ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် နေအိမ်ထဲဖောက်ထွင်းဝင်ပြီး ဆိုင်ကယ်ခိုးယူမှု ခပ်စိပ်စိပ်ဖြစ်

Dawei Watch

February 7, 2025

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ထားဝယ်မြို့တွင် ညသန်းခေါင်၌ နေအိမ်ဖောက်ထွင်း၍ ဆိုင်ကယ်ခိုးယူမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ကိုယ်တိုယ်ကြုံတွေ့ရသူများနှင့် မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ရက် ညသန်းခေါင်တွင် ထားဝယ်မြို့သစ် (၄) လမ်းရှိ အေး ပုဂ္ဂလိဆေးရုံ ဝန်ထမ်းဆောင်နှင့် မျက်နှာချင်းဆိုင်ခြံရှိ အဆောင် ခြံတံခါးသော့ကို ဖျက်ဆီးကာဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ရက် ညသန်းခေါင်တွင်မူ အေး ပုဂ္ဂလိဆေးရုံ ဝန်ထမ်းဆောင် ခြံတံခါးသော့ကို ဖျက်ဆီးသည့်အပြင် အဆောက်အောက်ထပ် သော့ကိုလည်း ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို ခိုးယူသွားကြောင်း ဆိုင်ကယ်ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပထမတစ်ရက် ခြံထဲက ဆိုင်ကယ်တစ်စီးခိုးဖို့ကြိုးစားတယ်။ ဇက်သော့ဖြုတ်မရလို့၊ ကာဗာတွေ၊ ကြိုးတွေပါ ဖြုတ်ပြီးပြီ၊ မအောင်မြင်လို့ ထားခဲ့တာ။ နောက်တစ်ရက်မှာ ဝန်ထမ်းဆောင်ကို […]

ထိုင်းထီ သုံးလုံးပေါက်ဂဏန်းပေးမည်ဆိုပြီး လောင်းလုံးဒေသခံတစ်ဦးထံမှ ကျပ် ၁၅သိန်းကျော်လိမ်

Dawei Watch

February 7, 2025

ဒေသအခေါ် ရှမ်းထီ (ထိုင်းထီ သုံးလုံးဂဏန်း) ပေါက်ဂဏန်း အတိအကျပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး လောင်းလုံး ဒေသခံ တစ်ဦးထံမှအမျိုးသားတစ်ဦးက ငွေကျပ် ၁၅ သိန်းကျော် လိမ်လည်သွားကြောင်း စုံစမ်းသိရှိရသည်။ နေလင်းအောင်အမည်၊ အမျိုးသားတစ်ဦး၏ ဓာတ်ပုံတို့ကို အသုံးပြုထားသည့် အမျိုးသားတစ်ဦးသည် ဖုန်းနံပါတ် ၀၉၇၇၆၉၉၅၁၉၀ ဖြင့် လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်လာပြီး ရှမ်းထီ ပေါက်ဂဏန်းပေးမည်ဟု စတင်စည်းရုံးကြောင်း အလိမ်ခံရသည့်ဖြစ်စဉ်အသေးစိတ်ကို သိရှိသူက ပြောသည်။ အွန်လိုင်းပေါ်တွင်တွေ့ရှိ ခင်မင်ခဲ့သူ အဆိုပါအမျိုးသားသည် ထိုင်းထီထွက်ရန် သုံးရက်ခန့်အလို ဇန်နဝါရီလ ၃၀ ရက်တွင် ဖုန်းဆက်လာပြီး ၎င်းသည်ထိုင်းထီကုမ္ပဏီတွင်အလုပ်လုပ်နေသူဖြစ်ကြောင်း စတင်မိတ်ဆက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ထိုင်းထီပေါက်ဂဏန်းများကို ၎င်းက စီမံခန့်ခွဲရသူဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့ပြီး ပေါက်ဂဏန်း ရယူလိုလျှင် ဝယ်ယူနိုင်ကြောင်းလိမ်လည်ခဲ့သည်ဟု ဆိုသည်။ “ဘယ်လိုလိမ်သလဲဆိုတော့ ထီနံပါတ် သုံးလုံးရှိတာမှာ […]

သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်

Dawei Watch

February 7, 2025

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၍ ဆိုင်ကယ်မောင်းသူ အမျိုးသားဒဏ်ရာအပြင်းအထန်ရရှိကြောင်း ကူညီဆောင်ရွက်ပေးသည့်ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ ထားဝယ်ဘက်သို့ လာသည့် မော်တော်ဆိုင်ကယ်နှင့် ထားဝယ်ဘက်မှ ပုလောဘက်သို့သွားသည့် ပရိုဘောက်ကားတို့ ကျွဲဇပ်ရွာ လမ်းကွေ့တွင် ဖေဖော်ဝါရီလ ၅ ရက် ညနေ ၃ နာရီခန့်က တိုက်မိခြင်းဖြစ်ကြောင်းမျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။ “လမ်းကွေ့မှာ (ဆိုင်ကယ်) သူက အရှိန်ပြင်းပြင်းနဲ့ ဆယ်ဘီးကားကို ကျော်တယ်၊ ဆယ်ဘီးကားကလည်း အရှိန်ပြင်းတော့ သူမကျော်နိုင်ဘူး။ အဲဒီမှာ ရှေ့ကလာတဲ့ ပရိုဘောက်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ရော၊ ဆိုင်ကယ်ဆိုရင် ကျိုးကြေသွားတာ” ဟု၎င်းက ပြောဆိုသည်။ ပြင်းဖြူကြီးရွာသား ဆိုင်ကယ်မောင်းသူ အသက်၂၆နှစ်အရွယ် မောင်စောသည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိပြီး ထားဝယ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ပြင်ဖြူကြီးရွာခံ […]

ထားဝယ်မြို့က မင်္ဂလာဆောင်သို့လာသည့် လူငယ်အမျိုးသမီးသုံးဦးဖမ်းဆီးခံရ

Dawei Watch

February 6, 2025

ထားဝယ်မြို့ပေါ်က မင်္ဂလာဆောင်သို့လာသည့် သရက်ချောင်းမြို့နယ် ရန်တောင်ရွာသူ လူငယ်အမျိုးသမီးသုံးဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင် အလှသစ်စင်တာ အပြင်ဘက်သို့ ကြိုတင်ရှိနေပြီး အမျိုးသမီးသုံးဦး ဈေးဝင်ဝယ်စဉ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာက အမျိုးသမီးတစ်ဦးက ဆိုသည်။ “မင်္ဂလာပွဲကပြန်လာပြီး အလှသစ်စင်တာမှာ ဈေးဝင်ဝယ်တာတဲ့၊ ဈေးဝယ်တုန်းမှာပဲ ဖမ်းခံရတာလို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူတို့မှာ အသက် ၂၀ ဝန်းကျင်အရွယ် မမီးအိ၊ မဇင်မာစိုး၊ မဖြူစင်စိုးတို့ဖြစ်ပြီး ကြိုတင်သတင်းရပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ခံအချို့နှင့် ရန်တောင်ရွာက ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးခံရသူ လူငယ်အမျိုးသမီးသုံးဦးကို ထားဝယ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး ပြန်လွတ် မလွတ်ဆိုသည်ကိုမူ မသိရသေးဟု ဒေသခံအချို့က ဆိုသည်။ ၎င်းတို့သုံးဦးစီးလာသည့် […]

တိုက်ပွဲကြောင့် ငါးဖမ်သူနည်းလာသဖြင့် ငါးနီတူ စျေးတက်

Dawei Watch

February 6, 2025

ထားဝယ်ဒေသတွင် ယခုနှစ် ရေကြည်ငါး (ခေါ်) ငါးနီတူ အခြောက် စျေးတက်ကြောင်း ထားဝယ် ရေကြည်ငါးစျေးကွက်အတွင်းက သိရသည်။ ထားဝယ်မြို့ ရေကြည်ငါးလက်ကားစျေးတွင် တစ်ပိဿာလျှင် ယမန်နှစ်က ၁၂,၀၀၀ ကျပ်သာ စျေးအများဆုံးရှိခဲ့ပြီး ယခုလက်ရှိတွင် ၁၇,၀၀၀ကျပ် စျေးရှိကြောင်း စျေးကွက်အတွင်းက သိရသည်။ “အမှန်က ဒီအချိန်စျေးတက်လို့(လေ့) မရဘူး။ စပေါ်ကတည်းက ဒီစျေးပဲ။ မိုးတွင်းဆို နှစ်သောင်းကျော် သွားနိုင်တယ်” ဟု ထားဝယ်မြို့ရှိ ရေကြည်ငါးကုန်သည်တစ်ဦးက ပြောသည်။ ရေကြည်ငါးလှိုင်လှိုင်ထွက်သည့် လောင်းလုံးမြို့နယ် ညောပြင်နှင့် စမ်းလှမ်းရွာများတွင် ယခုနှစ်အတွင်း တိုက်ပွဲများနှင့် စစ်ကြောင်း မကြာခဏ ထိုးမှုများကြောင့် ရေကြည်ငါးဖမ်းသူ ယခင်နှစ်များထက် နည်းလာကြောင်း ၎င်းက ဆိုသည်။ “ညောပြင်မှာဆို မနှစ်က (ငါးရှာသူ) ငါးယောက် လောက်ရှိတယ်။ အခု နှစ်ယောက်ပဲရှိပြီ။ […]

