တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
July 7, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပြင်သစ်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့တွင် လူ ၇၀၀ ကျော်ဖမ်းဆီးခံရ ပြင်သစ်နိုင်ငံ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဆယ်ကျော်သက် လူငယ်တဦးဖြစ်တဲ့ နာဟဲလ်အမ်ကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးနေချိန် ပစ်သတ်ခဲ့လို့ မကျေနပ်မှုတွေနဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သူ အရေအတွက် ၇၁၉ ဦး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီအရေအတွက်က ပြီးခဲ့တဲ့ရက်က ၁၃၀၀ […]


