ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သက်ငယ်မုဒိမ်းဖြင့် စွပ်စွဲခံရသူ တစ်ဦးကို သရက်ချောင်း ပအဖ ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

March 15, 2025

အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုဖြင့် စွပ်စွဲခံရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ အသက် ၁၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု တိုင်ကြားထားသဖြင့် ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးနေခြင်းဟု ၎င်းတို့ကဆို‌သည်။ မိန်းကလေးငယ်မိသားစုနှင့် ဆွေမျိုးနီးစပ်တော်ပြီး နေအိမ်မကြာခဏဝင်ထွက် နေလေ့ ရှိသည့် အဆိုပါအမျိုးသားသည် မတ်လ ၆ ရက် ည ၉ နာရီကျော်အချိန်တွင် အပေါ့သွားရန် အိမ်အောက်သို့ ဆင်းလာသည့် မိန်းကလေးကို ပါးစပ်ပိတ်ပြီး လယ်ကွင်းထဲခေါ်သွားကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက ပြောသည်။ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက သံသယရှိသဖြင့် သမီးဖြစ်သူကို ချက်ချင်းလိုက်လံရှာဖွေရာ သမီးဖြစ်သူကို လယ်ကွင်းထဲ‌တွင်တွေ့ရှိခဲ့ကြောင်း ဆိုသည်။ “သူ့အမေက ချက်ချင်းသတိရပြီး က‌လေးနာမည်ကိုအော်ခေါ်ပြီးလိုက်ရှာတော့ […]

ထားဝယ်တွင် လှေဝင်ချိန် ရွာပြန်သည့် လူငယ်သုံးဦး စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

March 14, 2025

ထားဝယ်မြို့တွင် ငါးဖမ်းလှေဝင်၍ ရွာပြန်လာသည့် လူငယ်အမျိုးသားသုံးဦးသည် စစ်မှုထမ်းစုဆောင်းခံရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။ မတ်လ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထားဝယ်မြို့၌ ငါးဖမ်းလှေဝင်၍ အလုပ်သိမ်းပြီး အိမ်ပြန်ချိန် ကမြောကင်းတံတား အနီး စစ်ဆေးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ဖမ်းတယ်ဆိုတာပဲသိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး။ လိုက်သွားတဲ့အချိန်မှာလည်း ကားပေါ်တင်ပြီး ခေါ်သွားကြတယ်” ဟု ၎င်းက ပြောဆိုသည်။ အသက် ၁၉နှစ်အရွယ် လူငယ်သုံးဦးမှာ လောင်းလုံးမြို့နယ် မောင်းမကန်ရွာသားများဖြစ်ပြီး တစ်လှေတည်းအတူ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဖမ်းဆီးခံရသည့် သတင်းကြားရပြီးနောက် မိသားစုဝင်များက ထားဝယ်မြို့သို့ လိုက်ပါသွားရာ ထားဝယ်မြို့ စုပေါင်းရုံးတွင် ခေါ်ယူထားသည်ကို […]

လောင်းလုံးတိုက်ပွဲတွင် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှတိုက်ခိုက်၊ ဒေသခံများ ဒဏ်ရာရ

Dawei Watch

March 13, 2025

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနှင့် စမ်းလှမ်းကျေးရွာများအနီးတွင် ယနေ့ မတ်လ ၁၃ ရက် နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့‌ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ရေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မောင်းမကန်ရဲစခန်းနှင့် လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ လက်ခတ်တောင် စစ်ကောင်စီစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ချိန်းတည်းဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှစ်ခုလုံးသို့ အနောက်ဘက်ပင်လယ်ရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ နံနက် ၁၀ နာရီကျော်အချိန်တွင်မူ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးရောက်လာပြီး လက်ခတ်တောင်ကို ဗုံးနှစ်လုံးကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မျက်မြင် ဒေသခံတို့ကပြောသည်။ “လေယာဉ်နဲ့ဗုံးချသွားတာကို ကျွန်တော်တို့မြင်လိုက်ရတယ်။ ပြီးမှ သေနတ်နဲ့ဆွဲသွားတာ” ဟု ၎င်းဒေသခံကဆိုသည်။ နေ့လယ် ၁ နာရီခန်တွင်နောက်တစ်ကြိမ် လေယာဥ်ဖြင့် လက်ခတ်တောင်နေရာအား […]

