အီရန်အပေါ် ရက်သတ္တပတ်ချီ စစ်ဆင်ရေးဆင်နွှဲရန် အသင့်ပြင်နေဟု အမေရိကန်ဆို
Dawei Watch
February 14, 2026အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးလာလျှင် အီရန်ကို ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်မည့် စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန် အမေရိကန်စစ်ဘက်က ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းအခြေအနေမှာ အမေရိကန်နှင့် အီရန်အကြား ယခင်ကဖြစ်ပွားခဲ့ဖူးသည့် ပဋိပက္ခများထက် ပိုမိုပြင်းထန်လာနိုင်ဖွယ် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အဆိုပါ အမေရိကန်အရာရှိနှစ်ဦး၏ ထုတ်ဖော်ပြောဆိုမှုကြောင့် လက်ရှိ အမေရိကန်နှင့် အီရန်တို့ကြား လုပ်ဆောင်နေသည့် သံတမန်ရေးရာ ကြိုးပမ်းမှုများမှာ ပိုမိုစိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိလာခဲ့သည်။ အီရန်၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ သံတမန်လမ်းကြောင်း ပြန်လည်စတင်ရန် အမေရိကန်နှင့် အီရန်သံတမန် များသည် ပြီးခဲ့သည့်အပတ်က အိုမန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် သမ္မတထရမ့်က အမေရိကန်တပ်ဖွဲ့များ စုစည်းလိုက်ပြီးနောက် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ထပ်မံဖြစ်ပွားလာမည့်အရေး […]


