BREAKING
October 31, 2025

ထားဝယ်

ထားဝယ်တွင် စည်ပင်သတ်မှတ်စျေးဖြင့် မရောင်းနိုင်ဟုဆိုကာ ဝက်သားအရောင်းရပ်

Dawei Watch

October 4, 2024

ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်ပေးသည့် စျေးနှုန်းအတိုင်း မရောင်းချနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားကြောင်း ဝက်ဒိုင်လုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာလတွင် စျေးကွက်အတွင်း ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ ဖြစ်လာပြီးနောက် ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့က တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ဖြင့် ရောင်းချရန် ပြောဆိုလာကြောင်း စျေးကွက်အတွင်းမှ သိရသည်။  တစ်ပိဿာ ကျပ်သုံးသောင်းကျော်ဖြစ်လာ၍ စားသုံးသူများ အခက်အခဲဖြစ်မည်စိုးရိမ်သဖြင့် ကျပ်နှစ်သောင်းခွဲဖြင့် ရောင်း ရန် ထားဝယ်ခရိုင် ကုန်ဈေးနှုန်းကျဆင်းရေးကော်မတီအစည်းအဝေးတွင် သဘောတူညီဆုံးဖြတ်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကြည်စိုးက ပြောသည်။ “ဒေသကုန်ဈေးနှုန်း မကြီးမြင့်ဖို့အတွက်ကို ဒီနှုန်းနဲ့ပဲ ရောင်းဖို့ မှာထားတာတော့ရှိတာပေါ့ဗျာ။ ကျန်တာတော့ ပြောလို့ မရသေးဘူးဗျ” ဟု ၎င်းက ပြောဆိုသည်။   ၂၅၀၀၀ ကျပ်ထက် စျေးတင်ရောင်းချလျှင် ဖမ်းမည်ဆိုသဖြင့် အောက်တိုဘာလ ၃ ရက်ကစပြီး လေလံအောင်ထားသည့် ဝက်ဒိုင်များက မရောင်းချကြတော့ကြောင်း ဝက်ဒိုင်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။ ဝက် ဝယ်ယူရသည့် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် စည်ပင်က သတ်မှတ်သည့် ဈေးနှုန်းအတိုင်း မရောင်းနိုင်သဖြင့် အရောင်းရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။  “သူတို့ကလည်း ၂၅၀၀၀ နဲ့ […]

မောရဝတီရေတပ်က ဖမ်းထားသည့် ကံပေါက်ဒေသခံတစ်ဦးကို ထားဝယ်ထောင်ပို့

Dawei Watch

October 4, 2024

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖောင်းတောနှင့် ဇာဒီရွာတို့တွင် မောရဝတီရေတပ်က သြဂုတ်လကတည်းက ဖမ်းဆီးထားသည့် ဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးကို စက်တင်ဘာလ နှောင်းပိုင်းတွင် ထားဝယ်အကျဥ်းထောင်သို့ ပို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ထောင်သို့ ပို့ဆောင်ခံရသူမှာ ဇာဒီရွာသား အသက် ၂၀ အရွယ် ကိုသန်းထိုက်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ သြဂုတ်လ ၄ ရက်က ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် ကိုသန်းထိုက်အား ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး မောရဝတီရေတပ်သို့ ဖမ်းခေါ်သွားခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းအား စစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အဆက်အစပ်ရှိသည်ကို တွေ့ရသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုထံ ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ထားဝယ်ထောင်တော့ ပို့လိုက်ပြီ။ သူ့အဖေတို့ကတော့ အမှုရုံးချိန်းသွားနေရတယ်။ (အခု) ရွာမှာလည်း မနေကြတော့ဘူး ဆိုတော့ […]

ထားဝယ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ချထားပြီးမှ သန်းခေါင်စာရင်းကောက်

