BREAKING
October 31, 2025

ထားဝယ်

စစ်ကောင်စီတပ် မောင်မယ်ရှောင်ရွာကို ဆက်တိုက်မီးရှို့

Dawei Watch

September 24, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ယခုအပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာထဲရှိ နေအိမ်များကိုဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲများက စက်တင်ဘာလ ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မောင်မယ်ရှောင်ရွာအဝင်ဘုရားနီးရှိ နေအိမ်များနှင့် စက်တင်ဘာလ၂၃ ရက်နေ့တွင် ရွာလယ်ပိုင်းရွာအရှေ့ပိုင်းတွင်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “ရွာလယ် ဇရပ်နားတဝိုက်ကနေ ရှို့ သွားတာ (ရွာ) အရှေ့ပိုင်းတစ်ကြောလုံးပဲ။ အိမ်ခြေဘယ်လောက်ပါသွားတယ်၊ ဘယ်သူ့အိမ် ပါသွားတယ်ဆိုတာမသိရသေးဘူး။ မနေ့က အလှူသွားရင်း ကိုယ့်အိမ်အနားက မီးခိုးလုံးတွေ တက်နေတာပဲ တွေ့တယ်။ မြင်ရတာ […]

ထားဝယ်မြို့တွင် ကျောင်းသားက ဆရာမအား ထိုးကြိတ်

Dawei Watch

September 23, 2024

ထားဝယ်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက ဆရာမအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်က အမှတ် (၁) အထက်တန်းကျောင်း၊ Grade – 9၊ အခန်း B တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦးက သင်္ချာ ၂ ဘာသာရပ်သင်ကြားနေသည့် ဆရာမအား ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဖြစ်သူက စာသင်ခန်းအတွင်းသို့ ဖုန်းယူလာပြီး အသုံးပြုနေသည်ကို ဆရာမက တားမြစ်ရာမှ ထိုးကြိတ်ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်အားသိရှိသော ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ဖုန်းယူလာပြီး သုံးလို့ ဆရာမက လွှင့်ပစ်မယ်ပြောလို့ အဲဒီမှာ ထိုးတာ။ ဆရာမက အသက်ကြီးနေပြီ။ ဒဏ်ရာများတယ်။ ချုပ်ပါချုပ်လိုက်ရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကျောင်းသားမှာ ထားဝယ်မြို့ထဲတွင် […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ၆၈သိန်းနီးပါးဈေးပေါက်၊ အရောင်းအဝယ်ပါး

Dawei Watch

September 23, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်းနီးပါး ဈေးဖွင့်ထားပြီး အရောင်းအဝယ် နည်းပါးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၃ ရက် နံနက် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇၇၀၀၀၀ ကျပ် (ခြောက်ဆယ့်ခုနစ်သိန်းခုနစ်သောင်းကျပ်) ကျပ် ဈေးဖွင့်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေး တရားဝင်မဖွင့်တော့သည်မှာ ၁၁၁ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ခြင်းဖြစ်သည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်‌နေရာ စက်တင်ဘာလ ၂၃ ရက် နံနက်တွင် ၆၈ သိန်းနီးပါးဖြင့် အရောင်းအဝယ်လုပ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေအရောင်းအဝယ်မရှိသလောက် နည်းပါးနေကြောင်း အထက်ပါရွှေဆိုင်ပိုင်ရှင်က […]

လောင်းလုံးတွင် စစ်ဘေးရှောင်တစ်ဦး ကားတိုက်သေဆုံး

Dawei Watch

September 21, 2024

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က ဘုန်းတော်ကြီးတစ်ပါး ကိုယ်တိုင်မောင်းနှင်လာသည့်ကားနှင့် စစ်ဘေးရှောင် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်တို့ လောင်းလုံး-ထားဝယ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်း ယာဉ်တိုက်မှုဖြစ်သည့်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။ “သေသွားတဲ့သူကိုတော့ အရေးပေါ်ကားနဲ့ သူ့ရွာကို သယ်ပို့လိုက်ကြတယ်” ဟု ၎င်းဒေသခံက ဆိုသည်။ ယာဉ်တိုက်မှုဖြစ်သူ၏ ဆွေမျိုး မိသားစုဝင်တို့၏ တောင်းဆိုချက်အရ ယာဉ်တိုက်မှုဖြစ်သည့်နေရာအပါအဝင် အချက်အလက်အချို့ကို ဖော်ပြနိုင်ခြင်းမရှိဘဲ ချန်ထားခဲ့ရသည်။ စက်တင်ဘာလထဲတွင် လောင်းလုံးမြို့နယ် မြောက်ဘက်ပိုင်းရှိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ် စသည့် ကျေးရွာများနှင့် တောင်ဘက်တွင်ရှိသည့် […]

မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နေအိမ်များကိုမီးရှို့

Dawei Watch

September 20, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီဝန်းကျင်တွင် PDF အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် PDF အဖွဲ့ ဆုတ်ခွာသွားချိန်တွင် တိုက်ခိုက်ခံရသည့် နေရာအနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ “သူတို့က ရွာအဝင်မှာ တပ်စွဲထားတယ်။ ဒီမနက် လာပစ်တော့ တိုက်ပွဲဖြစ်တယ်။ ရွာအဝင်က လက်သံကြက်ဘုရားနားမှာ လို့ပြောတယ်။ အခု မီးခိုးတက်နေတာက (ရွာအဝင်အနီး) ဆေးခန်းအနားမှာ မဟုတ်ရင် ရွာအလယ်ပိုင်းလောက်ကပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ကောင်စီတပ်မှာ ပြီးခဲ့သည် ဇူလိုင်လမှစတင်ကာ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း […]

