ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် ကာကွယ်ပြောဆို

Dawei Watch

February 26, 2026

ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကာကွယ်ပြောဆိုသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အစ္စရေးဘက်မှ ယုံကြည်ချက်အပြည့်အဝဖြင့် ရပ်တည်ကြောင်း ဝန်ကြီးချုပ်မိုဒီက အစ္စရေးပါလီမန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ အိန္ဒိယခေါင်းဆောင်တစ်ဦးက အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်းပြောကြားခြင်း ဖြစ်ပြီး အစ္စရေးအပေါ် အိန္ဒိယ၏ ကာလရှည်ထောက်ခံမှုကို အလေးပေးပြောဆိုခဲ့သည်။ “အိန္ဒိယဟာ အစ္စရေးဘက်က အခုအချိန်မှာရော နောင်အနာဂတ်ကာလမှာရော ခိုင်ခိုင်မာမာ ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်သွားမှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ တိုက်ခိုက်မှုကို အရိုင်းအစိုင်း လုပ်ရပ်အဖြစ် ၎င်းက အပြစ်တင်ရှုတ်ချခဲ့သည်။ အရပ်သားများကို သတ်ဖြတ်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကမျှ […]

အဏုမြူသဘောတူညီချက်ရရှိရန် နီးစပ်နေကြောင်း အီရန်ပြော

Dawei Watch

February 25, 2026

အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၄ရက်တွင် ပြောကြားသည်။ ဂျီနီဗာမြို့တွင် အမေရိကန်နှင့် အီရန်အကြား ဆွေးနွေးပွဲများ ပြန်လည် မစတင်မီ နှစ်ရက်အလိုတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် အမေရိကန်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေပြီး ကျောင်းသားဆန္ဒပြသူများကို အီရန်အစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဘတ်စ် အရတ်ဂ်ချီ၏ အဆိုပါ ပြောကြားချက် ထွက်ပေါ်လာခြင် းဖြစ်သည်။ “နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ပြီး ဘုံအကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမယ့် မကြုံစဖူး သဘောတူညီချက်တစ်ရပ် ရရှိဖို့အတွက် ကျွန်တော်တို့မှာ သမိုင်းဝင် အခွင့်အရေးရှိနေပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အရတ်ဂ်ချီက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ သံတမန်ရေးရာ […]

ထရမ့်က နိုင်ငံကိုလမ်းမှားသို့ ပို့ဆောင်နေကြောင်း အမေရိကန်အများစု ယူဆ

Dawei Watch

February 24, 2026

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း နိုင်ငံကို လမ်းမှားသို့ ဦးတည်ခေါ်ဆောင်နေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအများစုက ယူဆနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။ NPR သတင်းဌာနနှင့် PBS သတင်းဌာနတို့ ပါဝင်ပူးပေါင်းကောက်ယူသည့် လူထုသဘောထား စစ်တမ်းတစ်ခုက ယင်းသို့ ဖော်ပြခြင်း ဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားမည့် သမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း မတိုင်မီတစ်ရက်အလိုတွင် ယင်းစစ်တမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါ စစ်တမ်းအရ သမ္မတထရမ့်သည် နိုင်ငံကို ပိုမိုဆိုးရွားသည့်ဘက်သို့ ဦးတည်ပြောင်းလဲနေစေသည်ဟု အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅၅ ရာခိုင်နှုန်းက ခံစားနေကြရသည်။ ယင်းပမာဏသည် သမ္မတထရမ့်၏ ပထမသက်တမ်းမှ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။ နိုင်ငံ၏ အခြေအနေမှာ လွန်ခဲ့သည့် […]

မြောက်ကိုရီးယား အာဏာရပါတီခေါင်းဆောင်အဖြစ် ကင်ဂျုံအန်အား ထပ်မံရွေးချယ်

Dawei Watch

February 23, 2026

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသည့် အာဏာရအလုပ်သမားပါတီ၏ အမျိုးသားညီလာခံတွင် လက်ရှိထိပ်သီးခေါင်းဆောင် ကင်ဂျုံးအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်တင်မြှောက်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။ အဆိုပါ အမျိုးသားညီလာခံတွင် မြောက်ကိုရီးယား အဏုမြူစီမံကိန်းတိုးတက်အောင်မြင်မှုများကို ထုတ်ဖော်ဝင့်ကြွားခဲ့သည်။ မြောက်ကိုရီးယား၏ သံတမန်ရေးရာမှသည် စစ်ရေးစီမံကိန်းများအထိ လုပ်ငန်းစဉ်အရပ်ရပ်ကို ချမှတ်ပေးမည့် အဆိုပါ ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ တနင်္ဂနွေနေ့က အဆိုပါ ညီလာခံကို ထောင်ချီသည့် ပါတီထိပ်ပိုင်းခေါင်းဆာင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ညီလာခံသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားသည့် မြောက်ကိုရီးယား၏ နိုင်ငံရေးလည်ပတ်ပုံကို တွေ့မြင်နိုင်ခဲ့သည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ကင်ဂျုံအန်၏ အာဏာစက်ကို ပြသရာနေရာတစ်ခုအဖြစ် အများက ရှုမြင်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ညီလာခံကိုယ်စားလှယ်များက ကင်ဂျုံအန်အား ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့ကြပြီး စစ်ဘက်ဆိုင်ရာ […]