ထားဝယ်တွင် စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

February 6, 2025

ထားဝယ်အရှေ့တောဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် က္လားသစ္ဏတ် (ကျားသစ်နက်) တပ်ဖွဲ့ နှင့် ဘီလုံးပျောက်ကြားတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့ထံ စစ်ကောင်စီတပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံကြောင်း ယင်းစစ်ကြောင်းက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူများသည် ထားဝယ်အခြေစိုက် ခလရ ၂၆၇ စစ်ကောင်စီတပ်ရင်းက တပ်သားစိုးသန်းနှင့် ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီတပ်ရင်းက တပ်သား ညီညီဇင်တို့ ဖြစ်ကြောင်း ဖော်ပြသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ထားဝယ်ဒေသခံများမဟုတ်ကြောင်း ကျားသစ်နက်အဖွဲ့ထံမှ သိရသည်။ တပ်သားညီညီဇင်သည် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်၊ ဂျိုးဖြူရှိ အမှတ် ၁ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် (၂) သင်တန်း တက်ခဲ့ရသူဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးသည် ထားဝယ်အရှေ့တောဒေသကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ […]

ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် နေ့ဘက် ရှစ်ရက်ကြာ လျှပ်စစ်ဓာတ်အားပြတ်မည်

Dawei Watch

February 5, 2025

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့ တွင် ဖေဖော်ဝါရီလ ၈ ရက်ကစပြီး နေ့ဘက် လျှပ်စစ်ဓာတ်အား ရှစ်ရက်ကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း Petro & Trans ကုမ္ပဏီက ယနေ့ ထုတ်ပြန်သည်။ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအထွေထွေရန်ပုံငွေဖြင့် ထားဝယ်ဆေးရုံကြီးနှင့် ထားဝယ်လေဆိပ်သို့ ၁၁ ကေဗွီ သီးသန့် ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သောကြောင့် နံနက် ၉ နာရီမှ ညနေ ၃နာရီအတွင်း တစ်ရက်လျှင် ခြောက်နာရီကြာ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဖေဖော်ဝါရီလ ၈ရက်၊ ၉ရက်၊ ၁၃ရက်၊ ၁၅ရက်၊ ၁၆ရက်၊ ၁၇ရက်၊ ၁၉ရက်နှင့် ၂၂ရက်တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ […]

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ

Dawei Watch

February 5, 2025

ထားဝယ်-ထီးခီးလမ်းပိုင်း မေတ္တာမြို့အထွက် ကားလမ်းမပေါ် တွင် ဆိုင်ကယ်စီးလာသည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖေဖော်ဝါရီလ ၂ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းနင်းမိကြောင်း ကာယကံရှင်နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ နော်ဂျူးနီးထာ ဖြစ်ပြီး မေတ္တာမြို့တွင် (ခရစ်ယာန်) ဘုရားရှိခိုးကျောင်းလာတက်ပြီးနောက် မြို့ပြင် ဥယျာဥ်ခြံထဲရှိ နေအိမ်သို့ ပြန်လာစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ကတော့ မိုင်းနင်းမိပြီး ပျက်စီးသွားတယ်။ လူမှာက ခြေဖနှောင့် နည်းနည်းထိတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါမြေမြှုပ်မိုင်းအား မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကိုမူ မသိရပေ။ ယခု မိုင်းနင်းမိသည့် လမ်းပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲပြီးနောက် လမ်းပိုင်းတွင် မိုင်းများရှိနေသည်ဟု […]