စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မည်စိုး၍ လောင်းလုံး၊ကညုံကျွန်းရွာသားများ နေရပ်စွန့်ခွာ
Dawei Watch
April 23, 2024စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်လာနိုင်သဖြင့် ထားဝယ်မြစ်ကမ်းဘေး လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်းကျေးရွာခံအချို့ နေရပ်စွန်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဧပြီ ၂၃) ထားဝယ်မြစ်အတိုင်းဆင်းလာသည့် စစ်သင်္ဘောတစ်စီး ကညုံကျွန်းကျေးရွာအနီးသို့ ရောက်ရှိလာပြီး နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါ စစ်သင်္ဘောကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းကြောင့် စစ်သင်္ဘောကလက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “စစ်သင်္ဘောကတော့ မရှိတော့ဘူး အောက်ဖက်( ကျောက်နီမော်ရွာဖက်) ဆင်းသွားပြီ။ ဒါပေမဲ့ ရွာသားတစ်ချို့ကတော့ ရှောင်နေကြတယ်။ တစ်ချို့တွေကလည်းရွာထဲမှာပဲ အခြေအနေကြည့်ပြီး နေကြတာပေါ့” ဟု ဒေသခံတစ်ဦးကဆိုသည်။ စစ်သင်္ဘောမှာ ညဘက်ရောက်လာပြီး လာရောက်ပစ်ခတ်မည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။ ဧပြီလ ၁၉ ရက်က စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချယ်နယ်တစ်ခုတွင် ထားဝယ်မြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် […]