တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင်ကို ၆၆(ဃ)ဖြင့် တရားစွဲ
diz_admin
March 3, 2020မြိတ်ခရိုင် တနင်္သာရီမြို့နယ် မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ မဟုတ်မမှန် သတင်းအား ဖော်ပြဖြန့်ဝေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား ဖေဖော်ဝါရီလ ၂၇ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုထားကြောင်း တနင်္သာရီမြို့မရဲစခန်း နှင့် ကာယကံရှင်တို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေတို့နှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းအား Phyu Myo ဖေ့စ်ဘွတ် အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်ပေါ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်က ဖော်ပြဖြန့်ဝေခဲ့ကြောင်း တနင်္သာရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက ပြောပြသည်။ ယင်းကြောင့် လွှတ်တော်ကိုယ်စား လှယ်တို့၏ ကိုယ်စားလှယ်လွှဲစာဖြင့် တရားလိုပြုလုပ်ကာ တနင်္သာရီမြို့မ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း […]