Dawei Watch

October 3, 2024

ထားဝယ်မြို့တွင် သန်း‌ခေါင်စာရင်းကောက်ယူမှုကို စတင်လုပ်ဆောင်နေရာတွင် စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်အဝယူပြီးမှသာ လုပ်ဆောင်နေကြောင်း မြို့ခံအချို့က ပြောသည်။ သန်းခေါင်စာရင်းကောက်မည့်ရပ်ကွက်သို့ ဝင်ရောက်နိုင်မည့် လမ်းများအားလုံးနှင့် လမ်းသွယ်၊ လမ်းကြားများအားလုံးကို စစ်ကောင်စီတပ်က ကြိုတင်လုံခြုံရေးယူထားပြီးမှ ကောက်ခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံအချို့က ပြောသည်။ “ရပ်ကွက်ထဲကို ဝင်မယ့်လမ်းတွေအကုန် ပိတ်ချပြီး လုံခြုံရေးချထားလိုက်တယ်။ လမ်းကြို၊ လမ်းကြားပါမကျန် အားလုံး အစောင့်တွေချပြီးမှကောက်တာ” ဟု သန်းခေါင်စာရင်းကောက်ယူပြီးသည့် ရပ်ကွက်တစ်ခုက ‌မြို့ခံတစ်ဦးကဆိုသည်။ သန်းခေါင်စာရင်းကောက်ရာတွင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။ သန်း‌ခေါင်စာရင်းကောက်ယူမည့် ရပ်ကွက်ကို ကြိုတင်ပြီး အသံချဲ့စက်ဖြင့် လိုက်လံကြေညာထားကြောင်း၊ ယင်းနောက် စာရင်းကောက်မည့်အဖွဲ့ မရောက်မီကတည်းက စစ်ကောင်စီတပ်ဖွဲ့က အဆိုပါရပ်ကွက်ကို လုံခြုံရေးတင်းကြပ်ထားလိုက်ပြီး အဝင်၊ အထွက်လမ်းများ ပိတ်ထားလိုက်သည်ဟု ဒေသခံများကဆိုသည်။ ရပ်ကွက်ထဲစာရင်းလိုက်ကောက်သည့် အဖွဲ့များကိုမူ ရဲယူနီဖောင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ ယူနီဖောင်းဝတ်ဆင်ထားသူတို့က […]

ရေဖြူ၊ ဖောင်းတောရွာတွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို ဂိတ်စောင့်ခိုင်း

Dawei Watch

October 3, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာတွင် ဖွင့်ထားသည့် မောရဝတီရေတပ်၏ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ် (ပျူစောထီး) သင်တန်းဆင်းများကို စက်တင်ဘာလ နောက်ဆုံးအပတ်ကစ၍ ဂိတ်စောင့်ခိုင်းထားကြောင်း ရွာသားများနှင့် ကားသမားများထံမှ သိရသည်။ သင်တန်းဆင်းလာသော ပြည်သူ့စစ်များမှာ အသက် ၂၀ ဝန်းကျင်မှ အသက် ၅၀ ကျော်အထိ ပါဝင်ပြီး အမျိုးသားများအပြင် အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း ဂိတ်ကိုဖြတ်သန်းသွားလာသည့် မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ ယင်းသင်တန်းဆင်းများတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ဒေသခံရွာသားအနည်းငယ်၊ ဖောင်းတောရွာနှင့် ဓမင်းဆိပ်ရွာတို့တွင် လာရောက်အခြေချနေထိုင်သည့် အခြားဒေသခံအများစုပါဝင်ကြောင်း ရွာသားများက ပြောဆိုသည်။ သြဂုတ်လ ၂၀ရက်က ဖောင်းတောရွာ စာသင်ကျောင်းပြန်ဖွင့်ရန်အတွက် လုံခြုံရေးစီစဥ်ရမည်ဟု မောရဝတီရေတပ်က အစည်းအဝေးပြုလုပ်ပြီးနောက် တစ်လကျော်အကြာ စက်တင်ဘာလ ၂၉ ရက်တွင် ပြည်သူ့စစ်သင်တန်းဆင်းများ ရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရွာသားများပြောသည်။ […]

ထားဝယ်စျေးကွက်တွင် တရုတ်ထုတ် မီးပုံးပျံများ စတင်ဝင်ရောက်

Dawei Watch

October 2, 2024

တရုတ်ထုတ် မီးပုံပျံငယ်များ စက်တင်ဘာလမှစကာ ထားဝယ်ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း ‌မီးပုံပျံရောင်းချသူများထံမှ သိရသည်။ မီးပုံပျံ၏ အမြင့်မှာ ၂ ပေ ခန့်ရှိပြီး အဝန်းမှာ တစ်ပေခန့်ရှိကာ အရောင်မျိုးစုံ ပါဝင်သည်။ မီးပုံပျံတွင် ထိန်းကွင်းနှင့် လောင်စာတုံးပါ ပါရှိကြောင်း မီးပုံပျံရောင်းချသူများက ပြောသည်။ “ရန်ကုန်ကနေ ဝယ်လာတာ ဒီမှာအစမ်းစရောင်းကြည့်တော့ ကလေးတွေ လာဝယ်တာများတယ်”ဟု မီးပုံးပျံရောင်းသူ ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ တရုတ်ထုတ် မီးပုံပျံငယ်တစ်လုံးကို ၁၅၀၀ကျပ် ဖြင့် ထားဝယ်ဈေးကွက်တွင် ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း၊ အခြားအမျိုးအစား မီးပုံပျံငယ်များကို ကျပ် ၂၀၀၀ မှ ၂၅၀၀ ဝန်းကျင် အထိ ရောင်းချနေကြောင်း မီးပုံပျံရောင်းချသူများကပြောသည်။ သို့သော် သီတင်းကျွတ်ကာလ ရောက်လာပြီဖြစ်သော်လည်း ထားဝယ်တွင် မီးပုံးပျံများ အရောင်းအဝယ်ပါးနေသေးကြောင်း […]

