ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်ဝမ်နှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းနေဟု အမေရိကန်ကြေညာ

diz_admin

August 18, 2022

ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့ပြီးနောက် သီတင်းပတ်များ အကြာတွင် ထိုင်ဝမ်နှင့် တရားဝင်ကုန်သွယ်ရေး ညှိနိူင်းမှုများ ဆောင်ရွက်နေကြောင်း အမေရိကန်ဘက်က ကြေညာခဲ့သည်။ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲကို ဆောင်းရာသီ အစောပိုင်းတွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားသည်။ အမေရိကန်-ထိုင်ဝမ် တရားဝင် ဆွေးနွေးရာတွင် ကုန်သွယ်ရေး ချောမွေ့စေရန် စိစဉ်ခြင်း၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့ ပါဝင်မည်ဖြစ်သည်။ ထိုင်ဝမ်သို့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌသွားရောက်ခဲ့ပြီးနောက် အမေရိကန် တရုတ် ဆက်ဆံရေးက တင်းမာနေလျက်ရှိသည်။ အမေရိကန်နှင့် ထိုင်ဝမ် ကုန်သွယ်ရေး အခင်းအကျင်းအသစ်ကို ပြီးခဲ့သည့် ဇွန်လ က စတင်ဖွင့်လှစ်ခဲ့ပြီး အပြန်အလှန်သဘောတူညီမှုများ တိုးတက်ဖြစ်ထွန်းနေသည်ဟု နှစ်ဖက်လုံးက ပြောကြားထားသည်။ အမေရိကန်နှင့် ထိုင်ဝမ်ကြား ကုန်သွယ်မှု တန်ဖိုး […]

ဆေးခြောက်ထုတ်လုပ်ရေးနှင့် တောခွေးဝှေးစေ့ တရုတ်ပို့ရေးအစီအစဉ်ဖြင့် ကင်ညာသမ္မတလောင်းမဲဆွယ်

diz_admin

August 17, 2022

ကင်ညာ သမ္မတရွေးကောက်ပွဲတွင် ထိပ်သီးသမ္မတလောင်းနှစ်ဦးက ဦးဆောင်နေပြီး တတိယနေရာက လိုက်နေသူသည် တိုင်းပြည်စီးပွါးရေးပြဿနာ ဖြေရှင်းရန်အတွက် ဆေးခြောက်ထုတ်လုပ်ရေးကို မဟာဗျူဟာ ကျကျ ဆောင်ရွက်ရန်နှင့် အာဖရိကတောခွေး ဟိုက်အီးနား များ၏ ဝှေးစေ့ကို နိုင်ငံခြားသို့ တင်ပို့ရန် အစီအစဉ်များ ချပြမဲဆွယ်လျက် ရှိသည်။ သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ခဲ့ရာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ နှင့် ဒုတိယသမ္မတ ဝီလီယမ်ရူတို တို့က ပြိုင်ဆိုင်မှု ပြင်းထန်စွာ ဦးဆောင်နေလျက်ရှိသည်။ တတိယနေရာက လိုက်နေသော ရက်ဂေးအနုပညာရှင် သမ္မတလောင်း ဂျော့ဝါဂျက်ကိုရာ ကမူ တိုင်းပြည်၏ ကြွေးမြီပြဿနာကို ဖြေရှင်းမည့် ကိုယ်ပိုင်နည်းလမ်းဖြင့် မဲဆွယ်လျက်ရှိသည်။ နိုင်ငံရေးသမားများ ကိုင်တွယ်ရန် ပျက်ကွက်လျက်ရှိသော အကျင့်ပျက်ခြစားမှု၊ ငွေဖောင်းပွမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု တို့ကို […]

