ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် ရွှေဝယ်သဇင်တည်းခိုရိပ်သာ မီးလောင်

Dawei Watch

April 25, 2025

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ထားဝယ်မြို့ပတ်လမ်းမပေါ်ရှိ ရွှေဝယ်သဇင်တည်းခိုရိပ်သာ၌ ဧပြီလ ၂၄ ရက် ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြို့ခံများကပြောသည်။ တည်းခိုရိပ်သာအတွင်းရှိ လုံးချင်းအဆောင်တစ်ဆောင်၏ အခန်းတစ်ခန်းက မီးစတင်လောင်ကျွမ်းကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူတစ်ဦးက ဆိုသည်။ “လူနိုင်သွားတော့ ကြီးကြီးမားမား ပျက်စီးသွားတာမျိုးမရှိဘူး။ တည်းခိုနေတဲ့ အသက်ကြီးပိုင်း သံဃာတစ်ပါးပဲ (ပွန်းပဲ့) ဒဏ်ရာနည်းနည်း ရတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ မျက်နှာကြက်တွင် တပ်ဆင်ထားသော လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်သည်။ မီးလောင်မှုကြောင့် တည်းခိုးခန်း၏ အခန်းရှစ်ခန်းက တစ်ယောက်အိပ်ခုတင် ရှစ်လုံး၊ ပန်ကာရှစ်ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်လေးသိန်းခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံပရဟိတအဖွဲ့၊ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း […]

ရေဖြူတွင် ရွာငါးရွာက ဒေသခံများ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်

Dawei Watch

April 24, 2025

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာနေသည့် မင်းသားကျေးရွာ အုပ်စုအနီးပတ်ဝန်းကျင်ရှိ ကျေးရွာငါးရွာက ဒေသခံများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်တွင်ရှိသည့် ဆင်စွယ်၊ ရေငံကြီး၊ ကျောက်တစ်လုံး၊ စိန်ဘုံနှင့် ဘုရားသုံးဆူရွာတို့က ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကျွန်တော်တို့ဆီကို ရောက်နေတာက ရွာငါးရွာက အိမ်ထောင်စုတစ်ရာကျော်၊ လူဦးရေအားဖြင့် ငါးရာကျော်ရှိတယ်။ အခြားပတ်ဝန်းကျင်ရွာတွေကတော့ ဆွေမျိုးသားချင်းတွေရှိတဲ့ ကံပေါက်ဘက်ကို ရှောင်ကြသူတွေလည်း ရှိကြတယ် ” ဟု စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းအိမ်ထောင်စုတစ်ရာကျော်အတွက် စားနပ်ရိက္ခာနှင့် ခြင်ထောင်များအပြင် ငှက်ဖျားရောဂါအတွက် ဆေးဝါးနှင့် အရေးပေါ်သုံး ဆေးဝါးများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ ဧပြီလ ၂၀ ရက်က တိုက်ပွဲစဖြစ်ခဲ့သည့် မင်းသားရွာတွင်မူ […]

