ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်များ တုပ်ကွေးနှင့် ဖျားနာအဖြစ်များနေပြီး ဆေးဝယ်ယူရခက်ခဲ

Dawei Watch

July 5, 2025

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ မိုးရာသီဖြစ်သည့်အတွက် တုပ်ကွေးနှင့် ဖျားနာ အဖြစ်များနေပြီး ဆေးဝါးဝယ်ယူရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် စစ်ဘေးရှောင်များမှာ ရာသီတုပ်ကွေးနှင့် ဖျားနာသူများနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဆေးဝါးဝယ်ယူရခက်ခဲနေကြောင်း ထုံမခါရွာနေ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။ “ဆေးဝါးတွေက လုံးဝပြတ်လပ်နေတယ်။ အဖျား(ပျောက်)ဆေးတောင် စပ်ဆေးတွေကို ဝယ်ရခက်ခဲနေတယ်။ ဆေးကို မြို့မှာသွားဝယ်တောင် အကန့်အသတ်နဲ့ ရောင်းပေးတာမို့ ပင်ပန်း(ခက်ခဲ) တယ်” ဟု အထက်ပါစစ်ရှောင်က ပြောသည်။ တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နှစ်သောင်းကျော်ရှိသည့်အနက် လူဦးရေ နှစ်ထောင်ခန့် ဖျားနာနေကြကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့အချို့ထံမှ သိရသည်။ စစ်ရှောင်များမှာ နီးစပ်ရာ တော၊ တောင်များနှင့် စစ်ဘေးလွတ်ရာ ကျေးရွာများတွင် နေထိုင်ကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် […]

ရေဖြူတွင် ယာဉ်မတော်တဆဖြစ်ပြီး လေးဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

Dawei Watch

July 4, 2025

ထားဝယ်ခရိုင်၊ ကလိန်အောင်မြိုနှင့် ရေဖြူမြို့ကြား အမှတ် ၈ ပြည်ထောင်စုလမ်းတွင် ယနေ့ ဇူလိုင်လ၄ ရက် ညနေက ယာဉ်မတော်တဆဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး လေးဦးဒဏ်ရာရကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ရန်ကုန်မြို့မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်မော်တော်ယာဉ်ငယ်တစ်စီးသည် ရေဖြူမြို့အဝင်ရှိ ကျောက်လုံးကြီးဘုရားအနီးတွင် လမ်းချော်ပြီး ယာဉ်မတော်တဆဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “မိုးကလည်း ရွာနေတော့ ကားဘီးလမ်းချော်ပြီး ဘေးက တောင်ကမ်းပါးကို ဝင်တိုက်မိတာ။ ကားတစ်စီးလုံး ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် အမျိုးသမီးကြီးတစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ယာဉ်မတော်တဆမှုတွင် ကူညီဆောင်ရွက်ပေးသူများက ပြောဆိုသည်။ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အမျိုးသမီးကြီးသည် မန္တလေးတိုင်း၊ […]

မောင်းမကန်ရွာတွင် စစ်ကောင်စီ တပ်စွဲထားပြီး စစ်ကြောင်းဆက်ထိုးမည်ကို ဒေသခံများစိုးရိမ်

Dawei Watch

July 4, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် အင်အား တစ်ရာကျော်ရှိသည့် စစ်ကောင်စီတပ် တပ်စွဲထားပြီး ဒေသတွင်း စစ်ကြောင်းဆက်ထိုးမည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်းသည် ဇူလိုင်လ ၁ ရက်မှစ၍ ထားဝယ်မြို့ဘက်မှ မောင်းမကန်ရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာပြီး မောင်းမကန်ကျေးရွာရှိ ကံယုံဘုန်းကြီးကျောင်း၌ ယနေ့ ဇူလိုင်လ ၄ ရက်အထိ တပ်စွဲ ထားဆဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ရွာထဲဝင်လာတာမျိုး၊ ပစ်တာခတ်တာမျိုးတွေတော့ မရှိဘူး။ သူတို့ ဘာသာ သူတို့နေတာ” ဟု ၎င်းက ပြောဆိုသည်။ သို့သော် မောင်းမကန်ကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ဆင် ငါးရွာအုပ်စုရှိ ဒေသခံအများစုမှာမူ စစ်ကြောင်း ဆက်ထိုးလာမည်ကို စိုးရိမ်ပြီး ကျေးရွာများမှ ပြောင်းရွှေ့နေကြကြောင်း အဆိုပါကျေးရွာအုပ်စုထဲရှိ သဘော့ဆိပ်ရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ပြောင်းနေကြတာက တော်တော်များပြီ။ လမ်းကလည်း တစ်လမ်းတည်းရှိတော့ […]

