BREAKING
May 14, 2025

ထားဝယ်

မောရဝတီရေတပ်က ခွင့်ပြုမှသာ ကံပေါက်တိုက်နယ်ကို ဆေးဝါးသယ်ယူခွင့်ပေး

Dawei Watch

August 18, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်သို့ အိမ်သုံး၊ဆေးရုံသုံး ဆေးဝါးသယ်ယူခွင့်ကို မောရဝတီရေတပ်က ယခုလဆန်းပိုင်းကစ၍ ကန့်သတ်လာသည်ဟု ဒေသခံ ဆေးဝါးရောင်းချသူများ အသိုင်းအဝိုင်းထံကသိရသည်။ ဆေးဝါးသယ်ယူခွင့်ကို လုံးဝကန့်သတ်လိုက်ခြင်းမဟုတ်ဘဲ ဆေးဝါးသယ်ယူပါက အထောက်အထားအပြည့်အစုံဖြင့် မောရဝတီရေတပ်သို့တင်ပြပြီးမှ သယ်ယူခွင့်ပြုသည်ဟု ၎င်းတို့ကဆိုသည်။ ” ဆရာဝန်တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်၊ ပြီးတော့ ဘယ်ဆေးဝါး၊ ဆေးအမျိုးအစားနဲ့ အရေအတွက်ကို အကုန်တင်ပြခိုင်းတယ်။ အဲလိုမတင်ပြထားဘဲ သယ်လာလို့ရှိရင် ဆေးပစ္စည်းသိမ်းသွားတယ်။ မောရဝတီမှာ လိုက်ထုတ်ရတာမျိုး အထိရှိတယ်” ဟု အမည်မဖော်လိုသည့် ကံပေါက်ဒေသခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ဆေးဝါးစာရင်းမတင်ပြဘဲ သယ်လာမိသဖြင့် သိမ်းဆည်းခံရသည့် ဆေးပစ္စည်းအချို့တွင် ကံပေါက်တိုက်နယ်ဆေးရုံက ဆေးဝါးများပင်ပါဝင်သည်ဟု ဆေးရုံနှင့်နီးစပ်သည်သူများထံက သိရသည်။ ယင်းသို့ ဆေးပစ္စည်းများအား ကံပေါက်ရွာထိပ်ရှိ သစ်တောရုံး စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကြပ်သဖြင့် ကားသမားအချို့က ဆေးပစ္စည်းများကို မတင်ပေးတော့ကြောင်း ကားသမားများထံကသိရသည်။ […]

ထားဝယ်မြို့ပေါ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ဆူညံ

Dawei Watch

August 17, 2024

ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်နှင့် မြို့အနောက်ဘက် ကျေးရွာအချို့တွင် ယနေ့ညနေမှ၍ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံလျက်ရှိသည်။ ဩဂုတ်လ ၁၇ ရက်နေ့ ညနေမှစကာ ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲအထိ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ခံတို့ထံမှ သိရသည်။ လက်ရှိအချိန်ထိ လက်နက်ကြီးကျရောက်ပေါက်ကွဲသံ ၈ ချက်ထက်မနည်းကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ထားဝယ်မြို့သစ်နေသူတစ်ဦးက ပြောသည်။ “လက်နက်ငယ်နဲ့ပစ်တာနဲ့ လက်နက်ကြီးပစ်တာနဲ့ တစ်ဝုန်းဝုန်းပဲ။ အခုတောင် ပစ်သံကြားရပြန်ပြီ” ဟု ၎င်းက ညနေ ၆ နာရီခွဲခန့်က ပြောသည်။ စစ်ကောင်စီတပ်နှင့် PDF တပ်များအကြား အပြန်အလှန်ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်နေခြင်း ဆိုသည်ကိုမူ မသိရကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ ထားဝယ်မြို့ တစ်ဖက်ကမ်း ရွာအချို့ဘက်တွင်လည်း ပစ်ခတ်သံ […]