မလေးရှားတွင် အင်အားပြင်းငလျင် လှုပ်ခတ်

Dawei Watch

February 23, 2026

မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ်အနီး ပင်လယ်ပြင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်အစောပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၇.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ငလျင်တိုင်းတာရေး ပညာရှင်များက ဆိုသည်။ အဆိုပါ ငလျင်၏ ဗဟိုချက်မှာ ကိုတာကီနာဘာလူမြို့ (Kota Kinabalu) ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ မပြည့်သော နေရာတွင်ဖြစ်ပြီး မြေအောက်အနက် ၆၁၉.၈ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်သည်။ ငလျင်သည် ဒေသစံတော်ချိန် နံနက်အစောပိုင်း ၁၂ နာရီ ၅၇ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်သည့် အနက်မှာ အလွန်နက်သည့်အတွက် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြေ […]

ကန်တရားရုံးချုပ်က ဟန့်တားပြီးနောက် ကမ္ဘာလုံးဆိုင်ရာသွင်းကုန်စည်းကြပ်ခွန်အသစ် ထရမ့်ကြေညာ

Dawei Watch

February 21, 2026

ယခင် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်ခွန်များ တရားမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် ကမ္ဘာ့နိုင်ငံအားလုံးသို့ သွင်းကုန်စည်းကြပ်ခွန်အသစ် ၁၀ ရာခိုင်နှုန်း ပြင်ဆင်ချမှတ်ကြောင်း သမ္မတထရမ့်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကြေညာလိုက်သည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာသွင်းကုန်စည်းကြပ်ခွန်အသစ်သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသော်လည်း ဥပဒေကြောင်းအရ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ယခု သွင်းကုန်စည်းကြပ်ခွန်အသစ် ချမှတ်ရာတွင် သမ္မတထရမ့် အသုံးပြုထားသည့် ဥပဒေတွင် သမ္မတ သတ်မှတ်သည့် စည်းကြပ်ခွန်သည် ရက်ပေါင်း ၁၅၀ သာ အကျုံးဝင်သည်ဟု ကန့်သတ်ထားသည်။ သို့ရာတွင် သမ္မတထရမ့်က “ကျွန်တော်တို့ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ဆိုကာ ယင်းဥပဒေပါ ကန့်သတ်ချက်နှင့် ပတ်သက်သည့် မေးခွန်းကို ပယ်ချခဲ့သည်။ အစဉ်အလာအရ သွင်းကုန်စည်းကြပ်ခွန်ကဲ့သို့သော […]

ဂြိုဟ်သားနှင့် UFO ဆိုင်ရာ အစိုးရမှတ်တမ်းများကို ထုတ်ပြန်မည်ဟု ထရမ့်ဆို

Dawei Watch

February 20, 2026

ဂြိုဟ်သားများနှင့် အမည်မသိပျံသန်းဝတ္ထု (UFO) များဆိုင်ရာ အစိုးရမှတ်တမ်းများကို ထုတ်ပြန်ရန် ပင်တဂွန်စစ်ဌာနချုပ်နှင့် အခြားဖက်ဒရယ်အေဂျင်စီများကို ညွှန်ကြားသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ “လူထုရဲ့ စိတ်ဝင်စားမှု အလွန်မြင့်တက်နေတာကြောင့် ကမ္ဘာ့ပြင်ပသက်ရှိတွေ၊ အမည်မသိ ဝေဟင်ဖြစ်စဉ် (UAP) တွေနဲ့ အမည်မသိပျံသန်းဝတ္ထု UFO တွေအပြင် အင်မတန် ရှုပ်ထွေးနက်နဲပြီး အရေးကြီးတဲ့ဒီကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အစိုးရဖိုင်တွဲတွေကို ရှာဖွေထုတ်ပြန်ပေးဖို့ ကာကွယ်ရေးဝန်ကြီးနဲ့ အခြားသက်ဆိုင်ရာဌာနတွေကို ကျွန်တော် ညွှန်ကြားသွားမှာဖြစ်ပါတယ်” ဟု ထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါ မှတ်တမ်းဖိုင်တွဲများတွင် မည်ကဲ့သို့သော အချက်အလက်များ ပါဝင်နေပြီး မည်သည့်အချိန်တွင် ထုတ်ပြန်မည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပင်တဂွန်စစ်ဌာနချုပ်သည် မကြာသေးမီနှစ်များအတွင်း UFO ဖြစ်ရပ်အစီရင်ခံစာများကို […]

၁၅ ရက်အတွင်း အဏုမြူသဘောတူညီချက်ပေးရန် အီရန်ကို ထရမ့် သတိပေး

Dawei Watch

February 20, 2026

အီရန်အနေဖြင့် ၎င်း၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ ယင်းသို့ မလုပ်ဆောင်ပါက အင်မတန် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများကြောင့်ပိုမိုကျယ်ပြန့်သည့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေစဉ် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်၏ တိုက်ခိုက်မှုကို ခံရပါက အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်သည်။ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုများကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့လျက် ရှိသော်လည်း အီရန်အနေဖြင့် ခိုင်မာလေးနက်သည့် သဘောတူညီချက်တစ်ရပ် ရရှိအောင် လုပ်ဆောင်ရမည်ဟု […]