စနစ်တကျထိန်းသိမ်းရေး မလုပ်နိုင်သေးသည့် တိုင်းထဲက ဒီရေတောကဏန်း ထိန်းသိမ်းရေးဇုန်သုံးခု
diz_admin
July 27, 2020တနင်္သာရီတိုင်းရှိ ဒီရေတောကဏန်း ထိန်သိမ်းရေးဇုန်သုံးခုကို စနစ်တကျ ထိန်သိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ကျွန်စုမြို့နယ် ပထော်ကျေးရွာတွင် ၃၅၀ ဧက၊ သရက်ချောင်းမြို့နယ် လဘကျေးရွာတွင် ၁၁၅ ဧက၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင် ၁၀ဝ ဧကတို့ကို ဒီရေတောကဏန်း ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။ ယင်းဇုန်များကို ၂၀၁၀ ခုနှစ်ကတည်းက အမိန့်ထုတ်ပြန် သတ်မှတ်ခဲ့သော်လည်း ဝန်ထမ်းအင်အား နည်းပါးသောကြောင့် ယနေ့အချိန်အထိ ကင်းလှည့်ခြင်း၊ အသိပညာပေးခြင်း စသည့် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။ သို့သော်လည်း တစ်ခါတစ်ရံ ကွင်းဆင်းခြင်း၊ ကဏန်းသားပေါက်များ စိုက်ထည့်ခြင်း၊ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်းတို့ကိုမူ ဆောင်ရွက်နေကြောင်း ဦးစိုးသန့်က […]