မလေးရှားတွင် မြန်မာနိုင်ငံကဒုက္ခသည်များကို ပြည်ပရန်ပုံငွေဖြင့် ကျွမ်းကျင်လုပ်သားသင်တန်းပေးမည်

diz_admin

August 15, 2022

မြန်မာနိုင်ငံက ဒုက္ခသည်များကို ပြည်ပက လှူဒါန်းသည့် ရန်ပုံငွေဖြင့်သာ မလေးရှားအစိုးရက အလုပ်အကိုင်ကျွမ်းကျင် သင်တန်းပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ဖိုရမ်တစ်ခုတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာရီ ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က နေပြောကြားသည်။ ဒုက္ခသည်များအနေဖြင့် လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော အရည်အချင်းများ မရှိသည့်အတွက် အလုပ်မရနိုင် ဖြစ်နေကာ ၎င်းတို့ကို ကျွမ်းကျင်သင်တန်းပို့ချရာတွင်လည်း ပြည်ပရန်ပုံငွေကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ယင်းသို့ သင်တန်းပေးရာတွင် ပြည်သူများ၏ အခွန်ငွေများ မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။ “စားသောက်ဆိုင်တွေ၊ စက်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်တွေရှိနေပေမယ့် မြန်မာဒုက္ခသည်တွေအနေနဲ့က လုပ်ငန်းကျွမ်းကျင်မှု မရှိနေသေးလို့ အလုပ်ရှင်တွေက အလုပ်မခန့်ချင်ကြဘူး” ဟု ဝန်ကြီးက ပြောဆိုကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 12, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရုရှားကို စစ်သားတစ်သိန်းစစ်ကူနိုင်တယ်လို့ မြောက်ကိုရီးယားဆို ယူကရိန်းကိုတိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားကနေ စစ်သားတစ်သိန်း စေလွှတ်ပေးမယ်လို့ ကမ်းလှမ်းထားသလို မြောက်ကိုရီးယားရဲ့ စစ်ရေးအတွေ့အကြုံ ပြည်စုံတာကိုလည်း ရုရှားဘက်က ချီးကျူးတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းစာကနေ သိရပါတယ်။ ယူကရိန်းရဲ့ ဖက်ဆစ်ဝါဒ ကို ဆန့်ကျင်တိုက်ဖျက်ဖို့ မြောက်ကိုရီးယားက တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒရှိရင် ခွင့်ပြုသင့်ပါတယ်လို့လည်း ရုရှားစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Korotchenko က ဆိုထားပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအင်အားအကြီးဆုံးစစ်တပ်ဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း ၁ ဒသမ ၃ သန်းနီးပါးရှိတယ်လို့ ဆိုကြပါတယ်။ Ref: WION ဒေါ်နယ်ထရမ့်၏ အိမ်ကို […]

ပြင်သစ်နိုင်ငံတွင် ဧရာမ တောမီးကြီးလောင်ကျွမ်း၊ မီးသတ်အင်အား ၁၀၀၀ ဖြင့် ငြှိမ်းသတ်နေရ

diz_admin

August 11, 2022

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးဒေသတွင် ဧရာမ တောမီးကြီး လောင်ကျွမ်းလျက်ရှိရာ မီးသတ်အင်အား တစ်ထောင်ကျော်ကို အသုံးပြုကာ ငြှိမ်းသတ်နေရကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါတောမီးသည် အလွန်ကြီးမားသောကြောင့် တောအုပ်နယ်မြေ ဧက တစ်သောင်းခုနှစ်ထောင်သုံးရာ ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ “ဒီတောမီးက သတ္တဝါဆိုး ဘီလူးကြီးလိုပါပဲ” လို့ မီးသတ်ဌာန ကိုယ်စားလှယ် ဂရီဂိုရီအလီယိုနီ က ပြင်သစ်ရေဒီယိုကို ပြောကြားခဲ့သည်။ မီးသတ်တပ်ဖွဲ့က ကြိုးစားငြှိမ်းသတ်လျက်ရှိသော်လည်း လေတိုက်နူန်းမြင့်မားခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့် မီးသတ်လုပ်ငန်းများ ခရီးမတွင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဩစတီးယား၊ ဂျာမနီ၊ ဂရိ၊ ပိုလန် နှင့် ရိုမေးနီးယား မီးသတ်များက လာရောက်ကူညီနေသည်ဟု ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် က ပြောကြားသည်။ ဥရောပဒေသက တသားတည်း လာရောက်ကူညီသည်ဟု ဆိုသည်။ အပူချိန်မြင့်မားခြင်း၊ […]

