စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလိန်အောင်တွင် ကလေးငယ်သုံးဦးအပါ မိသားစုဝင်လေးဦးသေဆုံး
Dawei Watch
July 9, 2025ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ကော့လှိုင်ရွာနှင့် မရမ်းချောင်းရွာအကြားရှိ ရေး-ထားဝယ်ကားလမ်းမနံဘေးက ရော်ဘာခြံတစ်ခြံတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီ ဝန်းကျင်တွင် ကလိန်အောင်မြို့ အခြေစိုက်စစ်ကောင်စီ ၏ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းက ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည်ဖြစ်ကြောင်း ကေဲအန်ယူ၊ မြိတ် (ဘိတ်) -ထားဝယ်ခရိုင်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ လက်နက်ကြီးကျည်သည် ဥယျာဥ်ခြံတဲအနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးအေးခိုင် နှင့် အသက် ၁၁ နှစ်အောက် ကလေးသုံးဦးသေဆုံးကာ အသက်၃၈နှစ်အရွယ် မဝင်းပပ ဆိုသူလည်း ပြင်းထန်းဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း […]


