ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

မယ်ဒီလန်းဆေးရုံ နှစ်လပိတ်မည်

Dawei Watch

February 12, 2025

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံဖြစ်သည့် မယ်ဒီလန်းဆေးရုံကြီးတွင် ဆေးကုသမှု နှစ်လကြာရပ်နားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ရက်အထိ နှစ်လကြာ ဆေးကုသမှု ရပ်နားမည်ဖြစ်ကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ CDM ဆရာဝန်များနှင့် သူနာပြုများကို ဆေးရုံခန့်အပ်ထားခြင်းကြောင့် ဆေးရုံကို စစ်ကောင်စီက နှစ်လပိတ်ခြင်း ဖြစ်သည်ဟု ပြင်ပနှင့် ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းတို့ကြားတွင် သတင်းများထွက်ပေါ် လျက်ရှိသည်။ အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး Dawei Watch က ဆေးရုံ၏ အကြီးတန်းဝန်ထမ်းတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း ဆေးရုံနှစ်လပိတ်ထားမည်မှာ မှန်ကန်ကြောင်း ဆိုသည်။ “(ပိတ်တဲ့အကြောင်းအရင်း) ဒါကတော့ ရုတ်တရက်ဆိုတော့ မပြောတတ်ဘူး။ လူကြီးတွေပဲ ဒီကိစ္စသိမှာပါ။ ပိတ်ထားတဲ့ နှစ်လထဲမှာတော့ ဝန်ထမ်းတွေကို သင်တန်းပေးတာ၊ ဆေးရုံပြင်ဆင်တာတွေ လုပ်ဖို့ရှိပါတယ်” ဟု ၎င်းက […]

အရပ်ဖက်ကိစ္စကိုလျှော့ချပြီး စစ်ရေးကိုဦးစားပေးမည်ဟု လောင်းလုံးပကဖပြော

Dawei Watch

February 12, 2025

အရပ်ဖက်ရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်မှု လျှော့ချပြီး စစ်ရေးကိုသာ ဦးစားပေးဆောင်ရွက်တော့မည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။ အရပ်ဖက်တွင်ဖြစ်ပွားနေသည့် အရေးကိစ္စအားလုံးနီးပါးတွင် ပကဖအနေဖြင့် ပါဝင်ဆောင်ရွက်တော့မည်မဟုတ်ဘဲ စစ်ရေးကိစ္စတစ်ခုကိုသာ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါကိစ္စကို လောင်းလုံး ပကဖ လက်အောက်ရှိ တပ်ဖွဲ့အသီးသီး၏ တာဝန်ခံများထံ အကြောင်းကြားအသိပေးထားပြီးဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ “အဓိက ကတော့ အရပ်ဖက်ကိစ္စတွေက ပြောစရာများတယ်။ အရပ်ဖက်ကိစ္စတွေဟာ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) က လုပ်ရမယ့်ကိစ္စတွေမျိုး။ ကျွန်တော်တို့အနေနဲ့က ဝင်ထမ်းပေးတဲ့သဘောပဲရှိတာ။ ဖြစ်လာရင် ကျွန်တော်တို့ (ပကဖအဖွဲ့) ကိုပဲ ပြည်သူတွေက အထင်လွဲ၊ အမြင်လွဲဖြစ်ကြတယ်။ အဲဒါကြောင့် ဒီလို (အရပ်ဖက်ကိစ္စတွေကို) ကျွန်တော်တို့ရှောင်မယ်။ ကျွန်တော်တို့ စစ်ရေးကိစ္စတစ်ခုတည်းကိုပဲ ဆက်သွားတော့မယ်” […]

ရေဖြူက ကျေးရွာအချို့တွင် စစ်ကောင်စီတပ် အင်အားသုံးတပ်ဖြန့်လှုပ်ရှား၊ ဒေသခံအချို့တိမ်းရှောင်