သင်္ကြန်ကာလအပြီး ကံပေါက်တွင် ကလေးငယ်အချို့ သွေးလွန်တုပ်ကွေးဖြစ်

Dawei Watch

April 24, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ယခုနှစ် သင်္ကြန်ကာလအပြီး ဧပြီလတတိယအပတ်တွင် ကလေးငယ်အချို့ သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး ဖျားနာသူလည်း များနေကြောင်း ဒေသခံကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ကံပေါက်တိုက်နယ်ဆေးရုံတွင် သွေးလွန်တုပ်ကွေး စစ်ဆေးတွေ့ရှိပြီး ဆေးရုံတွင်ဆက်လက်ကုသနေသူနှင့် ထားဝယ် ဆေးရုံသို့ လွှဲပြောင်းပေးသည့် ကလေးလူနာလေးဦးရှိကြောင်း ဆေးရုံနှင့်နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “သွေးလွန်တုပ်ကွေး စစ်ပြီး လက္ခဏာပြင်းလာရင်တော့ ဒီမှာလည်း ဝန်ထမ်းအင်အား လုံလုံလောက်လောက် မဟုတ်တော့ ထားဝယ်ဆေးရုံကိုပဲ လွှဲပေးတယ်။ လက္ခဏာမပြင်းရင်တော့ ဒီမှာပဲ စောင့်ကြည့်ကုသပေးနေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ပြင်ပဆေးခန်းများတွင်လည်း သင်္ကြန်ကာလအပြီး ဖျားနာလက္ခဏာဖြင့် ဆေးခန်းလာပြသူလည်း များနေကြောင်း ပြင်ပဆေးခန်းတစ်ခုထံမှ သိရသည်။ “ရာသီအကူးအပြောင်းဆိုတော့ ဖျားနာတဲ့သူများနေတယ်။ သင်္ကြန်တွင်းမှာ အရမ်းပူပြီး မိုးလည်းရွာလိုက်သေးတော့ ဖျားနာတဲ့သူ ပိုများသွားတယ်။ မိုးရွာထားတော့ ခြင်လည်းထွက်လာတယ်။ ခြင်လာတော့ […]

ထားဝယ်အရှေ့တောတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရွာသားတစ်ဦးသေဆုံး

Dawei Watch

April 24, 2025

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် တောင်သုံးလုံး ရွာသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ယနေ့ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာ ပတ်ဝန်းကျင်တွင် စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က K8W တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ တောင်သုံးလုံးရွာစာသင်ကျောင်းကို ဗုံးထိမှန်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ကျော်အရွယ် ကိုအီစာ သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA / ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်း တပ်များကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ကျောက်မဲတောင်နှင့် တောင်သုံးလုံးကျေးရွာတို့က […]

ထားဝယ်အရှေ့တော ကျောက်မဲတောင်စခန်းအနီးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

April 23, 2025

ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးကားလမ်းပေါ်က ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီ ရဲစခန်းအနီးကို ယနေ့ ဧပြီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ကျောက်မဲတောင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်သံတော့ မကြားရသေးဘူး။ စခန်းကို ဝိုင်းထားတယ်လို့ပဲ မနက်က သတင်းရတာ၊ အခုလေးတင် ကျောက်မဲတောင်စခန်းဘက်ကို ဗုံးနှစ်လုံးကြဲချသွားတယ်” ဟု ဝကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ တောင်သုံးလုံး၊ ကျောက်မဲတောင်နှင့် မေတ္တာမြို့လမ်းပိုင်းကို KNLA/PDF ပူးပေါင်းတပ်များက ပိတ်လိုက်ပြီး ဒေသခံများကို ဘေးလွတ်ရာ […]

ထားဝယ်တွင် သီလရှင် မီးသင်္ဂြိုဟ်စက်တည်ဆောက်မည်

Dawei Watch

April 23, 2025

ထားဝယ်မြို့ တွင် သီလရှင်များအတွက် သီးသန့်အသုံးပြုရန် မီးသင်္ဂြိုဟ်စက်တည်ဆောက်မည်ဖြစ်ကြောင်း ထားဝယ်မြို့သီလရှင် မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့ရှိ ဩဝါဒစရိယဆရာတော်များ၏ မိန့်ကြားခွင့်ပြုချက်ဖြင့် ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက်၊ ဘုန်းကြီးပျံကုန်းတွင်ရှိသည့် ဘုန်းကြီးမီးသင်္ဂြိုဟ်စက် နံဘေးတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ ၏ ဘဏ္ဍာရေးတာဝန်ရှိသူက ပြောသည်။ “တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ သီလရှင် ဆရာလေး၊ ဆရာကြီးတွေရဲ့ သီလဂုဏ်၊ ပညာဂုဏ်နဲ့အညီ နောက်ဆုံးခရီးကို တပည့်ဒကာတွေက တင့်တင့်တယ်တယ် ကျင်းပပေးနိုင်အောင်ပါပဲ။ အခုက လူတွေနဲ့အတူ သင်္ဂြိုဟ် နေရတဲ့အခါကျတော့ မသင့်တော်ဘူးလို့ မြင်တယ်ပေါ့နော်၊ ဒါကြောင့်ပါ” ဟု ၎င်းက ဆိုသည်။ မီးသင်္ဂြိုဟ်စက် ခေါင်းတိုင်အမြင့်မှာ ပေ ၇၀နှင့် အထက်ရှိမည်ဖြစ်ပြီး ကျပ်သိန်း ၁၅၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ အများပြည်သူလှူဒါန်းငွေဖြင့် […]

