ဖူးခက်တွင် စပိဘုတ်အစီး ၂၀ မီးလောင်ပျက်စီး
Dawei Watch
January 7, 2026ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ချလောင်ကမ်းခြေတွင် စပိဘုတ် (အမြန်ရေယာဉ်) အစီး ၂၀ မီးလောင် ပျက်စီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီခန့်တွင် ချလောင်ကမ်းခြေတွင် ဆိုက်ကပ်ထားသော စပိဘုတ်တစ်စီး မီးစတင်လောင်ကျွမ်းခဲ့ပြီး လေပြင်းကြောင့် အခြားစပိတ်ဘုတ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်။ စပိဘုတ်များသည် နံနက်ပိုင်း ခရီးသည်ပို့ဆောင်နိုင်ရန် ဆီအပြည့်ဖြည့်ထားကြပြီး မီးစတင်လောင်ချိန်တွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဆိုသည်။ မီးကူးစက်မှု မရှိရေး မီးသတ်သမားများက အခြားစပိဘုတ် အများအပြားကို အမြန်ဆုံးနေရာပြောင်းရွှေ့နိုင်ခဲ့သော်လည်း မီးလောင်သည့် စပိဘုတ် အနီး ဆိုက်ကပ်ထားသော စပိဘုတ် အစီး ၁၉ မှာမူ လေပြင်းကြောင့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မီးသတ်တပ်ဖွဲ့က မီးကို အမြန် ငြှိမ်းသတ်ခဲ့ပြီး […]