တရုတ်အဝယ်ရပ်နေ၍ ဝဥ ဈေးပြန်ကျလာ

Dawei Watch

October 2, 2024

တရုတ်ဘက်က အဝယ်ရပ်နေသဖြင့် ဒေသထွက်ကုန် ဝဥ ဈေးပြန်ကျလာသည်ဟု ဝဥစက်ရုံ လုပ်ငန်းရှင်နှင့် ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။ ၂၀၂၁ ခုနှစ်မှစကာ ကိုဗစ်ကပ်ဘေး၊ စစ်အာဏာသိမ်းမှုဂယက်တို့ကြောင့် ဝဥဝယ်လိုအားစတင်ကျဆင်းခဲ့ပြီး ထားဝယ်ခရိုင်ဈေးကွက်တွင် ဝဥ တပိဿာလျှင် ကျပ် ၈၀၀ ခန့်မှ ၁၂၀၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ရှိခဲ့သည်။ ယခုနှစ်တွင် တရုတ်ဘက်က ဝယ်လိုအားပြန်ရှိလာသဖြင့် ဝဥ စျေးပြန်ကောင်းလာပြီး ဩဂုတ်လတွင် တစ်ပိဿာ ၁၈၀၀ ကျပ်ခန့်ရှိရာမှ စက်တင်ဘာလဆန်းတွင် တပိဿာ ၃၂၀၀ ကျပ်ခန့်အထိ ဈေးကောင်းပြန်ရလာသည်ဟု ဝဥစက်ရုံ လုပ်ငန်းရှင်နှင့် ထားဝယ်မြို့မှ ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။ သို့သော် စက်တင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ တရုတ်ဘက်က ဝဥပို့ကုန်အဝင်ပိတ်လိုက်သဖြင့် တပိဿာ ကျပ် ၂၂၀၀-၂၅၀၀ ဝန်းကျင်ခန့်အထိ ဈေးပြန်ကျလာသည်ဟု ၎င်းတို့က ပြောသည်။ […]

ကံပေါက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 30, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ ဂန့်ဂေါ်တောင်ရွာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးတင်မြင့် စက်တင်ဘာ ၂၉ ရက်နေ့ညက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ “ညက သေနတ်သံ ခုနစ်ချက်လောက်ကြားလိုက်ရတယ် ။ လူကြီးမင်း(ရပ်ကွက်လူကြီး) ပစ်ခံရတယ် ။ ပွဲချင်းပြီးသွားတယ်။ ညက ဆေးရုံခဏယူသွားပြီး ရွာပြန်ယူလာပြီ ” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အသက် ၆ဝ ဝန်းကျင်အရွယ် ဦးတင်မြင့် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်း ၊ တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ ၇ တို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၃ဝ ရက် နံနက်တွင် ဝေဟင်တပ်ဖွဲ့ကထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ဦးတင်မြင့်သည် သတင်းပေးခြင်း၊ လမ်းပြလုပ်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ […]

ထားဝယ်မြို့သစ်တွင် ဒရုန်းရှာသည်ဟုဆိုပြီး စစ်ကောင်စီတပ်က နေအိမ်များကိုဝင်စစ်

Dawei Watch

September 30, 2024

ထားဝယ်မြို့ သစ် (၃) လမ်းနှင့် (၈) လမ်းတို့တွင် စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့က စစ်ကောင်စီ တပ်သားများ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၂၈ ရက်ည ၇ နာရီတွင် မြို့သစ် (၃) လမ်းရှိ လမ်းသွယ် ၂ ခုတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် DC ကား ဆယ်စီးရောက်ရှိကာ ရပ်ကွက်အတွင်း တစ်ညလုံး ကင်းလှည့်နေကြောင်း မျက်မြင်တွေ့ရှိရသူတစ်ဦးက ဆိုသည်။ “ရပ်ကွက်ထဲလှည့်သွားနေတယ်၊ ဟိုတစ်စု ဒီတစ်စုနဲ့။ လမ်းမှာလည်း လမ်းသွားလမ်းလာတွေကို (စစ်ကောင်စီ တပ်သားတွေက) မေးသေးတယ်။ ဒရုန်းပျံသွားတာမြင်လား၊ ဒရုန်းက ဒီ (၃) လမ်းနားမှာ ပျောက်သွားတာ၊ တွေ့ရင် ပြောပေးလို့ ပြောတယ်” ဟု […]