ရေဖြူမြို့နယ် စိန်ဘုံရွာတွင် လက်နက်ကြီးထိမှန်၍ နေအိမ် သုံးလုံးပြို၊ ဘုန်းကြီးကျောင်း ကျည်ထိမှန်

Dawei Watch

April 22, 2025

ရေဖြူမြို့နယ် ၊ နတ်ကြီးစင်ကျေးရွာအုပ်စု ၊ စိန်ဘုံရွာတွင် ဧပြီလ ၂၁ ရက်ညက စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံးပြိုသွားကာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။ စိန်ဘုံရွာသည် ဧပြီလ ၂၀ ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်အင်အားစုများအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေသည့် မင်းသားကျေးရွာအုပ်စုနှင့် ကပ်လျက်တည်ရှိသည် ။ လက်နက်ကြီးကျည်ထိမှန်၍ စိန်ဘုံဘူတာရုံ အနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် လူနေအိမ်နှစ်လုံး ပျက်စီးသွားကြောင်း၊ ရွာသားများ ဧပြီလ ၂၁ ရက်ကတည်းက ကြိုတင်ရှောင်တိမ်းနေကြသဖြင့် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ ” စိန်ဘုံမှာ ကုန်စုံဆိုင် အပါအဝင် အိမ်သုံးလုံးပြိုသွားတယ် ။ ဘုန်းကြီးကျောင်းမှာလည်းကျည် ထိထားတာရှိတယ် ။ ဘူတာရုံနဲ့ကျောင်းက ကပ်နေတာ ။ လက်နက်ကြီးက မောရဝတီဘက်ကရော ၊ […]

ရေဖြူတွင် စစ်ကောင်စီတပ်က ဖမ်းသွားသည့်ရွာသားနှစ်ဦး ဆယ်ရက်ကျော်အထိ ပြန်မလွတ်

Dawei Watch

April 22, 2025

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စု ၊ ကျောက်ထရံရွာတွင် ဧပြီလ ပထမအပတ်က စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းခေါ်သွားသည့် ကျောက်ထရံရွာသားတစ်ဦးနှင့် ဖြူနပ်ရွာသားတစ်ဦး ယနေ့ ဧပြီလ ၂၂ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများထံမှသိရသည် ။ ဖမ်းခေါ်ခံရသူ နှစ်ဦးမှာ ကျောက်ထရံရွာတွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးသန်းသန်းနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် ဖြူနပ်ရွာသား အသက် ၄၀ ဝန်းကျင် ကိုနိုင်နိုင် တို့ဖြစ်သည် ။ မတ်လ ၃၁ ရက်တွင် ဇာဒီအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းသည် ဇာဒီရွာမှပြန်ထွက်လာပြီး ဧပြီလ ၇ ရက်တွင် ကျောက်ထရံရွာ၌ ညအိပ်ကာ ရွာသားနှစ်ဦးကို ဖမ်းခေါ်၍ ပြန်ထွက်သွားကြောင်း ရွာသားများ ကပြောသည်။ “တန်ခူးလဆန်း ၁၀ ရက် […]