ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် Pheu Thai ပါတီရုံခန်းရှေ့ ဆန္ဒပြမှုဖြစ်
Dawei Watch
August 2, 2023ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းပြီး Move Forward ပါတီမပါဘဲ အစိုးရအသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာပြီးနောက် Pheu Thai ပါတီရုံးခန်းရှေ့တွင် ဆန္ဒပြမှုဖြစ်ပွားနေခြင်းဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့ ဖျက်သိမ်းခဲ့သဖြင့် Move Forward ပါတီသည် အတိုက်အခံပါတီအဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် Move Forward ပါတီထောက်ခံသူများက Pheu Thai ပါတီရုံးခန်းရှေ့တွင် ပုံစံတူရုပ်များကို မီးရှို့ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများက ဒီမိုကရေစီအတွက် အသက်ပေးသွားသူများကို သတိရမရ မေးခွန်းထုတ်၍ ဆန္ဒပြခဲ့ကြကြောင်း ဖော်ပြထားသည်။ Ref: Khaosod English, The Reporter


