ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 30, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့လို့ ပြင်သစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပါရီမြို့တော်နားမှာ နာဟဲလ်အမ်လို့ သိရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ ကားထဲမှာ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။ ရဲတွေက လမ်းမှာ ယာဉ်စည်းကမ်းစစ်ဆေးစဉ် ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ပြင်သစ် ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အုံကြွ ဆန္ဒပြမှုတွေဆီ ဦးတည်သွားစေခဲ့ပါတယ်။ ဇွန် […]

ထိုင်းလေဆိပ်တွင် ခရီးသည်တစ်ဦး ရွေ့လျားစက်လှေကားညပ်သဖြင့် ခြေထောက်တစ်ဖက်ဆုံးရှုံး

Dawei Watch

June 29, 2023

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလူသွားလမ်းတစ်ခုတွင် မတော်တဆဖြစ်ပြီး အမျိူးသမီးခရီးသည်တစ်ဦး ခြေထောက်ညပ်သွားကာ ဘယ်ဘက်ခြေထောက် အောက်ပိုင်း၏ ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယင်း မတော်တဆမှုမှာ ဒွန်မောင်း လေဆိပ်၏ ပလက်ဖောင်း နံပါတ် (၄) နှင့် (၅) အကြားရှိ တောင်ဘက် စင်္ကြံတွင် ယနေ့ (ဇွန် ၂၉) နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လေဆိပ်စီမံခန့်ခွဲရေးမှ သိရသည်။ အဆိုပါခရီးသည်မှာ ဘန်ကောက်မြို့မှ နိုင်ငံ၏ တောင်ပိုင်း ၊ နခွန်ဆီထမ်မာရတ်သို့ သွားရောက်ရန် လေဆိပ်သို့ ရောက်လာခြင်းဖြစ်သည်။ လေဆိပ်အတွင်းရှိ ရွေ့လျားလူသွားလမ်းပေါ်တွင် သွားနေစဉ် စက်မှာအောက်သို့ကျွံဝင်သွားပြီး သူမ၏ ဘယ်ဘက်ခြေထောက်မှာ စက်ယန္တရားထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒွန်မောင်းလေဆိပ်၏ ဒါရိုက်တာ Karant Thanakuljeerapat က မီဒီယာများကို ဖြေကြားခဲ့သည်။ သူမ ကို ဆေးကုသမှု […]

သေဆုံးသူ အများအပြား ရှိခဲ့သည့် တရုတ်နိုင်ငံက စားသောက်ဆိုင် ပေါက်ကွဲမှု လူ ၄ ဦးကို ဖမ်းဆီး

Dawei Watch

June 26, 2023

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်တစ်ခု ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် ဆက်နွှယ်နေသည့် လူ ၄ ဦးကို ဇွန်လ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၊ ရင်ချွမ်းမြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ သုံးရက်ကြာ နဂါးလှေပွဲတော် မတိုင်မီ အကြိုအားလပ်ရက်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာလသည် တရုတ်နိုင်ငံမှ ပြည်သူအများစုသည် ၎င်းတို့၏ မိတ်ဆွေများနှင့် အပြင်ထွက်လည် မိတ်ဖွဲ့လေ့ ရှိသည့် အချိန် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသူများတွင် ယင်းစားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်၏ ရှယ်ယာရှင်နှစ်ဦး အပြင် […]

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုများနှင့် လူကုန်ကူးစခန်းများကြောင့် ထိုင်း ၄ ဦး ကို စွဲချက်တင်

Dawei Watch

June 24, 2023

၂၀၁၅ခုနှစ်က ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံကြား နယ်စပ်တွင် အစုလိုက်အပြုံလိုက် လူသတ်ကာမြှုပ်နှံမှုများ အပြင် လူကုန်ကူးသည်ဟု သံသယဖြစ်ဖွယ် ရှိသည့် စခန်းများကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားရုံးတွင် ဇွန်လ ၂၃ရက်နေ့ တွင် စွဲချက်တင်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ သစ်တောများထူထပ်သော ဒေသသည် မှောင်ခိုသမား များမှတစ်ဆင့် အရှေ့တောင်အာရှသို့ လှေဖြင့် ကူးဝင်လာသူများအတွက် အဓိက ရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ခရီးသည်အများစုမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျဉ်းမြောင်းသော ဒုက္ခသည်စခန်းများမှ ရုန်းထွက်လာသူများ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ဒေသ၏ ထိုင်းနိုင်ငံ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 23, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ အမေရိကန်-အိန္ဒိယ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံ အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်နှစ်ဦးက ဇွန်လ ၂၂ ရက်နေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ မိတ်ဆွေအဖြစ် ခိုင်မာအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ကျနော်တို့ရဲ့ ကမ္ဘာမှာ ဗျူဟာကျတဲ့ မိတ်ဆွေတွေအနေနဲ့ စာမျက်နှာသစ် ဖွင့်လွှင့်နိုင်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ ရုရှားနဲ့ […]