မောင်းမကန်အနီး ပစ်ခတ်မှုဖြစ်နေ

Dawei Watch

August 17, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရွာအနီးတစ်ဝိုက်တွင် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ကျော်မှစပြီး ပစ်ခတ်မှုများ‌ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန်ရဲစခန်းနှင့် အနီးအနားဘက်က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ထက်မနည်းကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “(တော်လှန်ရေးတပ်) တစ်ဖွဲ့ဖွဲ့က လာပစ်တာဖြစ်မယ်။ အခုတော့ အသံတိတ်နေတာ ငါးမိနစ်လောက်ရှိပြီ။ ရွာမှာတော့တိတ်ဆိတ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေသည့် အချိန်အတွင်း မောင်းမကန်ရဲစခန်းဘက်နှင့် သုံးထပ်လမ်းအနီးဝန်းကျင်တွင် မီးခိုးများထွက်ပေါ်နေသည်ကို မြင်တွေ့ရကြောင်း မောင်းမကန်ရွာ ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၆ ရက် ည ၁၁ နာရီခန့်တွင်လည်း မောင်းမကန်ကမ်းခြေရှိ KTV အဆောင် လေးဆောင်ကို PDF အဖွဲ့တဖွဲ့ကမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ” KTV […]

ဖမ်းခေါ်ခံရသည့် ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့

Dawei Watch

August 16, 2024

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးကျော်မြင့်၏ ရုပ်အလောင်းကို ထားဝယ်မြစ်ကမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက ပြန်တွေ့ကြောင်း မြို့ခံအချို့နှင့် စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှသိရသည်။ ဆင်ဆိပ်လမ်းကွေ့အနီး နေအိမ်တွင်နေထိုင်ပြီး သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်မြင့်ကို ဩဂုတ်လ ၁၅ ရက် နံနက်တွင်လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်စောစောတွင် ဆင်ဆိပ်ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရှိ လောင်းလုံးမြို့နယ်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “သူနေတဲ့ နေရာနဲ့နီးနီးပဲ။ ဟိုဖက်ကမ်းမှာ တွေ့တာ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် ၁၉၉၀ အလွန်နှစ်များက စစ်ခေါင်းဆောင် ဦးသန်းရွှေလက်ထက် ထားဝယ်ခရိုင် […]

မောရဝတီရေတပ်က ဖမ်းထားသည့် ဖောင်းတောရွာသားနှစ်ဦး မိသားစုနှင့်အဆက်အသွယ်မရ

Dawei Watch

August 15, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဩဂုတ်လဆန်းပိုင်းနှင့် ၁၃ ရက်တို့က အဖမ်းခံထားရသည့် ရွာသားနှစ်ဦး မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ အသက် ၂၅ နှစ်ဝန်းကျင် ကိုဇေယျာဦးနှင့် အသက် ၅ဝ ကျော်အရွယ် ဦးသိန်းမြင့်လွင် (ခ) ကိုစုကမ်း တို့နှစ်ဦးကို မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားများက ၎င်းတို့၏နေအိမ်များတွင်ပင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများ ပြောသည်။ ကိုဇေယျာဦးသည် ရေဖြူမြို့နယ်၊ ကောင်းမှုရွာသားဖြစ်ပြီး ဖောင်းတောရွာသူနှင့် အိမ်ထောင်ကျပြီးနောက် အုန်းပင်ကွင်း ရွာရှိ ဥယျာဉ်ခြံသို့ ပြောင်းရွှေ့နေထိုင်နေသူဖြစ်ကြောင်း ကိုဇေယျာဦး နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ ကိုဇေယျာဦးသည် ဖောင်းတောရွာနေအိမ်သို့လည်း ရံဖန်ရံခါပြန်လာလေ့ရှိကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ “ဖောင်းတောအိမ်က သူတို့တွေ သိပ်မနေဘူး။ တစ်ခါတလေမှ ပြန်လာကြတယ်။ အုန်းပင်ကွင်းမှာ ခြံသွားစိုက်နေကြတာ။ ၁၃ ရက်နေ့ […]

