ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဟောင်ကောင်တွင် ကုန်တင်လေယာဉ် ပြေးလမ်းချော်ပြီး ဝန်ထမ်းနှစ်ဦးသေဆုံး

Dawei Watch

October 20, 2025

ဒူဘိုင်းမှ ပျံသန်းလာသည့် ကုန်တင်လေယာဉ်တစ်စင်း ဟောင်ကောင်လေဆိပ်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်း၌ ဆင်းသက်စဉ် ပြေးလမ်းမှ ချော်ထွက်ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ဘိုးအင်း ၇၄၇ ကုန်တင်လေယာဉ်သည် လုံခြုံရေးကင်းလှည့်ယာဉ်ကို ဝင်တိုက်မိကာ လေယာဉ်ရော လုံခြုံရေးကင်းလှည့်ယာဉ်ပါ ပင်လယ်ထဲ ပြုတ်ကျခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။ ယင်းမှာ ၂၅ နှစ်ကျော်ကာလအတွင်း ဟောင်ကောင်တွင် အဆိုးရွားဆုံး လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်သည်။ လေယာဉ်ပေါ်ရှိ လေယာဉ်ဝန်ထမ်းလေးယောက်စလုံးမှာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ရေထဲမှာ ဆယ်ယူလိုက်စဉ်ကတည်းက အသက်မရှူတော့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ လေဆိပ်ဝန်ထမ်းတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်။ မတော်တဆဖြစ်ပွားခဲ့သည့် […]

လေကြောင်း တိုက်ခိုက်ပြီးနောက် ဂါဇာတွင် အပစ်ရပ်ရေး ပြန်စနေပြီဟု အစ္စရေး ပြော

Dawei Watch

October 20, 2025

ဂါဇာတွင် အောက်တိုဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အပစ်ရပ်သဘောတူညီချက်ကို ပြန်လည် စတင်အကောင်အထည်ဖော်နေပြီဟု အစ္စရေးက ဆိုသည်။ အစ္စရေးက တနင်္ဂနွေနေ့တွင် ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂါဇာသို့ အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းကြောင်း အစ္စရေးဘက်က ကြေညာပြီးနောက်တွင် ယင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ငယ်၊ တင့်ကား ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် […]

ကမ္ဘောဒီးယားမှ ပြန်ပို့လိုက်သည့် နိုင်ငံသားများကို တောင်ကိုရီးယား အာဏာပိုင်များ ဖမ်းဆီးထား

Dawei Watch

October 18, 2025

အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်မှု သံသယဖြင့် ကမ္ဘောဒီးယား အာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းကာ နိုင်ငံပြန်ပို့လိုက်သည့် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယား အစိုးရကလည်း ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်။ အဆိုပါနိုင်ငံသားများကို ကမ္ဘောဒီးယားက ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားအာဏာပိုင်များကလည်း ရာဇဝတ်မှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ အဆိုပါ တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးမှာ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်နေကြောင်း၊ ငွေလိမ်စင်တာများတွင် မိမိဆန္ဒအလျောက် ပါဝင်ပတ်သက်ခဲ့ကြသူများရော၊ မိမိဆန္ဒနှင့် ဆန့်ကျင်၍ ပါဝင်ပတ်သက်ခဲ့ရသူများပါ ပါဝင်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က ပြောသည်။ ၎င်းတို့ကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးရန် သဘောတူညီမှုသည် “အွန်လိုင်းငွေလိမ်မှုများကို နှိမ်နှင်းရာတွင် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ကောင်းမွန်သော […]

လက်ရှိထိန်းချုပ်နယ်မြေအတိုင်း ယူကရိန်းစစ်ကို ရပ်တန့်ရန် ထရမ့်ပြော

Dawei Watch

October 18, 2025

ယူကရိန်းစစ်ပွဲကို လက်ရှိတိုက်ပွဲထိန်းချုပ်နယ်မြေအတိုင်း လက်ခံပြီး ရပ်တန့်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။ သောကြာနေ့က အိမ်ဖြူတော်တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်တွင် ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နာရီများစွာ ကြာမြင့်ခဲ့သည့် အဆိုပါ အိမ်ဖြူတော်တွေ့ဆုံမှုအတွင်း သမ္မတထရမ့်နှင့် သမ္မတဇလန်းစကီးတို့အကြား ယူကရိန်းစစ်ပွဲ၏ အနာဂတ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ဆွေးနွေးပွဲမှာ တဲ့တိုးပြောဆိုမှုများနှင့် တင်းမာမှု ရှိခဲ့ပြီး ရံဖန်ရံခါ စိတ်ကသိကအောက်ဖြစ်စရာများ ကြုံခဲ့ရသည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ကြောင်း နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဖော်ပြသည်။ လက်ရှိအချိန်တွင် ယူကရိန်းအနေဖြင့် ၎င်းတို့ တောင်းဆိုထားသည့် ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်သည့် တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကို […]

ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် ပူတင်နှင့် ဟန်ဂေရီတွင်တွေ့မည်ဟု ထရမ့်ပြော

Dawei Watch

October 17, 2025

ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် လာမည့်ရက်သတ္တပတ်နှစ်ပတ်ခန့် အတောအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဟန်ဂေရီတွင် တွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၆ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ကြာသပတေးနေ့တွင် ပူတင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပူတင်နှင့် ဖုန်းပြောဆိုမှုမှာ အကျိုးဖြစ်ထွန်းမှုရှိကြောင်းလည်း ထရမ့်က ပြောသည်။ သမ္မတထရမ့်သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံသွားရန် ရှိသည်။ လက်ရှိအချိန်တွင် ယူကရိန်းနှင့် ရုရှားအကြား အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်နေကြပြီး နေတိုးအဖွဲ့မှာလည်း ရုရှား၏ လေကြောင်းကျူးကျော်မှုတွေကို တုံ့ပြန်ရန် ရုန်းကန်နေရသည်။ အဆိုပါ နောက်ခံအခြေအနေများအကြားတွင် ယူကရိန်းသမ္မတအနေဖြင့် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ပိုမိုရရှိရေး တွန်းအားပေးတောင်းဆိုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ယနေ့ […]

တောင်ကိုရီးယားက ကမ္ဘောဒီးယားဒေသအချို့ကို အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့် ထုတ်ပြန်

Dawei Watch

October 17, 2025

တောင်ကိုရီးယားအစိုးရက ၎င်းတို့ နိုင်ငံသားများအတွက် ကမ္ဘောဒီးယားရှိ ဒေသအချို့ကို မသွားရောက်ရန် အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့်ကို အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ လုပ်ခလစာ အများအပြားရရှိမည်ဟုဆိုကာ လိမ်လည်လှည့်ဖျား၍ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာတစ်ခုတွင် အလုပ်ခိုင်းစေခံရသော တောင်ကိုရီးယားကျောင်းသားမှာ ညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ် မကြာသေးမီက ပေါ်ထွက်လာခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရ၏ အဆိုပါ ခရီးသွားလာမှုတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသားသေဆုံးမှုနှင့် ဆက်စပ်ပြီး တောင်ကိုရီးယားနိုင်ငံသားများကိုကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများက ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားအစိုးရအား တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်းခဲ့သည်။ လိမ်လည်လှည့်ဖျားခေါ်ဆောင်ခံရပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အလုပ်လုပ်ကိုင်နေရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်လွတ်မြောက်လာရေး ဆောင်ရွက်ရန် ထိပ်တန်းအရာရှိအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားသို့ စေလွှတ်လိုက်သည်။ အဆိုပါ အဖွဲ့ကို […]

စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေဟု သမ္မတမာဒူရို ပြော

Dawei Watch

October 16, 2025

အမေရိကန် စီအိုင်အေက ဗင်နီဇွဲလားတွင် အာဏာသိမ်းရန် ကြိုးပမ်းနေကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုက ပြင်းပြင်းထန်ထန် အပြစ်တင်ဝေဖန်လိုက်သည်။ ဗင်နီဇွဲလားနိုင်ငံတွင် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်ရန် စီအိုင်အေ (CIA) ကို ခွင့်ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်ပြီးနောက် သမ္မတမာဒူရိုက ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ သမ္မတနီကိုလတ်စ်မာဒူရို၏ ဗင်နီဇွဲလားအစိုးရအပေါ် ထရမ့်အစိုးရက ဖိအားပေးမှု အရှိန်အဟုန် မြင့်တက်လာခြင်းကို ဖော်ပြနေကြောင်း The Guardian သတင်းစာက ဖော်ပြသည်။ ဗင်နီဇွဲလားပိုင်နက်တွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်းလည်း ထရမ့်က ထပ်မံ ပြောဆိုခဲ့သည်။ ယင်းမှာ မကြာသေးမီက ကာရစ်ဘီယန်ပင်လယ်အတွင်း ဗင်နီဇွဲလားလှေများကို မူးယစ်ဆေးဝါး တင်ဆောင်လာသည် စွပ်စွဲကာ လူသေသည်အထိ တိုက်ခိုက်မှုများထက် ပိုမိုပြင်းထန်လာသည့် ထရမ့်အစိုးရ၏ […]

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ယာယီအပစ်ရပ်

Dawei Watch

October 16, 2025

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် အောက်တိုဘာလ ၁၅ ရက်က သဘောတူလိုက်ပြီဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့် အရပ်သား ၁၀ ဦးကျော် သေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သဘောတူခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း နှစ်နိုင်ငံ အငြင်းပွား နယ်စပ်တလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း အစ္စလာမ္မစ်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး တိုက်ခိုက်မှုများ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ ပါကစ္စကန်နိုင်ငံအတွင်း တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသည့် စစ်သွေးကြွများအား ထိန်းကွပ်ရန် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအား ပါကစ္စတန်အစိုးရက တောင်းဆိုခဲ့သည်။ အဆိုပါ စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ခိုလှုံကာ […]