ပြင်းထန်လာသည့် အပူလှိုင်းကြောင့် နိုင်ငံတွင်းသေဆုံးမှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု အိန္ဒိယကတိပြု

Dawei Watch

June 23, 2023

အိန္ဒိယနိုင်ငံမှာ ယခုသီတင်းပတ်အတောအတွင်း ပြင်းထန်သော အပူလှိုင်းကြောင့် သေဆုံးမှုအများအပြား ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးမှုများကို နည်းပါးသွားစေရန် အစိုးရအနေနှင့် လုပ်ဆောင်မည်ဟု ကတိပြုကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ Mansukh Mandaviya က ဇွန်လ ၂၀ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ယခုသီတင်းပတ်အတွင်း နေ့အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့်အတွက် အပူဒဏ်ကြောင့် ဆေးရုံတင်ထားရမှုများအပြင် လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန် ခဲ့သည်။ တောင်အာရှတခွင်မှာ အပူလှိုင်းများ ယခုလို ပိုမိုပြင်းထန်လာခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်တစ်ခု ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်း အပူရှိန်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ထိပ်တန်းအရာရှိများနှင့် ဇွန်လ ၂၁ရက်နေ့က  […]

ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်တွင် လူကုန်ကူးမှု ဒုတိယအများဆုံး ဖြစ်ပွားသည့်နိုင်ငံဟု အမေရိကန်ထုတ်ပြန်

Dawei Watch

June 20, 2023

အမေရိကန် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သော နောက်ဆုံးရ လူကုန်ကူးမှုအစီရင်ခံစာ (2023 TIP Report) တွင် လူကုန်ကူးမှု ဖြစ်ပွားမှုနှုန်းမြင့်မားသည့် နိုင်ငံများ စာရင်း တွင် ထိုင်းနိုင်ငံသည် ၎င်း၏ အဆင့် ၂ နေရာ ကို ဆက်လက်ထိန်းသိမ်းထားကြောင်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံသည် အခြားသော နိုင်ငံပေါင်း ၁၀၄ နိုင်ငံနှင့်အတူ အမေရိကန်၏ လူကုန်ကူးခံရသူများ ကာကွယ်ရေးဥပဒေ (TVPA) တွင် ဖော်ပြထားသည့် အနိမ့်ဆုံးစံနှုန်းများနှင့် ပြည့်မီခြင်းမရှိကြောင်း၊ သို့သော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်း ၎င်း၏ အရေးပါသော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ အစီရင်ခံစာတွင် ထိုင်းနိုင်ငံတွင် အိုင်တီအလုပ်တစ်ခုအတွက် အလုပ်ခေါ်ခြင်း ခံရသော်လည်း မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အသက် ၂၀ အရွယ် […]

ပထမဆုံး နိုင်ငံတော်ခရီးစဉ် အဖြစ် ဂျပန်ဧကရာဇ် နာရူဟီတို အင်ဒိုနီးရှားနိုင်ငံ သို့လည်ပတ်

Dawei Watch

June 18, 2023

ဂျပန်ဧကရာဇ် နာရူဟီတို နှင့် ဧကရီ မာဆာကို တို့သည် ၎င်းတို့၏ ပထမဆုံး နိုင်ငံတော် ခရီးစဉ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ သို့ ဇွန်လ ၁၇ ရက်နေ့တွင် သွား‌ရောက်လည်ပတ်ခဲ့သည်။  ဇွန်လ ၂၃ ရက်နေ့အထိ ကြာမြင့်မည့် အဆိုပါ ခရီးစဉ် သည် ဧကရာဇ် နာရူဟီတို ထီးနန်းဆက်ခံခဲ့သည့် ၂၀၁၉ခုနှစ် အပြီး ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဉ် ဖြစ်သည်။ ယင်းခရီးစဉ်တွင်း ဧကရာဇ် နှင့် ဧကရီ တို့သည် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နှင့် ဂျကာတာမြို့အနီး နန်းတော်တစ်ခု တွင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည့်အပြင် အင်ဒိုနီးရှား နှင့် ဂျပန် စစ်သားများကို အထိမ်းအမှတ်ပြု တည်ဆောက်ထားသည့် စစ်သင်္ချိုင်း […]