ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တိုင်းအစိုးရ၏ ကိုဗစ်အမိန့်ကို အံတုနေဆဲ KTV နှင့် မာဆတ်

diz_admin

September 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန်နှင့် မလိုက်နာပါက ဥပဒေနှစ်ခုဖြင့် အရေးယူမည်ဖြစ်ကြောင်း တိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် ထားဝယ်မြို့ပေါ်ရှိ KTV ဆိုင်များ ပိတ်လိုက်ကြသော်လည်း မောင်းမကန်ကမ်းခြေရှိ KTV ဆိုင်များနှင့် မာဆတ်(အနှိပ်ခန်း)များမှာ ဖွင့်လှစ်ထားဆဲဖြစ်သည်ကို သြဂုတ်လ၂၆ ရက်ညက တွေ့ရသည်။ ဆေးသမား မိန်းမ တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ မောင်းမကန်ကမ်းခြေမရောက်မီ လမ်းအရှေ့ဘက်တွက် ဖွင့်လှစ်ထားသည့် KTV ဆိုင်များနှင့် ကမ်းခြေရှိ ဟိုတယ်တစ်ခုကဖွင့်ထားသည့် မာဆတ် လုပ်ငန်းတစ်ခုတို့ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ယခင်ကလည်း KTV များမဖွင့်ရန် တိုင်းအစိုးရက ထုတ်ပြန်ထားသော်လည်း လိုက်နာမှုမရှိဘဲ ထားဝယ်မြို့နှင့် မြိတ်မြို့ရှိ KTV နှင့် မာဆတ်လုပ်ငန်းများ ဖွင့်လှစ်နေခဲ့သည်။ ထိုကြောင့် အစိုးရထုတ်ပြန်ထားသည့် […]

သတ္တုတွင်းမှကျသည့် ကျောက်တုံး၊ ကျောက်ခဲနှင့် စွန့်ပစ်မြေကြောင့် ချောင်းကော၊ ခြံပျက်

diz_admin

September 1, 2020

ယခုနှစ်မိုးရာသီအတွင်း တောင်ကျရေနှင့် အတူပါလာသည့် ကျောက်တုံး ကျောက်ခဲများနှင့် စွန့်ပစ်မြေစာများကြောင့် ဖွတ်လက်တိုချောင်းတိမ်ကောခဲ့ပြီး ဥယျာဉ်ခြံမြေများပျက်စီးခဲ့ကြောင်း ကြက်ပေါင်ချောင်းကျေးရွာ ဒေသခံများ က ပြောသည်။ ကြက်ပေါင်ချောင်းကျေးရွာသည် ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေး ရွာအုပ်စုအတွင်းပါဝင်ပြီး ဖွတ်လက်တို ချောင်းမှာ ကြက်ပေါင်ချောင်းရွာကို ဖြတ်၍ စီးဆင်းနေသည့် ချောင်းတစ် ချောင်းဖြစ်သည်။ တိုင်းအတွင်းရှိ မိန်းကလေးငယ် တစ်သောင်းရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရန် လျာထား ဖွတ်လက်တိုချောင်းဖျားတောင်ပေါ်ရှိ ဖိုးလမိုင်း သတ္တုလုပ်ကွက်တွင် တောင်ပိုင်းကမ္ဘာသတ္တုတူးဖော်ရေးကုမ္ပ ဏီက သတ္တုလုပ်ပိုင်ခွင့်ရထားသည်။ ယခုသြဂုတ်လအတွင်း ချောင်းရေလျှံမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် ချောင်းအတွင်း ကျောက်တုံး၊ ကျောက်ခဲများ ဖုံးလွှမ်းခဲ့ကြောင်း ကြက်ပေါင်ချောင်း ရွာခံအချို့က ပြောသည်။ “ဒီချောင်းကအရင်က အနည်းဆုံး လူတစ်ရပ်စာလောက်နက်တယ်။ ၇ လ ပိုင်းလောက်အထိ ဘာမှမဖြစ်သေးဘူး။ အခုတော့ ကျောက်တွေပြည့်သွားပြီ” ဟု ကြက်ပေါင်ချောင်းရွာသား […]

