လောင်းလုံး ဒေသခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး
Dawei Watch
October 12, 2024လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာက ဒေသခံတစ်ဦးနှင့် မောင်းမကန်ကျေးရွာက ဒေသခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ထပ်ဖမ်းခံရခြင်းဖြစ်သည်။ စက်တင်ဘာလ ၉ ရက်ကနေ့က စွန်တောင်ပေါ်ကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးသန်းအောင်(ခ) ဦးအေးအေးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးပြောသည်။ “ခြံထွက်သီးနှံတွေရောင်းပြီး ပြန်လာတဲ့အချိန်မှာ မေးစရာရှိလို့ဆိုပြီး လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်မှာလာခေါ်သွားတယ်” ဟု ဆွေမျိုးတစ်ဦးကဆိုသည်။ ဦးသန်းအောင်အား မည်သည့်အတွက် ဖမ်းဆီးသွားသည်ကို ပြောကြားခဲ့ခြင်းမရှိသည့်အပြင် တစ်လကျော်ကြာလာသည့် ယနေ့အချိန်အထိလည်း မိသားစုထံ ဆယ်သွယ်လာခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဦးသန်းအောင်နှင့်အတူ ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသည်ဟုဆိုသည်။ ဖမ်းဆီးသွားသည့် အဖွဲ့နာမည်ကိုမူ မိသားစုဝင်တို့မသိကြပေ။ အောက်တိုဘာလ […]