ထားဝယ်တွင် စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း ပစ်ခတ်ခံရ

Dawei Watch

August 15, 2024

ထားဝယ်မြို့ တွင် တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသည့်ယာဉ်တန်း ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့၊ စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဉ်တန်းသည် ဩဂုတ်လ ၁၅ ရက် ယနေ့ နံနက် ၈ နာရီခန့်က ဆင်ဆိပ်ရပ်ကွက် ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် ပစ်ခတ်ခံရကြောင်း တိုင်းစစ်ကောင်စီရုံးနှင့် နီးစပ်သူနှစ်ဦးက ပြောသည်။ “ယာဉ်တန်းနဲ့ သွားနေတုန်း အပစ်ခံရတာလို့ ကြားတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု တနင်္သာရီတိုင်း စစ်ကောင်စီရုံးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ် အကြီးတန်းအရာရှိတစ်ဦး ထားဝယ်မြို့ကို ရောက်နေသည့်အတွက် နယ်လုံဝန်ကြီးက ယာဉ်တန်းဖြင့် သွားလာချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သူ အခြားတစ်ဦးက […]

ထားဝယ်တွင် စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်

Dawei Watch

August 14, 2024

ထားဝယ်မြို့တွင် စက်သုံးဆီ ပြတ်လပ်သွားသဖြင့် ဆိုင်ကြီးများအားလုံး အရောင်းရပ်ဆိုင်းသွားကြောင်း မြို့ခံအချို့က ပြောသည်။ တစ်နိုင်တပိုင် အရောင်းဆိုင်များတွင်မူ ဝယ်ယူရရှိနေဆဲဖြစ်သော်လည်း ယခင်ကထက် ထက်ဝက်ကျော် ဈေးထိုးတက် သွားကြောင်း မြို့ခံတို့ကဆိုသည်။ ယခင်က ထားဝယ်မြို့တွင် စက်သုံးဆီတစ်လီတာကို ၃၂၀၀ ကျပ်သာရှိရာမှ လက်ရှိတွင် တစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “အခု မြို့ထဲက ပြန်လာတာ ဆိုင်ကြီးတွေမှာ ဘယ်ဆိုင်မှာမှ ထည့်မရဘူး။ လမ်းဘေးဆိုင်က ထည့်လာတာ တစ်လီတာက ၅၀၀၀ (ကျပ်) ပေးရတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၄ နာရီတွင်‌ ပြောသည်။ နယ်ကျေးရွာတို့တွင်လည်း ယနေ့တွင် နေ့ချင်းညချင်း ဈေးမြင့်တက်သွားပြီး ကျေးရွာအချို့တွင် တစ်လီတာ ကျပ် ၆၀၀၀ ဖြင့်ပင် […]

မောင်မယ်ရှောင်ရွာတွင် အမျိုးသမီးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ခြေထောက်ဒဏ်ရာရ

Dawei Watch

August 14, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဒေသခံများအား ဩဂုတ်လ ၁၃ရက်မှစပြီး သုံးရက်အတွင်း အဝတ်အစား အသုံးအဆောင်များကို ယူဆောင်ခွင့်ပြုထားသည့်အတွက် သွားယူရာမှ အပြန်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ယူပြီး ပြန်ထွက်လာမှ နင်းမိတယ်။ အခုဖြစ်တာက သူတို့အိမ်နားတစ်ဝိုက်ပဲ” ဟု ဒေသခံအမျိုးးသမီးတစ်ဦးက ပြောသည်။ မိုင်းနင်းမိသည့် အမျိုးသမီးငယ်ကို အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဘက်သို့ ဆေးကုသရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ခြေထောက်က ဖြတ်ရဖို့ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါအမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မိုင်းနင်းမိသည့် အမျိုးသမီးငယ်နှင့် မိသားစုတို့မှာ […]