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင် ရှင်ဆံတော်ဘုရားပွဲ ပြန်ကျင်းပ

Dawei Watch

March 12, 2025

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ဆံတော်(ခ)ဆံတော်ရှင် ဘုရား၏ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇာတ်ပွဲထည့်သွင်း၍ ပြန်လည်ကျင်းပနေကြောင်း ဘုရားဂေါပကအဖွဲ့ထံကသိရသည်။ ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းမှု ကာလအတွင်း ရှင်ဆံတော်ဘုရားပွဲကို ဇာတ်ပွဲထည့်သွင်း ကျင်းပခြင်းမရှိဘဲ ဘုရားအနေကဇာတင်ပွဲနှင့် ငွေဆွမ်းလောင်းပွဲသာ နှစ်စဥ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဇာတ်ပွဲထည့်သွင်းကာ ကျင်းပခြင်းဖြစ်သည်။ “အစဥ်အလာတစ်ခုကို ပြန်လည်ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့ခံတွေရဲ့ တောင်းဆိုတဲ့ ဆန္ဒအရ ယခုနှစ်မှာ ညတစ်ဝက်(ည၁၂နာရီအထိ) ဇာတ်ပွဲထည့်ပြီး ပြန်ကျင်းပတာပါ ” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဘုရားပွဲကို တပေါင်းလဆန်း ၁၃ ရက်မှ တပေါင်းလပြည့်နေ့အထိ(မတ်လ ၁၁ ရက် မှ ၁၃ ရက်အထိ) သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့် နံနက်တွင် သံဃာအပါးငါးဆယ်ဖြင့် ဘုရားအနေကဇာတင်ခြင်း […]

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် တနင်္သာရီတိုင်းစစ်ကောင်စီ ကြိုပြင်၊ ထိုင်း-ဂျပန်တို့နှင့် ပူးပေါင်းမှုကို ဖျက်သိမ်း

Dawei Watch

March 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ စာချုပ်ချုပ်ဆိုပြီးနောက် တနင်္သာရီတိုင်း စစ်ကောင်စီဘက်ကလည် ယင်းစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေသည်။ ထားဝယ်မြို့ရှိ စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၁၁ရက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ် စလုံးတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ညွှန်ကြားခဲ့သည်။ ထိုနေ့က ကျင်းပသည့် ပထမ အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည်။ ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်လည်ပတ်လာပါက ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း စသည်တို့နှင့် ဆက်စပ်ပတ်သက်သည့် အုပ်ချုပ်ရေးကိစ္စများ အများအပြားထွက်ပေါ်လာမည်ဖြစ်ပြီး ထိုအုပ်ချုပ်ရေး ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် ဦးမြတ်ကိုက ၎င်းလက်အောက်ရှိ ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။ အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့လည်း များပြားလာနိုင်ကြောင်း ဦးမြတ်ကို ထိုအစည်းအဝေးတွင်ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဒုတိယ […]

ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်၊ လူနာလာလျှင် ဖုန်းဆက်ဝင်ခွင့်တောင်းရမည့်အပေါ် မြို့ခံများဝေဖန်

