လောင်းလုံးတွင် ငွေစု၊ ငွေချေး လေလံကိစ္စ တစ်ကျော့ပြန်ဖြစ်လာ
diz_admin
July 20, 2020လွန်ခဲ့သည့် ကိုးနှစ်ခန့်က လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့သော ငွေစု၊ ငွေချေး လေလံပြဿနာများ၏ နောက်ဆက်တွဲကိစ္စများ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေကြောင်း ယင်းပြဿနာဖြစ်ပွားရာတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ယင်းပြဿနာမှာ အလွန်ရှုပ်ထွေးပြီး တစ်ဘက်နှင့်တစ်ဘက် သူမှန်၊ ငါမှန် အငြင်းပွားကာ နောက်ဆုံးတွင် တရားရုံးသို့ ရောက်သွားလေ့ ရှိသည်။ ၂၀၁၈ ခုနှစ် ဇွန်လအထိ စာရင်းအရ လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးအမှု၊ တရားခံပြေးအမှုအဖြစ် စွဲဆိုသည့် ရာဇဝတ် အထွေထွေအမှု၊ ငွေရလိုမှုဖြင့် စွဲဆိုသည့် တရားမကြီးအမှု၊ တရားမကြီးအမှုတွင် အနိုင်ရပြီး တရားရုံးမှတစ်ဆင့် ငွေတောင်းခံသည့် တရားမ ဇာရီအမှု စသည့်အမှုပေါင်း တစ်ထောင့် ငါးရာကျော် (၁၆၃၉ မှု) ရှိကြောင်း သိရသည်။ ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား ငွေစုအမှုနှင့်ပတ်သက်ပြီး ထောင်ကျသူ၊ တရားရင်မဆိုင်ဘဲ […]


