မင်းဒပ်ရွာမှ စစ်ကောင်စီတပ် ပြန်ထွက်သွားသော်လည်း အန္တရာယ်ရှိ၍ ဒေသခံများကို နေခွင့်မပြုသေးဟုဆို
Dawei Watch
June 28, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ဝင်းဝစခန်းအနီးရှိ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီဖြစ်သော်လည်း အန္တရာယ်ရှိသေးသဖြင့် ဒေသခံများကို နေခွင့်မပြုသေးကြောင်း KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)တပ်ခွဲမှူး စောဘဦးသစ်ကပြောဆိုသည်။ မင်းဒပ်ရွာတွင် မေလ ၂၈ ရက်နေ့မှစကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ဇွန်လ ၂၆ ရက်ညနေခန့်တွင် ရွာမှပြန်ထွက်သွားပြီဖြစ်၍ ဒေသခံများမှာ နေရပ်ပြန်လည် နေထိုင်လိုနေခြင်းဖြစ်သည်။ သို့သော် KNLA တပ်ဖွဲ့က နေထိုင်ခွင့် မပေးသေးသဖြင့် ဒေသခံများက မကျေနပ်ကြဘဲ ဝေဖန်ပြောဆိုနေကြသည်။ ယင်းနှင့်ပတ်သက်၍ Dawei Watchက ဆက်သွယ်မေးမြန်းရာတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုမပြီးသေးသဖြင့် ရွာသူရွာသားများ အန္တရာယ်ဖြစ်မည်စိုးသဖြင့် နေထိုင်ခွင့်မပြုခြင်းသာဖြစ်ကြောင်း စောဘဦးသစ်က ရှင်းပြသည်။ “ကျွန်တော်တို့က ပြည်သူတွေထိခိုက်နစ်နာမှာစိုးလို့မဝင်ခိုင်းတာ၊ အခုကျွန်တော်တို့ဝင်တယ် ကျွန်တော်တို့ရဲဘော်တွေတောင် မိုင်းထိသေးတယ်၊ ပြည်သူတွေထိခိုက်မှာစိုးလို့ ပြောတာကို အဲ့ဒီစေတနာကို သူတို့တွေနားမလည်ရင် […]


