ထားဝယ်နည်းပညာတက္ကသိုလ်က စစ်ကောင်စီတပ်သားသုံးဦးကို ဒူရကစစ်ကြောင်း ပစ်သတ်
Dawei Watch
March 21, 2025ထားဝယ်မြို့အနီး၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သား သုံးဦး မတ်လ ၁၈ရက် နံနက်ပိုင်းက အပြင်ထွက်ချိန် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သွားရောက်ပစ်ခတ်ခဲ့သည့် ဒူရကစစ်ကြောင်းထံမှ သိရသည် ။ အဆိုပါ စစ်ကောင်စီတပ်သားသုံးဦးထံမှ သေနတ်သုံးလက်နှင့် ကျည်ဆန်၊ ကျည်ဘောက်များလည်း သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ဘုရားမဲဂိတ်အနားမှာပဲ မုန့်ထွက်ဝယ်တဲ့အချိန် ပစ်လိုက်တယ်။ သုံးယောက်ကတော့ တစ်ခါတည်းသေသွားတယ်။ ဂိတ်ဘက်နဲ့ နည်းပညာတက္ကသိုလ်ဘက်က ပြန်ပစ်လို့ အပြန်အလှန်ဆယ်မိနစ်လောက် ပစ်ပြီးတာနဲ့ လက်နက်ကောက်ပြီး ပြန်ဆုတ်လာလိုက်တယ်။ (ဒူကရစစ်ကြောင်းဘက်က) အထိအခိုက်တော့ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားသုံးဦး၏ ရုပ်အလောင်းကို လူနာတင်ယာဥ်ဖြင့် ထားဝယ်မြို့ဘက်သို့ သယ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည်။ ဒူရကစစ်ကြောင်းက မတ်လ ၂၀ […]


