ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည်ဖျော်ဆရာမ တစ်နာရီအတွင်း ဘယ်နှစ်ခွက် ဖျော်နိုင်ခဲ့သလဲ
diz_admin
October 19, 2022အခုတစ်ခေါက်ဖော်ပြပေးမယ့် သတင်းကတော့ ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည် ဖျော်ဆရာ အကြောင်းဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဖျော်ဆရာမ လို့ ပြောရမယ်။ တောင်အာဖရိကသူ အမျိုးသမီး တီးမာစတာ တစ်ဦးဟာ ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည်ဖျော်ဆရာ အဖြစ် ဂင်းနစ်မှတ်တမ်း စံချိန်တင်သွားခဲ့ပါတယ်။ သူမဟာ တစ်နာရီအတွင်းမှာ လက်ဖက်ရည် ၂၄၉ ခွက် ဖျော်ပြနိုင်ခဲ့ပြီးတော့ ကမ္ဘာ့စံချိန်တင်သွားတာ ဖြစ်ပါသတဲ့။ အင်ဂါဗင်လန်တိုင်း လို့ အမည်ရတဲ့ အမျိုးသမီးဟာ တောင်အာဖရိကနိုင်ငံထွက် အနီရောင် လက်ဘက်ရွက် ကနေထုတ်တဲ့ လက်ဖက်ရည်ကို ဖျော်ပြခဲ့တာ ဖြစ်ပါတယ်။ စံချိန်ချိုးရင်း ထွက်ရှိလာတဲ့ လက်ဖက်ရည်တွေကို ဒေသခံ ကျောင်းသားတွေနဲ့ အနီးအနားနေထိုင်သူများကို တည်ခင်း ဧည့်ခံခဲ့ပါသတဲ့။ တစ်နာရီအတွင်း ခွက်ရေ ၁၅၀ ဖျော်နိုင်မယ်ဆိုရင် စံချိန်တင်နိုင်မယ်လို့ ဂင်းနစ်စံတော်ချိန်က သတ်မှတ် ခဲ့သလို ဖျော်ဆရာမအင်ဂါ က ခွက် ၁၇၀ အထိ သူဖျော်နိုင်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ […]


