လောင်းလုံး အင်းဝန်းရွာထိပ်တွင် လက်နက်ကြီးကျပြီး အမျိုးသားသုံးဦး ပြင်းထန်ဒဏ်ရာရ
Dawei Watch
May 16, 2025လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာ ရွာထိပ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားသုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရွာထိပ်တွင်ရှိသော အလူမီနီယံအလုပ်ရုံရှေ့တွင် ရပ်ထားသည့် ဗွီဂိုးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကားပေါ် ကျတယ် ။ အခု ကားမီးလောင်နေတယ်။ လူနာတွေလည်း ဆွဲထုတ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အလူမီနီယံအလုပ်ရုံအနီး ကွမ်းယာ ရောင်းနေသည့် အင်းဝန်းရွာသား ကိုနိုင်စိုး၊ သာယာကုန်းရွာသား ကိုဗဒင်နှင့် ကွမ်းယာဝယ်နေသည့် သောကြာပြင်ရွာသား အမျိုးသားတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ “ကိုဗဒင်က လည်ပင်းမှာထိတယ်။ ဒဏ်ရာပြင်းတယ်။ ကိုနိုင်စိုးက နံကိုင်းမှာ […]


