ထားဝယ်မြို့ပေါ်တွင် ကထိန်ပဒေသာပင် အရောင်းသွက်
Dawei Watch
November 9, 2024ယခုနှစ် ကထိန်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ နိဗ္ဗာန်ကုန်ဆိုင်များတွင် ကထိန်ပဒေသာပင်များ ယမန်နှစ်ကထက်ပို၍ အရောင်းသွက်သည်ဟု နိဗ္ဗာန်ကုန်လုပ်ငန်းရှင်များထံက သိရသည်။ နယ်ဘက်တွင် ပဋိပက္ခများကြောင့် အလှူလုပ်ရန်ခက်သဖြင့် ကထိန်ခင်းအလှူပွဲများကို မြို့ပေါ်သို့ ရွှေ့ပြောင်းပြုလုပ်သူများလာသဖြင့် မြို့ပေါ်ရှိကထိန်များအတွက် ပဒေသာပင် ပိုရောင်းရသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည် ။ ယင်းအပြင် တန်ဆောင်တိုင်ကာလအကြို မြို့တွင်းရပ်ကွက်များ၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ခံသည့်နေရာများလည်း ယခင်နှစ်ကထက် ပိုစည်ကားလာပြီး ကိုဗစ်မတိုင်မီကဲ့သို့ ပဒေသာပင်လှူဒါန်းသူများ ပြန်ရှိလာသဖြင့် ပဒေသာပင် အရောင်းသွက်နေခြင်းဖြစ်ကြောင်း နိဗ္ဗာန်ကုန်ရောင်းသူတို့ကဆိုသည်။ ပုံနှိပ်စက်ဖြင့်ထုတ်သည့် စက္ကူပဒေသာပင် ၊ ပန်းချီရေး စက္ကူပဒေသာပင်နှင့် အရုပ်ပုံပဒေသာပင် ဟူ၍ စျေးကွက်အတွင်း ဖြန့်ချိပြီး ယခုနှစ်တွင် သုံးမျိုးစလုံးအရောင်းသွက်သည်ဟု ဆိုကြသည်။ “ပဒေသာပင်လှူတာက အစဥ်အလာတစ်ခုဖြစ်နေတော့ အစဥ်အလာမပျက်လှူကြတယ်။ ဆိုင်မှာဆို အခုကထိန်ရာသီတောက်လျှောက် မနက်ကနေ ညအထိပဒေသာပင်ပဲ လုပ်နေရတယ်။ အခုနှစ်က […]


