စစ်ကောင်စီတပ်သားက အသက် ၇၀ အရွယ်အဖွားကို အကြိမ်ကြိမ်မုဒိမ်းကျင့်
Dawei Watch
June 26, 2025လောင်းလုံးမြို့နယ်က ကျေးရွာအချို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားတစ်ဦးက အသက် ၇၀ ကျော်အရွယ် ကညုံကျွန်းရွာသူ အဖွားတစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် လုံခြုံရေးအခြေအနေအရ ကာယကံရှင်အဖွားမှာ ကညုံကျွန်းရွာတွင်မနေတော့ဘဲ အခြားသို့ မိသားစုအလိုက် ပြောင်းရွှေ့သွားပြီဖြစ်သည်။ မုဒိမ်းကျင့်ခံရသည့်အဖွားနှင့် Dawei Watch က ဇွန်လ ၂၆ ရက်နေ့တွင် တိုက်ရိုက်စကားပြောခွင့် ရခဲ့သည်။ ကျူးလွန်ခံရသူအဖွား၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာထဲသို့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဇွန်လ ၁၆ ရက်တွင် အရပ်ခပ်ပုပု အသက် ၄၀ ခန့်အရွယ် စစ်ကောင်စီတပ်သားတစ်ဦး အဖွားနေအိမ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီတပ်သား၏ နာမည်ကိုမူ “ဖိုးချေ” ဟုခေါ်သံကြားရကြောင်း ရောက်ရောက်ချင်း နေအိမ်တွင်နှစ်ဦးတည်းရှိနေသည့် အသက် ၇၀ […]


