နယ်စပ်ဖြစ်ကျော်ခွင့်ဖြင့် ငါးရောင်းသည့် ထိုင်းနှစ်ဦး အဖမ်းခံရ
diz_admin
April 9, 2020နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (BP) ကိုင်ဆောင်ထားပြီး ထားဝယ်တွင်ငါးဝယ်ကာ ထိုင်းနိုင်ငံသို့ ပို့နေသည့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် အရေးယူထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ကသတင်းအရ မောင်းမကန်ကျေးရွာရှိ အသက် ၃၆နှစ်အရွယ်ရှိ အမျိုးသား၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ရှာဖွေရာ အသက် ၆၆ နှစ်နှင့် ၄၄ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားနှစ်ဦးကို တွေ့ရပြီးစစ်ဆေးရာ ၎င်းတို့တွင် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (BP)သာ ကိုင်ဆောင်ထားပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ငါးဒိုင်များထံမှငါးဝယ်ယူကာ ထိုင်းနိုင်ငံသို့ တင်ပို့နေသည်ဟုသိရကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦး၏ BPသက်တမ်းမှာ ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁၃ ရက်အထိ လည်းကောင်း၊ နောက်တစ်ဦးမှာ မတ်လ […]


