ်ရှားပြီး အစိုးရတာဝန်ထမ်းဆောင်ခွင့် ရှိမရှိဆိုတာ အတည်ဖြစ်နိုင်ဖို့အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ ထောက်ခံမဲ လိုအပ်နေပါသေးတယ်။ သူမကတော့ စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။ […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 7, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဂါဇာမှ ပါလက်စတိုင်းများ ထွက်သွားရေးအတွက် အစ္စရေးစစ်တပ် အသင့်ပြင်

Dawei Watch

February 6, 2025

ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းအမြောက်အများ ထွက်ခွာသွားမည့် အစီအစဉ်အတွက် ပြင်ဆင်ထားရန် စစ်တပ်ကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ယနေ့ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။ ယင်းအစီအစဉ်တွင် ပါလက်စတိုင်းများအဖို့ ဂါဇာကမ်းမြောင်ဒေသမှ ကုန်းကြောင်းခရီးဖြင့် ထွက်ခွာနိုင်မည့် နည်းလမ်းများ၊ ရေကြောင်း၊ လေကြောင်းခရီးမှတစ်ဆင့် ထွက်ခွာနိုင်မည့် အထူးအစီအစဉ်များ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ပါလက်စတိုင်းများ ဂါဇာမှ ထွက်ခွာပြီး ကမ္ဘာပေါ်ရှိ နေရာပေါင်းစုံတွင် ရွှေ့ပြောင်းနေထိုင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရဲတင်းသည့် အဆိုပြုချက်ကို ထောက်ခံကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ ပါလက်စတိုင်းများအနေဖြင့် ဂါဇာသို့ တစ်နေ့ ပြန်လာနိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ ၎င်းက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။ ပါလက်စတိုင်းများ ထွက်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး လုပ်သွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က […]

အမေရိကန်ထောက်လှမ်းရေး စီအိုင်အေက ဝန်ထမ်းများ ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန်ကမ်းလှမ်း

Dawei Watch

February 5, 2025

အမေရိကန် ထောက်လှမ်းရေးဗဟိုဌာန(CIA)က ၎င်း၏ဝန်ထမ်းအားလုံးကို ပိုက်ဆံယူပြီး အလုပ်ထွက်ကြရန် အင်္ဂါနေ့က ကမ်းလှမ်းခဲ့ကြောင်း Wall Street Journal က ဖော်ပြထားသည်။ ဝန်ထမ်းအသစ် ခန့်အပ်မှုကိုပါ ရပ်နားလိုက်ကြောင်း CIA ညွှန်ကြားရေးမှူးဂျွန်ရက်ကလစ်ဖ်၏ အမည်မဖော်လိုသည့် လက်ထောက်တစ်ဦးကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ဦးစားပေးမူဝါဒများနှင့် လိုက်လျောညီထွေဖြစ်စေရန် CIA က ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အမေရိကန်၏ ရန်သူအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသည့် အနောက်အုပ်စုဝင်နိုင်ငံများကိုပါ CIA က ပိုပစ်မှတ်ထားလာတော့မည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် CIA ၏ ရည်မှန်းချက်အသစ်များတွင် မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ဖျက်ရေး ၊ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ်ကို အနိုင်ယူရေးတို့တွင် သမ္မတအား အထောက်အကူပြုရေးတို့ ပါဝင်သည်။ ဝန်ထမ်းများကို အလုပ်ထုတ်ပြီး […]

ဆွီဒင်နိုင်ငံတွင် အထက်တန်းကျောင်းကို သေနတ်ဖြင့်ဝင်ပစ်၊ အဆိုးရွားဆုံး အကြမ်းဖက်မှုဟု သုံးသပ်

Dawei Watch

February 5, 2025

ဆွီဒင်နိုင်ငံ ၊ အဲရာဘရူးမြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သံသယရှိလူသတ်တရားခံအပါအဝင် လူ ၁၁ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အခင်းဖြစ်ပွားရာ စာသင်ကျောင်းအပါအဝင် အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ၌ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကျောင်းသားများကို ရဲတပ်ဖွဲ့က ယာယီထိန်းသိမ်းထားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ဆွီဒင်နိုင်ငံတွင် ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်သည့် ပစ်ခတ်တိုက်ခိုက်မှု ၊ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် နှစ်စဉ် လူဒါဇင်နှင့်ချီ၍ သေဆုံးလေ့ရှိသော်လည်း ယခုတိုက်ခိုက်မှုမှာ ရှားပါးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ယင်းကို ခေတ်သစ်ဆွီဒင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်သတ်မှုဟု CNA သတင်းဌာနက ဖော်ပြထားသည်။ ပစ်ခတ်ရသည့်အကြောင်းအရင်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။ နော်ဒစ်အုပ်စုဝင်နိုင်ငံဖြစ်သည့် ဆွီဒင်သည် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနှင့် အကြွယ်ဝဆုံးနိုင်ငံများထဲမှ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။ Source: CNA

ဂါဇာကို အမေရိကန် သိမ်းပိုက်မည်ဟု ထရမ့်ပြော

Dawei Watch

February 5, 2025

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်သိမ်းပိုက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က မည်သူမျှထင်မှတ်မထားသည့် အဆိုပြုချက်တစ်ရပ်ကို အင်္ဂါနေ့က ပြုလုပ်လိုက်သည်။ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အရေးတကြီး ဆွေးနွေးရန် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသည့် အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကို လက်ခံတွေ့ဆုံစဉ် ထရမ့်က ယင်းသို့ အဆိုပြုလိုက်ခြင်း ဖြစ်သည်။ စစ်ပွဲဒဏ် အပြင်းအထန်ခံစားထားရသည့် ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးများ ထွက်ခွာပြီး အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့တွင် ပြောင်းရွှေ့နေထိုင်ကြရန်လည်း ထရမ့်က ထပ်မံတိုက်တွန်းခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးနှင့် ပါလက်စတိုင်းလူမျိုးများကပါ ထရမ့်၏ အဆိုပါတိုက်တွန်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်ထားကြပြီး ဖြစ်သော်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ Source : AFP/dy

Tik Tok ဆော့သည့် အမေရိကန်ဖွား ပါကစ္စတန်မိန်းကလေးကို ဖခင်ဖြစ်သူ ပစ်သတ်

Dawei Watch

February 4, 2025

ပါကစ္စတန်နိုင်ငံ၊ Quetta မြို့တွင် Tik Tok သုံးစွဲသည့် ဆယ်ကျော်သက် သမီးဖြစ်သူအား ဖခင်ဖြစ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ၁၅နှစ်အရွယ် သမီးဖြစ်သူ Tik Tok ပေါ် တင်ထားသည့် ဗီဒီယိုများကို မနှစ်မြို့သည့်အတွက် ဖခင်ဖြစ်သူ Anwar ul-Haq က ပြီးခဲ့သည့်သီတင်းပတ် အင်္ဂါနေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။ သမီးဖြစ်သူ၏ ဝတ်စားဆင်ယင်မှု၊ ဘဝနေထိုင်မှုဟန်ပန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးပုံစံတို့ကို သူမ၏ မိသားစုက မနှစ်မြို့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ကနဦးတွင် သမီးဖြစ်သူအား ပစ်သတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း မသိရကြောင်း ဖခင်ဖြစ်သူက လိမ်လည်ထွက်ဆိုခဲ့သေးသည်။ ၎င်းမိသားစုသည် အမေရိကန်နိုင်ငံတွင် ၂၅ နှစ်ကြာ နေထိုင်ခဲ့ပြီးမှ ပါကစ္စတန်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေးမှာ […]