ဆန္ဒပြပွဲ ပစ်ခတ်ခံရ၍ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရ၊ တစ်ဦးသေဆုံး
diz_admin
November 4, 2022ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရမ်ခန်းသည် အရှေ့ပိုင်းမြို့ဖြစ်သော ဝါဇီရာဘတ်တွင် ချီတက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်နေစဉ် သေနတ်ပစ်ခတ် တိုက်ခိုက်ခံရမှုကြုံခဲ့ရကာ ခြေထောက်တွင် ဒဏ်ရာရသွားပြီး လူတစ်ဦး သေဆုံးကြောင်း BBC သတင်းက ဖော်ပြထားသည်။ ကျည်ဆန်များက ၎င်း၏ ကားကို ထိမှန်ခဲ့ရာမှ ထိုကဲ့သို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ လူတစ်ဦး သေဆုံးကာ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ခြင်းဟု သတ်မှတ်ထားသော အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အကြောင်းရင်းကြောင့် ဆောင်ရွက်သည် ဆိုသည်ကို တာဝန်ရှိသူများက မှတ်ချက် မပေးသေးပေ။ ဝန်ကြီးချုပ်ဟောင်း ပါဝင်သော ဆန္ဒပြပွဲသည် ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် တောင်းဆိုနေခြင်း ဖြစ်သည်။ အသက် (၇၀) ရှိပြီဖြစ်သော မစ္စတာခန်းက ချီတက်ပွဲကို ဦးဆောင်ပြီး မြို့တော် အစ္စလာမ်မာဘတ်ကို ဦးတည်ပြီး […]


