ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်း မဲဆန္ဒရှင်စာရင်း မကြာမီ ကြေညာမည်

diz_admin

July 20, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC က ထုတ်ပြန်ထားပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ကြေညာတော့မည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၁၄ ရက်ကြာ ကြေညာမည် ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာရာတွင် မိမိအမည် မပါဝင်ပါက ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် စောင့်နေသည့် တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။ ထိုသို့ဆက်သွယ်ပါက မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးအတွင် တောင်းဆိုလွှာ (ပုံစံ-၃) ဖြင့် တင်သွင်း ဖြည့်စွက်ရမည် ဖြစ်သည်။ မဲစာရင်းတွင် မပါသင့်သူ ပါဝင်နေပါက ကန့်ကွက်လွှာ (ပုံစံ-၄) တောင်းယူကာ ကန့်ကွက်ရမည် […]

ရွေးကောက်ပွဲ လေ့လာလိုသူများ လျှောက်နိုင်ပြီ

diz_admin

July 13, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာပြီးနောက် ပြည်တွင်း၊ ပြည်ပ မှ ရွေးကောက်ပွဲကို လေ့လာမည့်သူများ အနေဖြင့် ဇူလိုင်လ ၇ ရက်မှ စပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။ ပြည်တွင်းမှ လေ့လာမည့်သူများသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တွင် လျှောက်ထားရမည်ဖြစ်ပြီး ပြည်ပမှ လေ့လာမည့်သူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။ တနင်္သာရီတိုင်းတွင်လည်း PACE ( People’s Alliance for Credible Elections) အဖွဲ့က ရွေးကောက်ပွဲလေ့လာ မည့်သူများကို ဖိတ်ခေါ်လျက်ရှိကြောင်း ယင်းအဖွဲ့ တနင်္သာရီတိုင်း ညှိနှိုင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။ ဦးသန်းဝင်းသည် […]

ထားဝယ်အဝေးပြေးဝင်း ပါဆယ်ထုပ်အတွင်း စိတ်ကြွဆေးပြား ခြောက်သောင်းနီးပါး ဖမ်းမိ

diz_admin

July 13, 2020

အဝေးပြေးကားဖြင့် ရေးမြို့မှ သယ်ဆောင်လာသည့် ပါဆယ်ထုပ်အတွင်း စိတ်ကြွဆေးပြား ခြောက်သောင်းနီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ထားဝယ်အဝေးပြေးကွင်းရှိ ကားဂိတ်တွင် မသင်္ကာဖွယ် ပါဆယ်ထုပ် ရောက်ရှိနေကြောင်း သတင်းအရ ဇူလိုင်လ ၈ ရက်တွင် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ အဆိုပါ ပါဆယ်ထုပ်တွင် လူအမည်နှင့် ဖုန်းနံပါတ်တစ်လုံး ရေးသားထားပြီး ဖွင့်ဖောက်စစ်ဆေးရာ WY စိတ်ကြွဆေး ၅၉၄၀၀ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ပါဆယ်ထုပ်နှင့် ပတ်သက်၍ စုံစမ်းရာ အဆိုပါ ပါဆယ်ထုပ်ကို ရေးမြို့ရှိ ကားဂိတ်မှ တင်ပေးလိုက်သည်ဟု သိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါ ပါဆယ်ထုပ်ပိုင်ရှင်မှာ ဇူလိုင်လ ၇ ရက်နေ့က တနင်္သာရီတိုင်းနှင့် […]

တိုင်းတွင်း မှတ်ပုံတင်လုပ်ပေးရန် ကျန်နေသူ ရှစ်ထောင်ခန့်ရှိ

diz_admin

July 13, 2020

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင် လုပ်ပေးရန်ကျန်နေသူ ရှစ်ထောင်ခန့်ရှိ နေကြောင်း တိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးယဉ်ထွေးက ပြောသည်။ နေ့စဉ်နှင့်အမျှ အသက်ပြည့်နေသူ များ၊ မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးနေသည်များကို သက်ဆိုင်ရာ သက်ဆိုင်ရာ မြို့နယ်ရုံးများက လစဉ်စာရင်းပြုစုထားကြောင်း ဦးယဉ်ထွေးက ပြောသည်။ ကိုဗစ်ကာလ တားမြစ်ချက်များကြောင့် ကွင်းဆင်းမှတ်ပုံတင် လုပ်ဆောင်ရန် အခက်အခဲရှိသဖြင့် ယင်းကဲ့သို့ ကျန်နေခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။ “ကိုဗစ်ဖြစ်နေတာကြောင့် ကွင်းဆင်းလုပ်ပေးတဲ့ဟာတွေက ဆိုင်းငံ့ထား ရတယ်။ ရုံးတွေမှာတော့ ပိတ်ရက်ကလွဲပြီး ကျန်တဲ့ရက် တွေမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ လုပ်ပေးနေပါတယ်” ဟု ဦးယဉ်ထွေးက ဆိုသည်။ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကိုမူ အိမ်တိုင်ရာရောက် မှတ်ပုံတင်လုပ်ဆောင်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးနေကြောင်း ၎င်းက […]