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း

Dawei Watch

July 4, 2025

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း၍ စျေးကွက်အတွင်း မရှိသလောက်နည်းပါးနေကြောင်း ထားဝယ်မြို့ ကမ်းနားစျေးရှိ ကဒက်ဥတူးဖော်ရောင်းချသူ အမျိုးသမီးအချို့က ပြောသည်။ တောတောင်ထဲ၌ ရှာဖွေတူးဖော်ရသည့် ရာသီစာတစ်မျိုးဖြစ်သည့် ကဒက်ဥမှာ ယခုနှစ် ဇွန်နှင့် ဇူလိုင်လတို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုက်ပွဲများကြောင့် ကျေးရွာများက ကဒက်ဥ ရှာဖွေတူးဖော်ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ယင်းသို့ နည်းပါးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မိုးကြီးလို့ မတူးကြဘူး။ မိုးကြီးရင် သူကယားတယ်၊ မသယ်နိုင်ဘူး။ ဒါကြောင့်မတူးကြသေးတာ။ ကဒက်ဥက နေပူမှ တူးကြတာ” ဟု ကဒက်ဥ ရှာဖွေ တူးဖော်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ကဒက်ဥများကို တောတောင်အတွင်းရှာဖွေကာ ထားဝယ်မြို့ ကမ်းနားပျံကျစျေးတွင် နှစ်စဉ်လာရောက် ရောင်းချလေ့ ရှိသည့် လောင်းလုံးမြို့နယ်၊စခန်းကြီးကျေးရွာအုပ်စု၌ ဇွန်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများကြောင့် […]

ထားဝယ်တွင် ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစုဆောင်း

Dawei Watch

July 4, 2025

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက် ၊ နှင်းဆီလမ်းတွင် ဇူလိုင်လ ၂ ရက် ည ၁၁ နာရီခန့်က ဧည့်စာရင်းဝင်စစ်နေရင်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို စစ်မှုထမ်းသင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရသည်။ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ၊ ဆယ်အိမ်မှူးနှင့် အရပ်ဝတ် အမျိုးသားသုံးဦး ပါဝင်သည့် အဖွဲ့က နှင်းဆီလမ်းအတွင်း ဧည့်စာရင်းစစ်သည်ဆိုကာ အိမ်အမှတ်နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံစစ်ဆေးပြီးနောက် ယင်းလူငယ်ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများကဆိုသည်။ “ဧည့်စာရင်းတောင် တစ်ခါမှ လမ်းထဲ လာမစစ်ဖူးဘူး။ အဲဒီနေ့က ထူးထူးဆန်းဆန်း လမ်းထဲကို ဝင်လာပြီး အိမ်နံပါတ်တွေနဲ့ အိမ်ထောင်စုစာရင်းကို တိုက်ပြီးစစ်တယ်။ သူတို့မှာလည်း စာရင်းစာရွက်နဲ့ တိုက်စစ်တယ်။ ကျန်တဲ့အိမ်တွေမှာ ဘာမှမပြောဘူး။ အဲဒီကောင်လေး အိမ်ရောက်မှ တစ်ခါတည်း […]

ထားဝယ်ဒေသခံ စစ်ရှောင်တစ်ဦး ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာကံထူး

Dawei Watch

July 3, 2025

ထားဝယ်ဒေသခံ စစ်ဘေးရှောင်တစ်ဦး ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာ ကံထူးကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံမှ သိရသည်။ DNLA က ကိုယ်စားလှယ်ယူရောင်းသည့် ထောက်ပို့ထီကို ထိုးထားခြင်းဖြစ်ပြီး ထောက်ပို့ထီ ၁၈ ကြိမ်မြောက်ထီဖွင့်ရာတွင် ကံထူးခြင်းဖြစ်ကြောင်း DNLA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည် ။ “သိန်း ၁၀၀ ဆုကတော့ ပြည်သူထဲကပေါက်ပြီး ပေါက်တာက ထားဝယ်ဒေသခံပြည်သူပါ။ ဒီထက်ထပ်ပြောရရင် မကြာခဏ စစ်ရှောင်နေရတဲ့ ပြည်သူအထဲကပါ။ ပေါက်တဲ့လူနဲ့ အဆက်သွယ်ရပါတယ်” ဟု ၎င်းက ပြောဆိုသည်။ DNLA ကိုယ်စားလှယ်ယူရောင်းသည့် ထီလက်မှတ်များတွင် ကျပ်ဆယ်သိန်းဆု၊ ငါးသိန်းဆု တစ်ဆုစီ၊ တစ်သိန်းဆု ငါးဆု နှင့် ငါးသောင်းဆု ခြောက်ဆယ်ကျော်လည်း ကံထူးခဲ့သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ ၁၈ ကြိမ်မြောက်ထောက်ပို့ထီ […]

လက်နက်ကိုင်အဖွဲ့အချို့ ငွေကြေးတောင်းသဖြင့် သရက်ချောင်းက ငါးဖမ်းသမားများအခက်တွေ့

Dawei Watch

July 2, 2025

သရက်ချောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချို့က ငါးဖမ်းလှေများတွင် ငွေကြေးတောင်းခံလေ့ရှိသဖြင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ကြောင်း ငါးဖမ်းလှေသမားအချို့နှင့် ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ်ရှိ ပင်လယ်ပြင်ထဲငါးဖမ်းထွက်သည့် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစားလှေများအပါအဝင် ထားဝယ်မြစ်ထဲတွင် လှေငယ်များဖြင့် ငါးဖမ်းထွက်သည့် လှေသမားအဆုံး ပိုက်ဆံပေးနေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဇွန်လ ၂၇ရက်တွင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအနီးဝန်းကျင်ရှိ ငါးဖမ်းလှေအချို့ငါးဖမ်းထွက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူခဲ့ကြောင်း ပိုက်ဆံတောင်းယူခံရသည့် လှေပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ပင်လယ်ထဲရောက်မှ လှေကိုတားပြီး ဖမ်းလိုက်တာ။ တခြားလှေတွေလည်း ပေးရတယ်လို့တော့ အသံကြားတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ် စစ်သင်္ဘောနှင့်နီးကပ်စွာ ငါးဖမ်းသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စက်သုံးဆီတစ်ပီပါ တောင်းခံခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လှေတွင် တောင်းယူသည် စက်သုံးဆီပမာဏ အလုံအလောက်မပါသဖြင့် […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

July 1, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအုပ်စု ဆင်ပုနစ်ဘက်မှ ဖွားဘုတ်ပြင်ရွာသို့ ယနေ့ ဇူလိုင်လ ၁ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် အဆိုပါ စစ်ကြောင်းသည် ဖွားဘုတ်ပြင်ဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံများမှာ စစ်ကြောင်းဝင်လာသည့် နံနက်ပိုင်းကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး ညနေ ၆ နာရီအထိ မေးမြန်းချက်အရ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီနေ့ နေ့လယ်ပိုင်းကတည်းက ပစ်နေတာ ယခုအထိ ပစ်သံတွေကြားနေရတုန်း” ဟု ၎င်းက ပြောသည်။ အနီးအနားရှိ […]