ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ လက်နက်နှင့်အတူခိုလှုံ

Dawei Watch

May 30, 2025

စစ်မှုထမ်း အပတ်စဥ် ၆ သင်တန်းဆင်းနှစ်ဦး မေလ ၂၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်း ၊ ဒေါနတပ်ရင်းထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ လာခဲ့သည်ဟု ယင်းတပ်ရင်းက ထုတ်ပြန်သည် ။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်မှ အသက် ၂၀ အရွယ် ကိုရန်လင်းထွန်းနှင့် အသက် ၂၄ နှစ်အရွယ် ကိုနေသူအောင်တို့ဖြစ်ကြသည်။ ကိုရန်လင်းထွန်းသည် သာမန်ကျောင်းသားလူငယ်တစ်ဦးဖြစ်ကာ ညဘက်အပြင်သွားစဥ် စစ်သားစုဆောင်းခံရခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ကယ်ရီဆွဲနေသည့် ကိုနေသူအောင် သည်လည်း ညဘက်ဆိုင်ကယ် ကယ်ရီဆွဲနေရင်း စစ်သားစုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်များ ၏ ပြောပြချက်ကို ကိုးကား၍ ဒေါနစစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို ကပြောပြသည် ။ ၎င်းတို့ နှစ်ဦးစလုံးသည် စစ်မှုထမ်း […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ရေဖြူဒေသခံ ၁၀ကျော် ပြန်မလွတ်သေး

Dawei Watch

May 30, 2025

ရေဖြူမြို့ နယ်ရှိ ထားဝယ်အထူးစီးပွားရေဇုန်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရေဖြူဒေသခံ အမျိုးသား၊ အမျိုးသမီး ၁၂ဦးထက်မနည်းမှာ သုံးရက်အကြာ မေလ ၃၀ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။ ရေဖြူမြို့မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မေလ ၂၈ ရက်တွင် ဒေသခံများကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဖမ်းခံရသည့် ဒေသခံများမှာ ‌ရလိုင်၊ ပုဂေါဇွန်းနှင့် ခမောင်းချောင်းရွာသူရွာသားများ ဖြစ်ကြပြီး ရလိုင်ရွာက ဒေသခံ အမျိုးသား၊ အမျိုးသမီး ခြောက်ဦး၊ ခမောင်းချောင်းရွာသား သုံးဦးထက်မနည်းနှင့် ပုဂေါဇွန်းရွာက သုံးဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဲဒီထဲမှာ လင်မယားတွဲ တွေလည်းပါတယ်။ အသက်ကြီး သူတွေလည်းပါတယ်။ တောထဲ မြက်ခုတ်သွားရင်းနဲ့ စစ်ကြောင်းနဲ့တွေ့ပြီး […]

ကံပေါက်တွင် အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်လာ

Dawei Watch

May 29, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် ယခုမေလအတွင်း အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၇ ရက်နှင့် ၂၈ ရက် ည သန်းခေါင်ကျော်အချိန်တွင် လှည်းကုန်းရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့ရှိ နေအိမ်နှစ်လုံး ဖောက်ထွင်းခံရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ လှည်းကုန်းရပ်ကွက်က ဖောက်ထွင်းခံရသည့်အိမ်တွင် တယ်လီဖုန်းခိုးယူခံရပြီး သီရိမင်္ဂလာရပ်ကွက်တွင် ဖောက်ထွင်းခံရသည့်အိမ်တွင်မူ သူခိုးဝင်စဥ် အိမ်ရှင်များနိုးလာသဖြင့် ပစ္စည်းခိုးခံရခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။ “သူခိုးဝင်နေတုန်း အိမ်ရှင်က နိုးလာတယ်။ ရပ်ကွက်ကို အကူအညီတောင်းပြီး ဝိုင်းလိုက်တာ သူခိုးတော့မမိဘူး။ သူခိုးစီးလာတဲ့ ဆိုင်ကယ်တစ်စီးတော့ ကျန်ခဲ့တယ်” ဟု သီရိမင်္ဂလာရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည် ။ မေလ ဒုတိယအပတ်ကလည်း ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့တွင် အိမ်ဖောက်ထွင်းကာ ဆိုင်ကယ်လေးစီး ခိုးယူခံရကြောင်း ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲထပ်ဖြစ်

Dawei Watch

May 29, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာနောက်ကျောတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ (မေ ၂၉) နံနက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၁ ရက်နေ့မှစ၍ ရေဖြူမြို့ဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ယနေ့ နံနက် ရှစ်နာရီခန့်တွင် တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီခန့်တွင် တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “မနက် ၈ နာရီလောက်စပြီးပစ်နေတာ ၊မိုးနဲ့ဆိုတော့ ကြားတစ်ချက်မကြားတစ်ချက်ပဲ”ဟု ယင်းအမျိုးသမီးကပြောသည်။ ယင်းစစ်ကြောင်းမှာ အင်အား ၁၀၀ခန့်ရှိပြီး ဝက်ချောင်းမှဧကနိအထိ တောလမ်းအတိုင်းဝင်လာခြင်းဖြစ်ကြောင်း ဧကနိရွာသားတစ်ဦးကပြောသည်။ “ခု ကျွန်တော်တို့ ရွာနောက်ကျောက ချောင်းနဘေးရောက်နေပြီ”ဟု ယင်းအမျိုးသားက ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် Dawei Watch သို့ပြောသည်။ ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ […]

ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဒုတိယဂိုဏ်းချုပ် ထားဝယ် ဇေယျဝတီ တိုက်အုပ် ဆရာတော် ပျံလွန်တော်မူ

Dawei Watch

May 29, 2025

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ရှိ ဇေယျဝတီ စာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယ သည် မေလ ၂၉ ရက် နံနက် ၁၂ နာရီ ၁၉ မိနစ်တွင် သီတင်းသုံးသည့် စံကျောင်း၌ပင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ယင်းစာသင်တိုက်ထံမှသိရသည် ။ ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၆ နှစ် ၊ သိက္ခာတော် ၇၆ ဝါ ရှိပြီဖြစ်သည် ။ ဆရာတော် ၏ စျာပနအခမ်းအနား ကို ကျောင်းတိုက်တွင် ၅ ရက်အပူဇော်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ထားဝယ်မြို့ ၊ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိစျာပန ပြုလုပ်ကာ မီးသင်္ဂြိုဟ် ပူဇော်မည်ဖြစ်ကြောင်း ဇေယျဝတီစာသင်တိုက် စာချနာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးကမိန့်သည် ။ ဘဒ္ဒန္တသူရိယသည် ထားဝယ်မြို့နယ် […]

ထားဝယ်အထူးစီးပွားရေးဇုန်က ဒေသခံတစ်ဦး အသတ်ခံရမှု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ထိန်းသိမ်း

Dawei Watch

May 28, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဗျစ်နီရွာသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုက ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအေးစိုး (ခေါ်) ဦးကျော်သူရဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူများက ပြောသည်။ မေလ ၁၃ ရက် ညပိုင်းတွင် ဦးအေးစိုး ဥယျာဉ်ခြံတဲတွင် ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး လိုက်လံစုံစမ်းရှာဖွေသော်လည်း ၁၀ ရက် ကျော်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ မေလ ၂၅ရက်တွင်မူ မူးဒူးရွာ ရပ်မိရပ်ဖတစ်ဦးက ဦးအေးစိုး၏ ရုပ်အလောင်းမြေမြှုပ်ထားသည့် နေရာအား ရှာဖွေတွေ့ရှိ သည်ဟု ဆက်သွယ်လာသဖြင့် သွားရောက်ဖော်ယူ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ရာ မည်သည့်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ကို […]

စစ်ကောင်စီစစ်ကြောင်း မင်းဒပ်ရွာသားအချို့ကို ဖမ်းဆီး

Dawei Watch

May 28, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ မင်းဒပ်ရွာကို ယနေ့ မေလ ၂၈ ရက် နံနက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရွာခံအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် ဝင်းဝစခန်းက စစ်ကောင်စီတပ်သားများ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒေသခံ ခုနစ်ဦးခန့်ကို ဖမ်းဆီးထားသည်ဟု ကြားရကြောင်း မင်းဒပ်ရွာအနီး ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများကြားရပြီး ယင်းပစ်ခတ်သံများမှာ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သတင်းများထွက်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရပြီးနောက်ပိုင်းတွင် စစ်ကြောင်းမှာ မင်းဒပ်ရွာသို့ ရောက်ရှိလာကြောင်း ၎င်းတို့က ပြောဆိုသည်။ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားပြီး သေနတ်တစ်လက် […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

May 28, 2025

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။ သေဆုံးသူကလေးငယ်မှာ ထားဝယ်မြို့ ၊ကျောက်မော်ရပ်ကွက်၊ မြစေတီဘုရားလမ်းတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီး၌ အဖျားရောဂါဖြင့် ဆေးကုသနေမှုခံယူနေစဉ် မေလ ၂၇ ရက်နေ့ ညနေပိုင်း၌ သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော် ဒီမနက် သွေးလိုအပ်လို့ သွေးလာပို့ပေးတော့မှာ ကလေးက ဆုံးသွားပြီလို့ သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယခုသီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မြင့်တက်လျက်ရှိပြီး လသားအရွယ်မှ ဆယ်ကျော်သက်အရွယ်ရှိ ကလေးများ ဖြစ်ပွားနေကြောင်း၊ သွေးရရှိရန်အရမ်းခက်ခဲနေကြောင်း သွေးလှူရှင်အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ “သွေး ၁၀ လုံးတောင်းရင် […]