ထားဝယ်တွင် သွေးအလှူရှင်အဖွဲ့ငါးဖွဲ့ပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ဖွဲ့စည်း
Dawei Watch
May 23, 2025ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သွေးအလှူရှင်အသင်းများကွန်ရက်ထံမှ သိရသည်။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။ မသမာနည်းနှင့် အသုံးချပြီး သွေးလိုအပ်သည့် လူနာများအပေါ် အခကြေးငွေယူကာ ခေါင်းပုံဖြတ်ခြင်းများကို လုပ်ဆောင် နေသည့် အဖွဲ့အစည်းရှိလာခြင်းကြောင့် အားလုံးစုစည်းကာ မူတစ်ခုချမှတ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သွေးအလှူရှင်များအသင်းကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းက ပြောသည်။ “အဓိက ပြီးခဲ့တဲ့အပတ် […]


