ကရင်သင်္ကေတပါ ကရင်ရွာ ဆိုင်းဘုတ်များကိစ္စ ကရင်ဝန်ကြီး ကွင်းဆင်းမည်
diz_admin
February 10, 2020ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းမ ပေါ်ရှိ ကရင်ကျေးရွာအချို့တွင် ရွာ ဆိုင်းဘုတ်များကို ကရင်အမျိုးသား သင်္ကေတများ ထည့်သွင်းပြုလုပ်ထားသည့်ကိစ္စ ကွင်းဆင်းစစ်ဆေးမည်ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလုကာက ပြောသည်။ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်၊ ရေပုံး စသည့်ကရင်ရွာများ၏ ဆိုင်းဘုတ် များကို ကရင်အလံများ ခြယ်သထားခြင်း၊ ကရင်အမျိုးသားရေး အမှတ်လက္ခဏာ များဖြင့် အလှဆင်ထားသည်။ “ကွင်းဆင်းလေ့လာမယ်။ ဘယ်လိုပုံစံ လုပ်ထားတယ်ဆိုတာ မှတ်တမ်းယူမယ်။ ပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြန်တင်ပြမယ်ပေါ့”ဟု စောလုကာက ပြောသည်။ ရွာဆိုင်းဘုတ်များကို ယင်းသို့ ပြုလုပ်မည်ဟု တိုင်းအစိုးရအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံလာခြင်းမျိုးလည်း မရှိကြောင်း၊ အစိုးရနှင့် ဆွေးနွေးပြီးမှ လုပ်ဆောင်သင့်ကြောင်း စောလုကာက ပြောသည်။ တနင်္သာရီတိုင်းနယ်နိမိတ်အတွင်း ယင်းသို့ ကရင်ရွာများ ကရင်အမှတ် သင်္ကေတဆိုင်းဘုတ် စိုက်ထူခြင်းကိစ္စကို ထားဝယ်မြို့ခံအချို့က […]


