တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
April 25, 2025ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၁၈ ရက်မှ ဧပြီလ ၂၅ ရက်အထိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန် သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဧပြီလ ၂၁ ရက်နေ့က ဗာတီကန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပုပ်ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို ဗာတီကန်က စိန့်ပီတာ ဘုရားကျောင်းကို သယ်ယူ၍ ဈာပနာနေ့အထိ ထားရှိထားမှာပါ။ ဝတ်ရုံနီ ဆင်မြန်းပြီး ခေါင်းတလားထဲမှာ ဖွင့်ပြထားတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကိုလည်း ဗာတီကန်ကနေ ထုတ်ပြန်ထားပါတယ်။ ခေါင်းမှာ ခေါင်းဆောင်းရှည် ဆောင်းပေးထားပြီး လက်မှာ လက်ဝါးကပ်တိုင်ပုံပါတဲ့ စိပ်ပုတီးထည့်ထားပေးပါတယ်။ စျာပနာပွဲကိုတော့ ကမ္ဘာတဝန်းက အစိုးရ အကြီးအကဲတွေ၊ မင်းဆွေမင်းမျိုးတွေအပါအဝင် ကက်သလစ် ဘာသာ၀င်တွေလည်း […]


