ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်မှုပုံရိပ်များ

Dawei Watch

November 22, 2023

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရပ်ကွက်အလိုက်ပင့်ထားကြရာမှ ‌ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းသို့ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) ပို့ဆောင်နေသည့်မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။ ၁၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ(နိုဝင်ဘာလ ၂၃ မှ ၂၇ အထိ) ငါးရက်ကြာမည်ဖြစ်သည်။

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​ကြောင်း လှုပ်ရှားမှု ​လောင်းလုံးတွင်ပြုလုပ်

Dawei Watch

November 11, 2023

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​သည့် အ​နေဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယ​နေ့ ၁၁ လပိုင်း ၁၁ ရက်နေ့ နေ့လယ်တွင် ပြုလုပ်ခဲ့သည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

မြိတ်မြို့ ကမ္ဘာလုံးစေတီ၏ သီတင်းကျွတ်လပြည့်ည မြင်ကွင်း

Dawei Watch

October 29, 2023

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာရှိ ကမ္ဘာလုံးစေတီတွင် သီတင်းကျွတ်လပြည့်ည၌ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့မြင်ရစဉ်။

သီတင်းကျွတ် လပြည့်နေ့ ထားဝယ်မြို့က လောကမာရဇိန်ဘုရားကြီး

Dawei Watch

October 29, 2023

သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဘုရားဖူးလာကြသူများနှင့် စည်ကားနေသည့် ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီး မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင် ဆံတော်ရှင်ဘုရား သီတင်းကျွတ်လပြည့်မြင်ကွင်း

Dawei Watch

October 29, 2023

ထားဝယ်ခရိုင် ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်းမှာ ရပ်ဝေးဘုရားဖူးအများစု လာရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်နီးဘုရားဖူးတွေ လာရောက်ဖူးမြှော်နေတယ်လို့ ဘုရားစျေးသည်တွေကပြောပါတယ်။ ကိုဗစ်မတိုင်မီအချိန်ကလို လပြည့်ည ဘုရားမှာညအိပ်လာရောက်ဖူးမြှော်သူတွေတော့ မရှိကြပါဘူး။ ရှင်ကိုးရှင် သမိုင်းဝင်ဘုရားအချို့ကတော့ လမ်းခရီးမှာ တိုက်ပွဲတွေ ပဋိပက္ခဖြစ်စဥ်တွေကြောင့် သွားရောက်ဖူးမြှော်လို့မရပါဘူး။

ထားဝယ်သီတင်းကျွတ် ပထမည

Dawei Watch

October 28, 2023

သီတင်ကျွတ်ကာလတွင် ညမထွက်ရချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ထားဝယ်မြို့၏ သီးတင်းကျွတ်ပထမညမှာ လမ်းပေါ်တွင် လူသူမရှိသလောက်ပင်ဖြစ်သည်။ ထားဝယ်မြို့၏ သီတင်းကျွတ် ပထမညတွင် မြို့ထဲမီးထွန်းကြသူအနည်းငယ်ရှိသော်လည်း လမ်းမကြီးများပေါ်တွင်မူ ည ၇ နာရီနောက်ပိုင်း သွားလာသူ မရှိသလောက်နည်းသွားခဲ့သည်။ အာဏာမသိမ်းခင်ကမူ ယင်းသို့မဟုတ်။ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်‌မီတာခ ဈေးအကြီးဆုံးမြို့‌ဟုပင် မထင်ရလောက်အောက် မြို့လုံးအနှံ့ လျှပ်စစ်မီးများဖြင့် ထိန်ထိန်လင်းနေလေ့ရှိသည်။ သီတင်းကျွတ်လပြည့်နေ့ မနက်အာရုဏ်တက်ချိန်တွင် ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲသို့ အနယ်အနယ်အရပ်ရပ်မှ ‌လာရောက်သူများဖြင့် မြို့ထဲတွင် ညလုံးပေါက် စည်ကာနေ့လေ့ရှိသည်။ တစ်ချို့က ညလုံးပေါက်မအိပ်ဘဲ မြို့အနှံလျှောက်လည်ပတ်နေကြသည့်အပြင် အနီးအနားရှိ မောင်းမကန်ကမ်း‌ခြေသွားသူများ၊ ဘုရာစေတီပုထိုးများတွင် အလှပုံဆီမီးထွန်းသူများ၊ မီးပုံးပျံလွှတ်သူများဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှပေသည်။ ကိုဗစ်နှင့် အာဏာသိမ်းပြီးနောက်တွင်မူ ထိုအရာများအားလုံး မတွေ့မြင်ရတော့ပေ။ ယနေ့ကျရောက်သည့် သီတင်းကျွတ်အချိန်တွင်မူ မြို့ထဲလမ်းသွယ်များထဲ မီးထွန်းသူ အနည်းငယ်ရှိလာခဲ့သည်ကိုတွေ့ရသည်။ နယ်ကျေးရွာအချို့တွင်လည်း […]

လောင်းလုံးတွင် တော်လှန်‌ရုပ်ရှင်ပြပွဲပြုလုပ်

Dawei Watch

October 28, 2023

ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြပွဲကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာ ၂၇ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် တော်လှန်ရေးသီချင်းများ သီဆိုခြင်း၊ သပိတ်မှောက်ဆန့်ကျင်ရမည့် စစ်တပ်ပိုင် ကုန်ပစ္စည်း‌များနှင့်ပတ်သက်ပြီး ရှင်းလင်းခြင်းအပါအဝင် တော်လှန်ရေးရုပ်ရှင် ဇာတ်ကားတိုများ ပြသခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်သည်။

ထားဝယ်မြို့က မမဘုရားပွဲ

Dawei Watch

October 19, 2023

ပွင့်လင်းရာသီအစ ထားဝယ်မြို့ရဲ့ ပထမဆုံးပွဲတော်ဖြစ်တဲ့ မမဘုရားပွဲကို ရှမ္မလည်ဆွဲလမ်းဆုံက စရီးမားရီယမ္မားဘုရားကျောင်းမှာ ကျင်းပနေပါပြီ။ အောက်တိုဘာလ ၁၅ ရက်ကနေ အောက်တိုဘာလ ၂၃ ရက်အထိ ၉ ရက်တိတိကျင်းပမှာဖြစ်ပါတယ်။ မနက် ၆ နာရီကနေ ည ၈ နာရီအထိပဲ အချိန်အကန့်အသတ်နဲ့ ကျင်းပနေတာလည်းဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမတိုင်ခင်ကတော့ မမဘုရားပွဲကို အခုလိုအချိန်ကန့်သတ် ကျင်းပတာမျိုးမဟုတ်ပါဘူး။ ဒါ့အပြင် ဘုရားကျောင်းပူဇော်ပွဲပြီးရင် မြို့လုံးကျွတ်လှည့်လှည့်လေ့ရှိပါတယ်။ ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပဋိပက္ခတွေကြောင့် မြို့ထဲလှည့်တဲ့အစီအစဉ်ကို ထည့်သွင်းမကျင်းပတော့တာ ဒီကနေ့အထိပါပဲ။ အခုကျင်းပနေတဲ့ မမဘုရားပွဲမှာ ဘုရားလာဖူးသူတွေ၊ ဈေးလာဝယ်သူတွေနဲ့ ညနေ ၆ နာရီနောက်ပိုင်း အတော်သင့်စည်ကား‌နေတာကို တွေ့ရပါတယ်။ ထားဝယ်မြို့ရဲ့ အထင်ကရပွဲတော်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ မမဘုရားပွဲငါးရက်မြောက်နေ့ ည‌နေ ၅ နာရီကနေ […]