တစ်ခါသုံး နှာခေါင်းစည်းများ အကန့်အသတ်ဖြင့် ရောင်း
diz_admin
February 5, 2020ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လတ်တလောတွင် ဝယ်ယူသူများသည့် တစ်ခါသုံး နှာခေါင်းစည်းများကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ဆေးဆိုင်အချို့ နှင့် ဈေးဆိုင်များမှ သိရသည်။ အဆိုပါ ဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန်မြို့မှ စတင်ပြန့်ပွားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်ပွားပြီး သုံးပတ်ခန့် အကြာတွင် တစ်ခါသုံး နှာခေါင်းစည်း ဝယ်ယူမှု များပြားလာခြင်း ဖြစ်သည်။ ထားဝယ်ဈေးကွက်ရှိ ဆိုင်အချို့တွင် နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာ ရည်များ ပစ္စည်းပြတ်လပ်မှု ရှိနေသည်။ တစ်ချိန်တည်းအတွင်ပင် အမြောက် အမြားဝယ်ယူကာ ဈေးတင်ရောင်းချမှုများလည်းရှိနေသဖြင့် တစ်ဦးလျှင် အခုငါးဆယ်ပါ မျက်နှာဖုံး နှစ်အုပ်အထိသာ ရောင်းချပေးသည်ဟု ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဆေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိ အမျိုးသားက ပြောသည်။ “တချို့ကလည်း ရသမျှယူမယ် ဆိုပြီး လာဝယ်တာရှိတယ်။ ထိန်းပြီး […]


