“ငါတို့ဘီယာ ငါတို့ပြန်ပေး” လို့ ပွဲကြည့်စင်ပေါ်ထက်က ကြွေးကြော်ပြီး ကာတာကိုဆန္ဒပြ
diz_admin
November 21, 2022ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာကို အီကွေဒေါက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တဲ့ပွဲစဉ်အတွင်း ကာတာပရိသတ်တွေဟာ ပွဲကြည့်စင်ထက်ကနေ “ငါတို့ဘီယာ ငါတို့ပြန်ပေး”လို့ ကြွေးကြော်အော်ဟစ်က ဆန္ဒထုတ်ဖော်သွားတယ်လို့ သိရပါတယ်။ အီကွေဒေါပရိသတ်တွေဟာ စပိန်ဘာသာစကားနဲ့ queremos cerveza လို့ ပြိုင်တူညီညာ ကြွေးကြော်အော်ဟစ်ခဲ့ကြပြီး ဒီစကားလုံးကို အင်္ဂလိပ်နဲ့ ဘာသာပြန်ရင် We Want Beer၊ မြန်မာစကားနဲ့ ဆီလျော်အောင် ဘာသာပြန်ရင် ငါတို့ဘီယာ ငါတို့ပြန်ပေးလို့ အနက်ရရှိကြောင်း သတင်းကြားသိရပါတယ်။ ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာတင် စံချိန်သစ်တစ်ခု တင်ရှိလိုက်နိုင်ပြီး အဲ့ဒီစံချိန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဖွင့်ပွဲမှာ အရှုံးရလဒ်ကို ပထမဆုံးကြုံရတဲ့ အိမ်ရှင်အသင်းဆိုတာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခဲ့တဲ့ ၉၂ နှစ်သက်တမ်းကာလအတွင်း ကာတာဟာ အုပ်စုအဖွင့်ပွဲကို ပထမဆုံးရှုံးနိမ့်လိုက်ရတဲ့ အိမ်ရှင်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ခြေစွမ်းပိုင်းဆိုင်ရာမှာလည်း ကာတာက အီကွေဒေါကို […]