လောင်းလုံးတွင် အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက်သတ်ဖြတ်

Dawei Watch

September 19, 2024

လောင်းလုံးမြိုနယ် သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် မနေ့ (စက်တင်တင်ဘာ ၁၈)နံနက်အစောပိုင်းက အမျိုးသမီးတစ်ဦးကို အိမ်ပေါ်တက် သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ အသတ်ခံရသူမှာ အသက် ၂၈ နှစ် ဝန်းကျင်အရွယ်ရှိ ကလေးတစ်ယောက်မိခင် ဒေါ်ဌေးဌေးဆိုသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ ဒေါ်ဌေးဌေးကို ဝမ်းကွဲအစ်မ၏ယောက်ျားက မနေ့ နံနက် ၅ နာရီခန့်တွင် နေအိမ်ပေါ်တက်ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။ လူသတ်မှုကျူးလွန်သည်ဆိုသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အလွင့် (ခေါ်)ကိုအက်ဒွက် ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ” အလောင်းကို တွေ့တဲ့အချိန် နှုတ်ခမ်းတွေကို ဓားနဲ့လှီးခံထားရတယ်။ နားထဲကလည်း သွေးတွေ စီးကျ နေတယ်။ လည်ပင်းကို ကြိုးနဲ့ချည်ပြီး အိမ်နားက ချောင်းထဲကို ပစ်ချထားတယ်” ဟု ၎င်းကပြောသည်။ လူသတ်မှုကျူးလွန်သူကို စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက […]

စစ်ကောင်စီနှင့် စာချုပ်အသစ်ချုပ်ပြီးနောက် ထားဝယ်လျှပ်စစ်မီတာခ လစဉ်နီးပါးဈေးတက်

Dawei Watch

September 19, 2024

ထားဝယ်ခရိုင်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီနှင့် တနင်္သာရီတိုင်း စစ်ကောင်စီတို့ စာချုပ်အသစ် ချုပ်ဆိုပြီးနောက်ပိုင်း လျှပ်စစ်မီတာခဈေးနှုန်းမှာ လစဉ်နီးပါးမြင့်တက်လာသည်။ တနင်္သာရီတိုင်း စစ်ကောင်စီနှင့် ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီတို့သည် ပြီးခဲ့သည့် မတ်လ ၆ရက်နေ့က သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ အဆိုပါစာချုပ်ချုပ်ဆိုသည့်လမတိုင်မီ ဖေဖော်ဝါရီလ၏ ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်းမှာ ၄၁၈ ကျပ်ရှိခဲ့သည်။ စာချုပ်ချုပ်ဆိုသည့် မတ်လထဲတွင် တစ်ယူနစ်ကို ခုနစ်ကျပ်ဈေးတက်သွားခဲ့ပြီး တစ်ယူနစ်လျှင် ၄၂၅ ကျပ်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစပြီး လစဉ်နီးပါးဈေးမြင့်တက်လာကာ ဧပြီလတွင် ၄၄၀ ကျပ်၊ မေလတွင် ၄၅၀ ကျပ်၊ ဇွန်လနှင့်ဇူလိုင်လတွင် ၄၆၅ ကျပ်သို့ မြင့်တက်ခဲ့သည်။ ဩဂုတ်လတွင်မူ ၅၈၂ ကျပ်သို့ ခုန်တက်သွားခဲ့သည်။ သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မတ်လမှ ဩဂုတ်လအထိ ခြောက်လတာအတွင်း […]

ရေဖြူ ဇာဒီရွာအုပ်စုတွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရ

Dawei Watch

September 19, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၇ ရက်ကစ၍ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်က မောရဝတီရေတပ်နှင့် စစ်သင်္ဘောဘက်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ပြီးနောက် ယခုကဲ့သို့ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အက်တမ်နှင့် မိုင်တဲလ် အော်ပရေတာများသည် စက်တင်ဘာလ ၁၇ ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး အမ်ပီတီ အော်ပရေတာသည် လက်နက်ကြီး မပစ်ခတ်မီ နေ့ကတည်းက ပြတ်တောက်နေကြောင်း ‌စစ်ဘေးရှောင်ရွာသားများက ပြောဆိုသည်။ “အမ်ပီတီက တာဝါတိုင်နဲ့ လုပ်ထားတယ်။ ဆီဖြည့်ဖို့လာတာ ရှားကုန်းစစ်တပ်ဂိတ်က ပေးဖြတ်ဘူးလို့ ကြားတယ်။ အဲဒီကတည်းက ပြတ်သွားတယ်။ လက်နက်ကြီး ပစ်ပြီးတဲ့နေ့ကတော့ တယ်လီနော (အက်တမ်) ရော မိုင်တဲလ်ရော မရတော့ဘူး။ အခုက တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်မရဘဲ […]