ဆိုမာလီလန်းကို နိုင်ငံအဖြစ် အစ္စရေးက ကမ္ဘာ့ပထမဆုံး အသိအမှတ်ပြု
Dawei Watch
December 30, 2025အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ထားသော ဆိုမာလီလန်းဒေသကို နိုင်ငံအနေဖြင့် အစ္စရေးက ကမ္ဘာ့ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။ ယင်းမှာ ဆိုမာလီလန်းအတွက် ထူးခြားသော သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။ အစ္စရေးနှင့် ဆိုမာလီလန်းတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားသည်။ ယင်းမှာ “အေဘရာဟမ် သဘောတူညီချက်” နှင့် ကိုက်ညီကြောင်းလည်း ၎င်းက ပြောသည်။ အစ္စရေး၏ ထုတ်ပြန်ချက်မှာ ၎င်းတို့၏ အချုပ်အခြာအာဏာကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုမာလီယာအစိုးရ တုံ့ပြန်သည်။ အစ္စရေး၏ လုပ်ရပ်သည် တရားမဝင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ဆိုမာလီယာအစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဆိုမာလီလန်းသည် ၁၉၉၁ ခုနှစ်တွင် ဆိုမာလီယာမှ […]


