၂ နှစ်သမီးကို အိုးထဲထည့်လှော်ကာ အလောင်းဖျောက်သည့် မိခင်ကို စင်ကာပူတရားရုံးက ထောင် ၁၄ နှစ်ချ
Dawei Watch
February 8, 2024သေဆုံးသွားသော ၂ နှစ်အရွယ် သမီးကို အိုးထဲထည့် မီးနှင့်လှော်ကာ ၅ နှစ်ခွဲကျော် အလောင်းဖျောက်ခဲ့မှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ် ကျခံစေရန် စင်ကာပူတရားရုံးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အမိန့်ချလိုက်သည်။ သမီးကို သတ်ဖြတ်ခဲ့သော ဖခင်ဖြစ်သူကိုလည်း တရားရုံးက ထောင်ဒဏ် ၂၁ နှစ်ခွဲနှင့် ကြိမ်ဒဏ် ၁၈ ချက်ကို ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ချမှတ်ထားပြီးဖြစ်သည်။ ဆေးသုံးထားသော ဖခင်ဖြစ်သူက ကလေးကို ရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။ သေဆုံးသွားသော ကလေးကို အိုးထဲထည့် မီးဖြင့် လှော်ကာ သက်သေများကို ဖျောက်ဖျက်ရန် မိခင်နှင့်ဖခင်နှစ်ဦးစလုံးက ကြိုးစားခဲ့ကြသည်။ ယင်းနောက်မီးကျွမ်းနေသော အလောင်းပါ အိုးကို သေတ္တာထဲထည့် တိပ်နှင့်ပတ်ပြီး မီးဖိုအောက်တွင် အခြားသူများ သတိမထားမိစေရန် […]