Dawei Watch

February 11, 2025

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် စစ်ကောင်စီက ယခုရက်သတ္တပတ်အတွင်း အင်အားအများအပြားဖြင့် တပ်ဖြန့်လှုပ်ရှားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကျေးရွာအုပ်စုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် တည်ရှိ နေသည့် ဇာဒီကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် ကံပေါက်နှင့် ဇာဒီကို ဆက်သွယ်ထားသည့် လမ်းဟောင်းရှိ ပယရွာ အနောက်ဘက် တောင်ကြောတွင် စစ်ကောင်စီ အင်အား နှစ်ရာခန့် တောနင်းရှာဖွေခဲ့ကြောင်း ဇာဒီဒေသခံများက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်တွင်မူ ပယရွာရှားကုန်းမှ စစ်ကောင်စီတပ်သားများ ဇာဒီရွာဘက်သို့ ဆင်းသွားပြီး ဇာဒီရွာ၊ သစ်လှတောရပ်ကွက်အထိရောက်ရှိပြီးနောက် ရွာအတွင်းသို့ ဝင်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောသည်။ “အခုထိတော့ ဘာမှ မဖြစ်သေးဘူး။ စစ်သားတွေ ဆင်းလာတော့ […]

ရေဖြူ တောင်ရင်းအင်းရွာက လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး ငါးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

February 11, 2025

ရေဖြူမြို့နယ်၊ တောင်ရင်းအင်းရွာက အသက် ၁၇ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ဖမ်းဆီးခံရပြီး ငါးရက်ကြာအထိ ပြန်လည်မလွတ်မြောက်သေးကြောင်း ရွာသားများက ပြောသည်။ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စု တောင်ရင်းအင်းရွာသား အဆိုပါလူငယ်ကို စစ်ကောင်စီ၏ မောရဝတီ ရေတပ်က ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဂန့်ဂေါ်တောင်ရွာထိပ်ရှိ စက်သုံးဆီဆိုင်တွင် ဆီဖြည့်ပြီး ပြန်ထွက်လာစဥ် ကားဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်သားများနှင့် တွေ့၍စစ်ဆေးခံရပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ရင်းအင်းရွာသားတစ်ဦးက ပြောဆိုသည်။ “ဖုန်းထဲမှာ ဘာတွေ့လဲတော့ မသိဘူး။ သူနဲ့ သူ့သူငယ်ချင်း နှစ်ယောက်အတူတူ အစစ်ခံရတာ သူ့ကိုပဲ ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးသွားပြီးကတည်းက မိသားစုက တွေ့ခွင့်ရရန် လိုက်လံဆက်သွယ်နေသော်လည်း တွေ့ခွင့်မရသေးဘဲ ယနေ့ […]

လောင်းလုံးတွင် ပစ်ခတ်သံများထွက်၊ ကမြောကင်းတံတားကို ယာယီပိတ်

Dawei Watch

February 10, 2025

လောင်းလုံးမြို့ ပေါ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က နာရီဝက်ကြာ ပစ်ခတ်သံများကြားခဲ့ရပြီး ကမြောကင်းတံတားကိုလည်း ယာယီပိတ်ထားခဲ့ကြောင်း ဒေသခံများကပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်‌ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ယင်းဖြစ်စဉ်အသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးပေ။ “လက်နက်ကြီးတွေရော လက်နက်ငယ်တွေရောပါ ပစ်နေတာ ခုတော့ငြိမ်နေပြီ”ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီကျော်အချိန်တွင် Dawei Watch သို့ပြောသည်။ ပစ်ခတ်သံများမှာ နာရီဝက်နီးပါးကြာထွက်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း မြို့ခံများကပြောသည်။ ယင်းတိုက်ပွဲဖြစ်ပြီးနောက် ထားဝယ်မြို့ဝင်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက နာရီဝက်ခန့်ပိတ်ပြီးနောက် ယနေ့ညနေသုံးနာရီဝန်းကျင်တွင် ပြန်လည်ဖြတ်သန်း သွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

February 10, 2025

သရက်ချောင်းမြို့နယ် ဥတ္တူရွာက အရပ်သားနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်မှာ ဖေဖော်ဝါရီလ ၈ ရက် မနက်ပိုင်းတွင် ပန်းပြင်ရွာမှနေ၍ မဲနယ်အိုးရွာလမ်းမှတစ်ဆင့် ဥတ္တူရွာထဲဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ရွာအတွင်းရှိ နေအိမ်များကို ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် နှစ်ရက်ဆက်တိုက်မီးရှို့ခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဥတ္တူရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ထွက်ပြေးလာရင်း စစ်တပ်နဲ့တိုးပြီး ဖမ်းခံရသူရှိတယ်လို့လည်း ကြားတယ်” ဟု ဥတ္တူရွာကနေ ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဥတ္တူရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး နေအိမ် ၆ လုံးမီးရှို့ခံရသလို ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ထပ်မံစုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ဥတ္တူရွာမှထွက်လာသည့် စစ်ကောင်စီတပ်က သရက်နှစ်ခွရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် […]