တိုင်းအတွင်းရှိ မိန်းကလေးငယ် တစ်သောင်းရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးရန် လျာထား

diz_admin

September 1, 2020

တိုင်းအတွင်း အသက် ကိုးနှစ်မှ ၁၀ နှစ်ကြားရှိ မိန်းကလေးငယ် တစ်သောင်း ရှစ်ထောင်ခန့်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (အခမဲ့) ထိုးပေးရန် လျာထားသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တိုးချဲ့ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးရန်အတွက် ဇူလိုင်လမှ စတင်ကာ စာရင်းကောက်ယူနေပြီး စက်တင်ဘာလ ၂၀ ရက်တွင် စတင်ထိုးပေးရန် စီစဉ်နေခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ သားအိမ်ခေါင်းကင်ဆာရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုး HPV (Human Papilloma Virus) ကြောင့် အများဆုံးဖြစ်ပွားသည်ဟု ဒေါက်တာမြတ်ဖြူပြာအေး က ပြောသည်။ “စပြီးတော့ ကူးစက်ခံရတာနဲ့ သူက ရောဂါလက္ခဏာမပေါ်သေးဘူး။ လူတစ်ယောက်ရဲ့ကိုယ်ခံအား ကောင်းတာနဲ့ နည်းတာနဲ့အပေါ် မူတည်ပြီး […]

တနင်္သာရီတိုင်းအတွင်း ကိုဗစ် စည်းကမ်းဖောက်သူ နှစ်ရာကျော်ကို အရေးယူ

diz_admin

September 1, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ် ကပ်ဘေးစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ကိုဗစ်စည်းကမ်းဖောက်ဖျက်သူ နှစ်ရာကျော်ကို အရေးယူခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ တိုင်းအစိုးရက ကိုဗစ်စည်းကမ်းချက်များစတင်ထုတ်ပြန်ချိန်မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်စည်းကမ်း ဖောက်ဖျက်သူ ၂၃၁ ဦးကို အရေးယူခဲ့ကြောင်း အထက်ပါရုံး၏ စာရင်းအရ သိရသည်။ ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို ကိုဗစ်ကာလအတွင်း သတ်မှတ် ဦးရေထက်ပိုသည့် လူစုလူဝေးမလုပ်ရန်၊ ထိုင်းနိုင်ငံမှ ပြန်လာပါက တရားဝင် နယ်စပ်ပေါက်မှသာ ဝင်ရန် ၊ KTV ဆိုင်များ ပိတ်ထားရန်စသည့် စည်းကမ်းချက်များအပြင် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြထားသည်။ အထက်ပါကာလတွင် ညမထွက် ရအမိန့်ဖောက်ဖျက်သည့်အမှု ၁၁၃ မှု၊ တရားမဝင်နယ်စပ်ပေါက်မှ ဝင်လာသည့် အမှု ၆ မှု အပါအဝင် ကျန်းမာရေးစစ် ဆေးမှုကို နှောင့်ယှက်သည့်အမှု၊ […]

မိုး ဆက်နည်းဦးမည်

diz_admin

August 26, 2020

တိုင်းအတွင်း မိုးရွာသွန်းမှုမှာ ဆက်နည်းနေဦးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ သြဂုတ်လ တတိယ ဆယ်ရက်တွင် တိုင်းအတွင်းတွင် မိုးရွာရက် ၄ ရက်မှ ၆ ရက်အထိ မိုးထစ်ချုန်းရွာနိုင်သော်လည်း ရွာသွန်းမြဲအောက်သာ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည် ရာသီဥတုပြောင်းလဲခြင်း၊ မုတ်သုန် အားနည်းခြင်း၊ တောင်တရုတ်ပင်လယ် ပြင်တွင်ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်း၏ အကျိုးသက်ရောက်မှုမှာလည်း အားနည်းသဖြင့် တနင်္သာရီတိုင်းတွင် မိုးနည်းခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ ဦးကျော်မိုးခိုင်က ပြောသည်။ “မိုးကြီးရင်လည်း တစ်ရက် နှစ်ရက် လောက်တော့ နှစ်လက်မ၊ သုံးလက်မလောက် ရသွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့။ ကျန်တာဟာတော့ အခုလိုပဲ တစ်လက်မကျော်ကျော်၊ နှစ်လက်မ ဝန်းကျင် မိုးလေးတွေပဲ ရွာနိုင်တယ်” […]

ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည်

diz_admin

August 26, 2020

ထားဝယ်မြို့၊ မြို့ရှောင်လမ်းကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖောက် လုပ်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ် သန်းသုံးထောင်ကျော် အသုံးပြုရန် လျာထားကြောင်း လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။ အဆိုပါလမ်းတွင် သဗြေချောင်းရွာအနီးမှ မေတ္တာလမ်း(ဇလွန်းရွာ)အထိ တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအလွန်အထိ တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခု သတ်မှတ်ထားသည်။ ကျေးလက်လမ်းများအဆင့်မြှင့်ရန် ကျပ်ဘီလီယံငါးဆယ် လျာထား ဇလွန်းကျေးရွာမှ ကျောက်ရပ် (ပေါက်တိုင်းတံတား) အနီးအထိ အပိုင်းအား လာမည့်ဘဏ္ဍာနှစ်တွင် ဖောက်လုပ် မည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။ အဆိုပါလမ်းပိုင်းကို ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC) ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါ မြို့ရှောင်လမ်း ဖောက်မည်ဆိုပါက လယ်ကွင်းများကို ဖြတ်သန်း ဖောက်လုပ်ရမည်ဖြစ်သည်။

ကျေးလက်လမ်းများအဆင့်မြှင့်ရန် ကျပ်ဘီလီယံငါးဆယ် လျာထား

diz_admin

August 26, 2020

လာမည့်ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရန်အတွက် ကျပ်ဘီလီယံငါးဆယ် သုံးစွဲရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံ မှ သိရသည်။ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းနှင့် မြေသားလမ်းများ အဆင့်မြှင့်တင်ခြင်း အပါအဝင် တံတားတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ် ကြောင်း အဆိုပါဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။ လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည် ယင်းအစီအစဉ်တွင် လမ်းအရှည် စုစုပေါင်း ၂၄၅ မိုင်ကို အဆင့်မြှင့်တင်ခြင်း၊ တံတား ၉၃ စင်း တည်ဆောက်ခြင်း အပါအဝင် အခြားလုပ်ငန်းများပါဝင်သည်။ “ဦးစားပေးကတော့ ရာသီမရွေး သွားလာလို့ရတဲ့ Class- A လမ်းတွေ အများဆုံးပါတာပေါ့” ဟု ဦးဇော်မိုးဦးက ဆိုသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာန အနေနှင့် ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား […]

လိုင်စင်မရှိသည့် လက်ကိုင်လွှစက်များ တစ်နှစ်အတွင်း အပ်ရမည်

diz_admin

August 26, 2020

သစ်တောဦးစီးဌာနတွင် တရားဝင် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ ကိုင်ဆောင် အသုံးပြုနေသည့် လက်ကိုင်လွှစက် (Chain Saw) များကို တစ်နှစ်အတွင်း လာရောက်အပ်နှံရမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။ ယင်းအပြင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် လက်ကိုင်လွှစက်တင်သွင်း ရောင်းချနေသည့် ကုမ္ပဏီ၊ အရောင်းဆိုင် များအနေနှင့် တင်သွင်းလာသည့် စက်အမျိုးအစား၊ စက်အင်အား၊ စက်အရေအတွက်နှင့် ရောင်းထွက်သွားသည့် စက် စာရင်းကို သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ထံတွင် လစဉ်စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။ နှာခေါင်းစည်းများ ဈေးပြန်တက် “ဒီလို ပြန်သိမ်းလိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သစ်တော များပြုန်းတီးခြင်းကို အထိုက်အလျောက်တော့ အထောက်အကူဖြစ်သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။ သစ်တောများပြုန်းတီးခြင်းသည် လက်ကိုင်လွှစက်တစ်ခုတည်းကြောင့် မဟုတ်သော်လည်း ယင်းစနစ်ကို အခြား နိုင်ငံများတွင်လည်း ကျင့်သုံးလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။ ယခု […]