ထိုင်းတွင် မျောက်ကျောက်ရောဂါ မျိုးစိတ်သစ်ဟု သံသယရှိသူ စတွေ့
Dawei Watch
August 21, 2024ထိုင်းနိုင်ငံတွင် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကို ပထမဆုံး ကူးစက်ခံထားသည်ဟု သံသယရှိသူတစ်ဦး စတွေ့ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) က ယနေ့ (ဩဂုတ် ၂၁) တွင် ကြေညာလိုက်သည်။ သံသယရှိသောလူနာသည် အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းသို့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်ရောက်လာသူဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်းမှစ၍ အဖျားတက်ကာ အဖုအပိမ့်များ ထွက်လာခဲ့ကြောင်းဆိုသည်။ ထို့နောက် ဆေးရုံသွား၍ စစ်ဆေးခဲ့ရာမှ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း DDC ကဆိုသည်။ ကနဦးစစ်ဆေးမှုအရ ယခင်က ကူးစက်ခံထားရသူများ၏ Clade 2 အမျိုးအစား မဟုတ်ကြောင်း DDC ကဆိုသည်။ Clade 2 အမျိုးအစားသည် ကူးစက်မှု မမြန်ဆန်သော မျောက်ကျောက်ရောဂါတစ်မျိုး ဖြစ်သည်။ […]