ထိုင်းတွင် ကားတိုက်မှုကြောင့်သေဆုံးသော တရားမဝင် မြန်မာလုပ်သားလေးဦးအတွက် လျော်ကြေးဘတ် ၂သန်းရ

diz_admin

August 11, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုကြောင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမားလေးဦး အတွက် လျော်ကြေးငွေ ဘတ် ၂ သန်းကို ဩဂုတ်လ ၁၀ ရက်နေ့တွင် လက်ခံရရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလတွင် ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသ အမှတ် (၃၂၃) လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ကားတိုက်မှု၌ သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် ဘတ် ၅ သိန်းစီ လျော်ကြေးရခြင်းဖြစ်ကြောင်း ယင်းရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ ကားအာမခံအတိုင်း လျော်ကြေးငွေ ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကားတိုက်မှုတွင် သေဆုံးသွားသူ မြန်မာ ငါးဦးရှိသည့်အနက် လေးဦးမှာ အထောက်အထားအချက်အလက် ပြည့်စုံသဖြင့် ကားတိုက်မှုဖြစ်ပြီး ခြောက်လအကြာတွင် ၎င်းတို့အတွက် လျော်ကြေးငွေရရှိသော်လည်း ကျန်တစ်ဦးမှာ အချက်အလက်ကို ပြည့်ပြည့်စုံစုံ မရသေးဖြင့် […]

အီဂျစ်၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေး- ဂါဇာ (ပါလက်စတိုင်း) အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်များ တိုးတက်

diz_admin

August 8, 2022

သုံးရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသော ဖြစ်စဉ်အပြီးတွင် အစ္စရေး နှင့် ဂါဇာဘက်မှ စစ်သွေးကြွများ၏ အပစ်အခတ်ရပ်စဲမှု စတင် အသက်ဝင်လာခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းအရ သိရှိရသည်။ အီဂျစ်ဘက်မှ ညှိနိူင်းပေးသူများ၏ ကြားဝင်စေ့စပ်မှုအရ အပစ်အခတ်ရပ်စဲရေးသည် ဒေသ စံတော်ချိန် ည (၁၁)နာရီတွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ် (PIJ) က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဝန်ကြီးချုပ် ယီရာလာပစ်၏ ရုံးကလည်း အတည်ပြုပေးထားသည်။ ရော့ကတ်များဖြင့် ပစ်ခတ်မှုကြောင့် ဂါဇာဒေသအတွင်းရှိ PIJ အစ္စလာမ်မစ်ဂျီဟတ် များကို ဦးတည်သော တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က အတည်ပြုထားသည်။ အစ္စရေးက PIJ တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် တစ်ယောက်ကို အနောက်ဘက်ကမ်း ဒေသတွင် ဖမ်းဆီး လိုက်သည်။ အစ္စရေးဘက်မှ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

August 6, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ အယ်လ်ခိုင်ဒါခေါင်းဆောင်ကို သုတ်သင်လိုက်ပြီလို့ သမ္မတ ဂျိုးဘိုင်ဒင် ကြေညာ အယ်လ်ခိုင်ဒါအဖွဲ့ခေါင်းဆောင် အိုင်မန်းအယ်လ်ဇာဝါဟီရီ (Ayman al-Zawahiri) ကို ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း သုတ်သင် နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ်လ ၁ ရက်နေ့မှာ အိမ်ဖြူတော်ကနေ ကြေညာလိုက်ပါတယ်။ အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ယခင်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သုတ်သင်ပြီး ဆယ်စုနှစ်တစ်ခုကျော်အ ကြာမှာ ဒီတိုက်ခိုက်မှုကို အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်ကို သုတ်သင်ပြီးတဲ့နောက် ခေါင်းဆောင်ဖြစ်လာတဲ့ အယ်လ်ဇာဝါ ဟီရီဟာ ပုန်းအောင်းနေတဲ့နေရာကို သတင်းအတိအကျပေးနိုင်ရန် ဒေါ်လာ ၂၅ သန်း […]