Dawei Watch

March 12, 2025

ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ညဘက် ဝင်ခွင့်ပိတ်ထားပြီး ညဘက် ဆေးကုသရန် လူနာလာမည်ဆိုလျှင် ဖုန်းဆက်ပြီး ဝင်ခွင့်တောင်းရမည်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီး၌ အဝင်အထွက်တံခါးပေါက် နှစ်ပေါက်ရှိရာတွင် အာဏာသိမ်းပြီးနောက် နေ့ည ၂၄ နာရီ ဖွင့်ထားသည့် သူနာပြုသင်တန်းကျောင်းဘက် ဝင်ပေါက်ကို မတ်လ ၉ ရက်က စပြီး ညဘက်ဝင်ခွင့် ပိတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဆေးရုံတာဝန်ရှိသူတို့၏ ညွှန်ကြားချက်အရဟုဆိုကာ နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ဖွင့်ပေးတော့ကြောင်း ဆေးရုံ ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ “ဆေးရုံကတော့ ညဘက်ပိတ်တာတော့ မဟုတ်ပါဘူး။ ညဘက် ၁၀ နာရီဆိုရင် တံခါးသော့ခတ်လိုက်တယ်။ တံခါးမှာ ဖုန်းနံပါတ်တွေ စာရွက်မှာ ရေးပြီး ချိတ်ပေးထားတယ်။ လူနာလာလို့ ဖုန်းဆက်ရင် သက်ဆိုင်ရာ […]

ထားဝယ်မြစ်ထဲ စစ်ကောင်စီစက်လှေပစ်ခတ်ခံရပြီးနောက် ကမ်းနားရှိ ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့်ပြန်ပစ်

Dawei Watch

March 12, 2025

ထားဝယ်မြစ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေတစ်စီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် ဘက်က ထားဝယ်မြစ်ကမ်းနားတစ်လျှောက်ကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းဘက်သို့ ထားဝယ်မြစ်အတိုင်းဆင်းလာ‌သော အဆိုပါ စက်လှေကို ထားဝယ်ခရိုင်တပ်ပေါင်းစုက မတ်လ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ တပ်ပေါင်းစုဘက်က ပစ်ခတ်သည့် RPG ထိမှန်ပြီး စက်လှေမီးလောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အဲဒီမှာသူတို့ (စစ်ကောင်စီတပ်က) ထိခိုက်ဒဏ်ရာရမှုက သိရသလောက်ကတော့ ၂၀ လောက်တော့ သေတယ်။ ဒဏ်ရာ ရတာကတော့ အနည်းဆုံး ၃၀ ဝန်းကျင်လောက်ရှိမယ်” ဟု တပ်ပေါင်းစုထဲတွင်ပါဝင်သော လောင်းလုံး ပကဖ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ […]

ဇာဒီကျေးရွာအုပ်စုတွင် နှစ်လကျော်ကြာဖြတ်တောက်ခံထားရသည့်လျှပ်စစ်မီး ပြန်ရ

Dawei Watch

March 11, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီအုပ်စုတွင် နှစ်လကျော်ကြာ ဖြတ်တောက်ခံထားရသည့် လျှပ်စစ်မီး ယနေ့ မတ်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ လျှပ်စစ်မီးနှင့် လည်ပတ်ရသည့် ဆက်သွယ်ရေးတာဝါတိုင်များလည်း ပြန်လည်ပတ်နိုင်၍ မိုင်တဲနှင့် အက်တမ် အော်ပရေတာများလည်း ပြန်လည်ဆက်သွယ်၍ ရပြီဖြစ်ပြီး အမ်ပီတီမှာ မရသေးကြောင်း ဒေသခံများက ဆိုသည်။ “အမ်ပီတီက တာဝါတိုင်စက်ပျက်နေလို့ ပြန်မလည်နိုင်တာပါ။ ပြန်ပြင်သမားကလည်း မလာတော့ ပြန်မရတော့ဘူး။ မိုင်တဲ နဲ့ တယ်လီနော (အက်တမ်) က မီး (လျှပ်စစ်) လာတာနဲ့ ပြန်ရသွားတာပဲ” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ဇာဒီရွာမှ ဆရာတော်များက လျှပ်စစ်မီး ပြန်လည်ဆက်သွယ်ပေးရန် မောရဝတီရေတပ်စခန်းဌာနချုပ်တွင် သွားရောက်တောင်းဆိုခဲ့သေးကြောင်း ဆရာတော်များနှင့် နီးစပ်သည့် […]