တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
December 29, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ အင်ဒိုနီးရှား စက်ရုံပေါက်ကွဲမှု အနည်းဆုံး ၁၈ ဦးသေဆုံး အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက နီကယ်သတ္တုထုတ်လုပ်တဲ့စက်ရုံမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ စက်ရုံအလုပ်သမား အနည်းဆုံး ၁၈ ဦးအထိ သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် နောက်ထပ် ၃၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တာပါ။ မနက် ၅ နာရီခွဲက စက်ရုံအလုပ်သမားတွေက သတ္တုကြိုတဲ့ မီးဖိုကို ပြင်နေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေက အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ မီးလောင်မှုကိုတော့ မနက် ၉ နာရီ […]