ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

February 21, 2025

ရေဖြူမြို့နယ် ထားဝယ်မြစ်အနောက်ခြမ်းရှိ ကျခတ္တပင်အင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ အမျိုးသမီးကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ညနေ ၅နာရီခန့်တွင် ကျောက်ကညာရွာအခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၄ က ပစ်ခတ်သည့် လက်နက်ကြီးကျည် သုံးလုံးအနက် တစ်လုံးမှာ ကျခတ္တပင်အင်းရွာစာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲပြီး ကျန်နှစ်လုံးမှာ ကဏန်းတောင်အနီးတဝိုက်တွင် ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၅၀အရွယ် ဒေါ်ခင်ဝင်း သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။ နေအိမ်တွင် ရေချိုးရန်ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာနှင့် ဆီးအိမ်တို့ကို ကျည်စထိသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ရေချိုးဖို့လုပ်နေတုန်း […]

လောင်းလုံးတွင် ရပ်ကျေးစာရေးဟောင်းတစ်ဦးကို လောင်းလုံး ပကဖ ဖမ်းဆီး

Dawei Watch

February 21, 2025

လောင်းလုံးမြို့နယ် သဝင်ကျေးရွာအုပ်ချုပ်ရေး စာရေးဟောင်းဖြစ်သူ အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် ပကဖတို့ထံမှ သိရသည်။ အဖမ်းခံရသူမှာ သဝင်ကျေးရွာဇာတိ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးအောင်ဌေးဖြစ်ပြီး သကျက်တောကျေးရွာရှိ ၎င်းသမီးဖြစ်သူ၏ အိမ်သစ် တက်ပွဲသို့ လာရောက်စဉ် ဖေဖော်ဝါရီလ ၁၄ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သဝင်နှင့် သကျက်တောကျေးရွာတို့မှာ ရွာနီးစပ်များဖြစ်သည်။ ဦးအောင်ဌေးသည် အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစတို့တွင် သဗြေရှောင်ကျေးရွာအုပ်စု၊ သဝင်ကျေးရွာ ရပ်ကျေး စာရေး တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထားဝယ်မြို့ပေါ်သို့ တိမ်းရှောင်နေသူဖြစ်ကြောင်း ဒေသခံက ဆိုသည်။ “သူ့သမီး အိမ်သစ်တက်ပွဲကို တက်ရောက်လာတဲ့အချိန်မှ အဖမ်းခံရတယ်။ ထမင်းစားပြီးချိန်ပေါ့။ ကားနဲ့ လာခေါ်သွား တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးအောင်ဌေးသည် […]

သရက်နှစ်ခွကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှုဖြစ် တစ်ဦးဒဏ်ရာရ

Dawei Watch

February 20, 2025

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွာရွာနှင့် ပန်းပြင်ရွာကြားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။ ယနေ့နံနက် ၁၀ နာရီခွဲအချိန်၌ ယင်းစစ်ဆေးရေးဂိတ်အနီးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဒရုန်းဖြင့်ဗုံးချခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း ယင်းအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်တွန်းလာသည့် အမျိုးသားတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဒရုန်းဗုံးချတာပါ ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်။ ပြီးတော့မှ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားရတာ ဂိတ်နားမှာ ယောကျ်ာလေးတစ်ယောက် ထိပြီးဒဏ်ရာရသွားသေးတယ်” ဟု ၎င်းကပြောသည်။ သရက်ချောင်းမြို့ ဘက်မှလာသည့် စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ယင်းစစ်ဆေးရေး ဂိတ်အနီးရှိ ကဇိကျေးရွာသို့ ရောက်ရှိနေကြကြောင်း ဒေသခံများကပြောသည်။ သရက်နှစ်ခွစစ်ဆေးရေးဂိတ်သည် ထားဝယ် ကော့သောင်းလမ်းပိုင်းတွင်ရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ် […]

ထားဝယ် ရှမ္မတွင်းရွာက ပစ္စည်းများကို စစ်ကောင်စီတပ် ခိုးယူ

Dawei Watch

February 20, 2025

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာသို့ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရောက်ရှိလာသော စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်း နေအိမ်များရှိ ပစ္စည်းများကို ခိုးယူပြီး ညဘက်တွင် ကားဖြင့် သယ်ထုတ်ယူဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၉ ရက်တွင် ထားဝယ်-မြိတ်ကားလမ်းမပေါ်ရှိ ရွှေဂူတံတားစစ်ကောင်စီစစ်ဆေးဂိတ် တိုက်ခိုက်မီးရှို့ခံရ ပြီးနောက် ကင်းရှေ့ရွာဘက်မှ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကြောင်းမှ စစ်ကောင်စီတပ်သားအချို့ ရှမ္မတွင်းကျေးရွာ ဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း ရွာသားများက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သားများသည် ရှမ္မတွင်းကျေးရွာနှင့် စပါးတောင်အကြားရှိ ဥယျာဥ်ခြံများတွင် တပ်စွဲနေထိုင်ပြီး ညဘက်တွင် ကားဖြင့် ရွာသို့လာ၍ အိမ်ထောင်ဂရိဘောဂ၊ စားသောက်ကုန် အပါအဝင် ပစ္စည်းများသယ်ထုတ်နေကြောင်း ပစ္စည်းများ ယူဆောင်ခံရသည့် ဒေသခံတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောဆိုသည်။ လူနေထိုင်နေသည့် အိမ်များကို ဝင်ရောက်ကာလည်း ပစ္စည်းယူဆောင်ကြောင်း ၎င်းက ဆိုသည်။ […]