အခွန်ကောက်ခံရရှိမှု လျော့နည်း

diz_admin

July 13, 2020

ကိုဗစ်ကြောင့် အခွန်ကောက်ခံရရှိမှု ယမန်နှစ်ထက် ကျပ်သန်းသုံးထောင်နီးပါး (ကျပ် ၂၉၁၂.၂၀၉ သန်း) လျော့နည်း ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနရုံးထံမှ သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု ကျပ်သန်း ၃၂၀၀၀ ကျော် (ကျပ် ၃၂၂၃၂ ဒဿမ ၁၀၅ သန်း)ရရှိခဲ့သော်လည်း ယခုနှစ် ကာလတူတွင် ကျပ်သန်း ၂၉၀၀၀ ကျော် (၂၉၃၁၉ ဒဿမ ၈၉၆ ကျပ်သန်း) ကောက်ခံရရှိခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကိုဗစ်ကြောင့်လို့ပဲ ပြောရမှာပဲ ဘာလို့လဲဆိုတော့ ဝင်ငွေခွန်တွေလည်း နိုင်ငံတော်က ၂ ရာခိုင်နှုန်း မကောက်နဲ့ လို့ ပြောထားတာ ရှိတယ်လေ။ […]

တနင်္သာရီတိုင်းဒေသကြီးက လက်ရှိပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးစရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး

diz_admin

July 13, 2020

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများက ပြည်ထောင်စုအစိုးရ၏ လက်ဆောင်ပေးစရာပစ္စည်းဖြစ်နေပြီလားဟု ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌက မေးခွန်းထုတ်လိုက်သည်။ ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ကော့သောင်းခရိုင်အတွင်းရှိ စောင်းကောက်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်စဉ်က ကူညီခဲ့ဖူးသည့် မိသားစုတစ်စုကို ခွင့်ပြုပေးခဲ့သည်ဟု ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံခဲ့ဖူးသည်။ ယခုကျွန်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့် Excellent Fortune Development Group ကုမ္ပဏီမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလှူငွေ သိန်းရာချီမှ ထောင်ချီအထိ လှူဒါန်းခဲ့ဖူးသည်။ “တနင်္သာရီတိုင်းဒေသကြီးက လက်ရှိ ပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးရာ ပစ္စည်းတွေများ […]

ထားဝယ်တက္ကသိုလ် ဆရာများအိမ်ရာ ဆောက်မည်

diz_admin

July 13, 2020

ထားဝယ်တက္ကသိုလ်အဝင်၀ ဘယ်ဘက်ခြမ်းရှိ ‌မြေနေရာတွင် ဆရာ၊ ဆရာမ ၁၆၀ ဦးနေထိုင်နိုင်မည့် အိမ်ရာတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ အိပ်ခန်း တစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး (၃၂ ခန်း)၊ အိပ်ခန်း နှစ်ခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် သုံးလုံး (၉၆ ခန်း)၊ အိပ်ခန်း သုံးခန်းပါ ရှစ်ခန်းတွဲ လေးထပ်တိုက် တစ်လုံး (၃၂ခန်း) စုစုပေါင်း အိမ်ခန်း ၁၆၀ ခန်းပါ အိမ်ရာစီမံကိန်းကို ဆောက်လုပ်မည်ဖြစ် ကြောင်း ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ ယင်းအပြင်လူငါးရာဆန့် Commu- nity Center တစ်ခု၊ ပေ ၅၀_၁၀၀ ပတ်လည် ကိုယ်လက်လှုပ်ရှား အားကစားရုံ တစ်ခု၊ ကားပါကင်၊ လုံခြုံရေးဂိတ်၊ လုံခြုံရေး […]

တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်လိုင်းမှ ပို့ချရန် စီစဉ်နေ

diz_admin

July 13, 2020

အဝေးသင်အပါအဝင် တက္ကသိုလ်၊ ကောလိပ်များအားလုံးကို အွန်းလိုင်းမှပို့ချနိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ် အစုအဖွဲ့အလိုက် လုပ်ဆောင်ရန် စီစဉ်နေကြောင်း ထားဝယ်မြို့ရှိ တက္ကသိုလ် အချို့ထံမှ သိရသည်။ သင်ခန်းစာလျှော့ချခြင်း၊ သင်ကြားမည့် သင်ခန်းစာများကို ဗီဒီယိုဖိုင် ရိုက်ကူးခြင်းတို့ကို ဝိဇ္ဇာသိပ္ပံတက္ကသိုလ် အုပ်စု၊ ကွန်ပျူတာ တက္ကသိုလ်အုပ်စု၊ နည်းပညာတက္ကသိုလ်အုပ်စု စသည်ဖြင့် အုပ်စုခွဲဆောင်ရွက်နေကြောင်း ယင်းတက္ကသိုလ်တို့ထံမှ သိရသည်။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့အတွက် အွန်လိုင်းမှ ပို့ချမည့် သင်ခန်စာများကို ဇူလိုင်လ ၉ ရက်မှစပြီး ဒဂုံတတ္ကသိုလ်က ဦးဆောင်စီစဉ်နေကြောင်း ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေက ပြောသည်။ “သိပ်တော့ မကြာတော့ဘူး။ တစ်လ၊ နှစ်လအတွင်း ဖြစ်လာလိမ့်မယ်။ ဘာကြာင့် လဲဆိုတော့ ကလေးတွေက စာနဲ့ပြတ်မှာ စိုးလို့။ ဒါကို အကြာကြီး ဆွဲနေလို့ မရဘူး” ဟု […]