တနင်္သာရီတိုင်းတွင် မီတာတစ်လုံး ကျပ်ငါးထောင် ဧပြီလမီတာခ ပေးဆောင်ချိန်တွင် ခုနှိမ်ပေးမည်
diz_admin
May 11, 2020ဧပြီလအတွက် လျှပ်စစ်မီတာခပေးသွင်းချိန်တွင် လျှပ်စစ်မီတာတစ်လုံးလျှင် ကျပ်ငါးထောင်ကို စတင်ခုနှိမ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအတွင်း Loyalty Fee (ခိုင် ကြေး) ပေးဆောင်ထားသည့် လျှပ်စစ်မီးပေးရေးလုပ်ငန်းများ၏ မီတာတစ်လုံးလျှင် ငွေကျပ်ငါးထောင် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းထောက်ပံ့ငွေကို ဧပြီလအတွက် ကျသင့်မီတာခပေးသွင်းချိန်တွင် ခုနှိမ်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ်မီတာအလုံးရေ တစ်သိန်းလေးသောင်းကျော်အတွက် ငွေကျပ်သိန်းခုနစ်ထောင်ကျော်ကို ကျခံသုံးစွဲမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။“များများသုံးတဲ့သူပဲဖြစ်ဖြစ် နည်းနည်းသုံးတဲ့သူပဲဖြစ်ဖြစ် တစ်လုံးကို ငါးထောင်ကျပ် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အတွက် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ကျခံသုံးစွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ယင်းအပြင် လျှပ်စစ်မီတာခ ကျပ်ငါးထောင်ပင်မကျသင့်ပါက ပိုငွေကို မီတာပိုင်ရှင်အား ပြန်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏အစီအစဉ်အရ […]


