ထိုင်းဝန်ကြီးချုပ်ကို တာဝန်မှ ဆိုင်းငံ့
diz_admin
August 24, 2022ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၄) နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်၍ တာဝန်မှ ဆိုင်းငံ့လိုက်သည်။ ဝန်ကြီးချုပ် ပရာယွတ် အစိုးရလက်ထက်၌ ပြဋ္ဌာန်းထားသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်၍ တာဝန်ထမ်းဆောင်ခွင့် မရှိဟု ဖော်ပြထားသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန်ယူခြင်းဖြစ်သဖြင့် ယမန်နေ့ ညအချိန်တွင် တာဝန်ထမ်းဆောင်မှု ၈နှစ် သက်တမ်းပြည့်ပြီဖြစ်ရာ ရာထူးမှ ရပ်ဆိုင်းပေးရန် အတိုက်အခံ လွှတ်တော်အမတ်များက တောင်းဆိုစာကို လွှတ်တော်ပါလီမာန်မှ တရားရုံးသို့ ပေးပို့လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားမှုကို အခြေခံဥပဒေတရားရုံးမှ ခုံရုံးတရားသူကြီး ကိုးဦးပါဝင်သည့်အဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅ […]