တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
March 1, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ နှစ်နှစ်ကြာ စစ်ပွဲပြီးနောက် ရုရှားစစ်သား ၄ သိန်းကျော် သေဆုံးခဲ့ဟုဆို ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရုရှားက တစုံတရာ မှတ်ချက်ပေးတာတော့ မရှိသေးပါဘူး။ ရုရှားကျူးကျော်စစ် ၂ နှစ်ပြည့် ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာတော့ […]