ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တိုးလာဖွယ်ရှိ၊ မိုးရာသီတွင် ပိုဆိုးလာနိုင်ဟုထုတ်ပြန်
diz_admin
April 23, 2023ထိုင်းနိုင်ငံတွင် ဆုန်ခရန် ရေသဘင်ပွဲတော်ကို လူစုလူဝေးနှင့် ပြန်လည်ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိပြီး ယင်းဗိုင်းရပ်စ်သည် ရာသီအလိုက် ဖြစ်တတ်သည့် ကူးစက်ရောဂါများကဲ့သို့ စိုးရိမ်စရာဖြစ်လာကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။ “ကူးစက်ရောဂါဗေဒဌာနခွဲရဲ့ တွေ့ရှိမှုအရ ကိုဗစ်-၁၉က တုပ်ကွေးလိုမျိုး ရာသီအလိုက် ကူးစက်နိုင်တဲ့အနေအထား ရှိနေပါတယ်” ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တာရက်စ် ကရက်ဆာနိုင်ရာဝီဝုန် က ပြောကြားခဲ့သည်။ ထို့အပြင် မကြာမီလာတော့မည့် မိုးရာသီမှာလည်း ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုတွေ့ရှိလာနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။ “ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို မိုးရာသီမစတင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြဖို့အတွက် တိုက်တွန်းပေးစေချင်ပါတယ်” ဟု ဒေါက်တာ တာရက်စ် က ပြောကြားခဲ့သည်။ ကျန်းမာရေး […]