ထားဝယ်ကမ်းနားစျေး၌ စက်ဘီး ဆိုင်ကယ်လက်ခံသူ နေအိမ်တွင် ကြိုးဆွဲချသေဆုံး
Dawei Watch
February 28, 2025ထားဝယ်မြို့၊ ကမ်းနားစျေး၌ စက်ဘီး၊ ဆိုင်ကယ် လက်ခံရေးလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် နေအိမ်တွင် ကြိုးဆွဲချသေဆုံးကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ် အဖွဲ့ထံမှ သိရသည်။ အသက် ၄၃နှစ်အရွယ် ဦးဇော်လင်းသည် ကမ်းနားစျေးအနီးရှိ ၎င်း၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို စျေးသူ၊ စျေးသားများက ယနေ့ ဖေဖော်ဝါရီလ ၂၈ရက် နံနက် ၅ နာရီခန့်တွင် တွေ့ရှိကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “ညကတည်းက သေဆုံးနေပုံရတယ်။ ကြိုးဆွဲချသေနေတာက အိမ်ရှေ့၀ရန်တာမှာပါ” ဟု ၎င်းက ပြောဆိုသည်။ ဦးဇော်လင်း၏ ရုပ်အလောင်းကို တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယဉ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချသေဆုံးခဲ့သည်ကိုမူ မသိရသေးပေ။ […]