တိုက်ပွဲမဖြစ်ဘဲ လောင်းလုံးက စခန်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

February 19, 2025

လောင်းလုံးမြို့ နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၁၈ရက် ည ၇နာရီခန့်တွင် လောင်းလုံးမြို့နယ် တောရှည်ရွာတွင် အခြေစိုက်ထားသည့် ခြေလျင်တပ်ရင်း ခလရ ၁၀၄ က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဘာတိုက်ပွဲမှလည်းမရှိဘဲ သက်သက်မဲ့ ပစ်တာ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်ခဲ့ပြီး ပန်းဇိကျေးရွာဘုန်းကြီးကျောင်းအနီးတွင် ကျည်တစ်လုံး၊ စွန်တောင်ပေါ်နှင့် ပန်းဇိရွာကြားတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလက်နက်ကြီးကျည်များမှာ ရော်ဘာတောများအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “အခြေအနေကြည့်နေလို့ ဒီမနက် အဲဒီဘက်က (ပန်းဇိရွာက) လူတွေ […]

ထားဝယ်အရှေ့ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများတိမ်းရှောင်

Dawei Watch

February 19, 2025

ထားဝယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့မှ ညင်းထွေးရွာဘက်သို့ ရောက်ရှိလာသည့် အင်အား နှစ်ရာခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ထားဝယ်မြို့နယ်၏ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်နက်ကြီး ပစ်ခတ်ပြီး ရွာစဥ်တစ်လျှောက်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နေ့လယ်ပိုင်းတွင် ကင်းကုန်းရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။ စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ ရဲအိုင်၊ ပဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ ပခပ်အင်း၊ ကင်းကုန်းနှင့် ရေဝိုင်း စသည့် ကျေးရွာများမှ ရွာသားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါစစ်ကြောင်းကို တော်လှန်ရေးအင်အားစုဘက်က ဒရုန်းဖြင့် တိုက်ခိုက်မှုများရှိကြောင်း မြေပြင်ရှိ တော်လှန်ရေး ရဲဘော်များထံမှ […]

ပကာရီရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ဒေသခံသုံးဦး ကျည်ဆန်ထိမှန်

Dawei Watch

February 19, 2025

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပကာရီကျေးရွာဘက်သို့ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ကျည်ဆန်ထိမှန်သွားကြောင်း သိရသည်။ ထားဝယ်အရှေ့တောဒေသ ပကာရီရွာ၌ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဂိတ်နှင့်စခန်းကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီလ ၁၈ ရက်ညတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည် ။ တော်လှန်ရေးအင်အားစုများ သွားရောက်ပစ်ခတ်ပြီးနောက် နာရီဝက်အကြာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ချက်ခန့် ပြန်လည်ပစ်ခတ်ရာတွင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ “၈ နာရီခွဲလောက်ဂိတ်ကို လာပစ်တာအသံတွေကြားရပြီး ရပ်သွားတယ်။ ၉ နာရီထိုးလောက်မှ ဂိတ်ဘက်က ပြန်ပစ်ချတယ်။ အားလုံး ခြောက်ချက်ကြားလိုက်ရတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။ စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ခြောက်ချက်အနက် ကျည်ဆန်တစ်လုံးသည် ပကာရီရွာအောက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွာသားများထံမှသိရသည်။ […]

ထားဝယ်အရှေ့တောတွင် ငါးရှာသွားသည့် ဇနီးမောင်နှံမိုင်းနင်းမိပြီး အမျိုးသမီးဖြစ်သူသေဆုံး

Dawei Watch

February 18, 2025

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုတွင် သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး ငါးသွားရှာပြီး ပြန်လာစဥ် မိုင်းနင်းမိကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းအန္တရာယ်ရှိသဖြင့် မသွားကြရန် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က တားမြစ်ထားသည့် ဧရိယာ အတွင်းရှိ ရေချောင်းတစ်ခုအနီး၌ ဖေဖော်ဝါရီလ ၁၅ ရက်က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အသွားတုန်းက ရေချောင်းအတိုင်းဆန်တတ်သွားကြတယ်။ အပြန်မှာ ရေကြောင်းအတိုင်းပြန်မလာဘဲ ရေချောင်းဘေး ကနေ ကုန်းပေါ်က တက်သွားရာမှာ (မိုင်း) နင်းမိကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အမျိုးသားဖြစ်သူ ရှေ့ကသွားပြီး အမျိုးသမီးဖြစ်သူ နောက်ကလိုက်လာစဉ် အမျိုးသမီးဖြစ်သူ မိုင်းနင်းမိကာ သေဆုံး ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ အမျိုးသမီးဖြစ်သူ မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူ ပြန်လာခေါ်စဉ် အမျိုးသားဖြစ်သူလည်း […]