ထားဝယ်လေဆိပ်ပြေးလမ်းအနီး တောမီးလောင်၊ လက်ရှိအချိန်အထိ ငြှိမ်းသတ်နေရ

Dawei Watch

February 9, 2025

ထားဝယ်လေဆိပ်ပြေးလမ်းအနီးတွင် ယနေ့နံနက်ကစတင်၍ တောမီးလောင်နေပြီး မီးအကြွင်းအကျန်များမှ ထပ်မံမီးလောင်နေသဖြင့် လက်ရှိအချိန်အထိ ငြှိမ်းသတ်နေရကြောင်း မီးငြှိမ်းသတ်ရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ထားဝယ်အဝေး ပြေးကားဝင်း၏တောင်ဘက် ထား၀ယ်လေဆိပ် လေးယာဉ်ပြေးလမ်းနှင့် မြို့ပတ်လမ်းကြားရှိတောတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်နေခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူတစ်ဦးကပြောသည်။ “လောင်လောင်ခြင်းက တော်တော်များတယ်။ အဆောက်အအုံထိခိုက်တာမျိုးတော့မရှိဘူး။ သုံးနာရီလောက်ငြှိမ်းသတ်လိုက်ရတယ်”ဟု ကူညီဆောင်ရွက်သူ တစ်ဦးကပြောသည်။ အဆိုပါမီးလောင်မှုကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်နှင့် ထားဝယ်လေဆိပ် မီးငြှိမ်းသတ်ယာဉ်များ မြို့ခံပရဟိတအသင်းအဖွဲ့များ၊ မြိုခံများ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။ သို့သော် မီးအကြွင်းအကျန်များမှနေ၍ ပြန်လောင်နေသဖြင့် ထပ်မံငြှိမ်းသတ်ရန် လုပ်ဆောင်နေကြောင်း ယနေ့နေ့လယ် ၂ နာရီခွဲကျော်ကျော်တွင် ထပ်မံသိရှိရသည်။ မီးလောင်ပြင်တွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်များနှင့် ဆက်စပ်ပစ္စည်းများစွာ […]

ထားဝယ်တွင် ကုန်တင်ယာဉ် သစ်ပင်ဝင်တိုက်ပြီး လူနှစ်ဦးဒဏ်ရာရ

Dawei Watch

February 7, 2025

ထားဝယ်မြို့၊ ဇဟာရွာတွင် ယနေ့ ဖေဖော်ဝါရီ ၇ရက်‌ မွန်းလွဲပိုင်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်၍ ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထားဝယ်မြို့မှ ရန်ကုန်သို့ ကုန်တင်ပြီး ထွက်ခွာလာစဉ် ယနေ့ မွန်းလွဲ ၁ နာရီကျော်တွင် ဇဟာရွာအထွက်တွင်ရှိ ကုက္ကိုပင်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။ “စထွက်လာကတည်းက ယာဉ်မောင်းက နေမကောင်းဘူးလို့ပြောတယ်။ အဲဒီနေရာလည်းရောက်ရော တစ်ကိုယ်လုံးချွေး တွေ ပြန်လာပြီး နေမကောင်းဖြစ်တာပေါ့။ ပထမကွန်ကရစ်တိုင် တိုက်သေးတယ်။ နောက်မှ ကုက္ကိုပင်တိုက်ပြီး ယာဉ်မောင်းက ညှပ်နေတာ” ဟု ၎င်းက ပြောဆိုသည်။ အခင်းဖြစ်နေရာသို့ ဇမ္ဗူသီရိအဖွဲ့၊ ဇဟာအားမာန်အဖွဲ့ ၊ ရင်ခုန်သံ သွေးလှူရှင်အဖွဲ့များ ရောက်ရှိလာပြီး ကယ်ဆယ်ရေး […]