ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ ပိုးတွေ့လူနာ ရန်ကုန်တွင်နေထိုင်သူဖြစ်

diz_admin

September 2, 2020

ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည့် ကိုဗစ်အတည်ပြုလူနာစာရင်းတွင် ပါဝင်သော ရေဖြူမြို့နယ်မှ လူနာသည် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေးဦးစီးမှူးက အတည်‌ပြုပြောကြားသည်။ယင်းအမျိုးသားမှာ ရေဖြူမြို့နယ်၊ ကန်ပေါက်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ပြန်လာစဉ် နေမကောင်းသဖြင့် စစ်ဆေးရာမှ ကိုဗစ်ရောဂါပိုးတွေ့ရှိခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာခင်မျိုးက ပြောသည်။ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့ရာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနှင့် ရေဖြူမြို့များ ပါဝင်ခဲ့သည်။

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

diz_admin

September 2, 2020

လောင်းလုံးမြို့နယ်တွင် အခြေခံ လူတန်းစား ထောက်ပံ့ကြေးငွေကိစ္စဖြင့် အတိုင်ခံထားရသည့် တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကိစ္စ စစ်ဆေးပြီးဖြစ် ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိစ္စ စစ်ဆေးချက်များကို ထားဝယ်ခရိုင်အုပ် ချုပ်ရေးမှူးထံသို့ သြဂုတ်လ ၂၇ ရက်က တင်ပြထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ “ခရိုင်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးပါ ဆိုလို့ စစ်ဆေးပြီးတော့ တွေ့ရှိချက်တွေ တင်ပါဆိုလို့ မနေ့(သြဂုတ် ၂၇ ရက်)က တင်ပေးလိုက်ပြီ” ဟု ၎င်းက ဆို သည်။ တီဇစ်အုပ်ချုပ်ရေးမှူးသည် ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးသည့် ငွေကြေးနှင့် အခြားငွေကြေးများကို အလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာသား ၃၀ […]

ကမ်းခြေနှင့် ရေတံခွန်များ ပြန်ပိတ်မည်

diz_admin

September 2, 2020

ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့်အတွက် ကမ်းခြေနှင့် ရေတံခွန်များသို့ လည်ပတ်ခွင့်အား ပြန်လည်ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။ ထိုသို့ ပြန်ပိတ်ရန် သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်သည့် ကော်မတီညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ပါတီလေးခုမှ ကိုယ်စားလှယ်လောင်းလေးဦး ရွေးကောက်ပွဲဝင်ခွင့်မရ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းရှိ ကမ်းခြေအားလုံးကို မတ်လ ၂၇ ရက်နေ့တွင် လည်ပတ်ခွင့်ပိတ်ခဲ့ပြီးနောက် ဇွန်လဆန်း(၃ရက်နေ့) တွင် ပြန်လည်လည်ပတ်ခွင့်ပြုခဲ့သည်။ သို့ရာတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်လာသည့်အတွက် ပြန်လည်ကန့် သတ်ရန် ကော်မတီတွင် ဆုံးဖြတ်ထားပြီး မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူး ကြီးကျော်ဇေယျက ဆိုသည်။ အသေးစိတ်အချက်အလက်များကိုမူ သက်ဆိုင်ရာဝန်ကြီးနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဘယ်နေ့ပိတ်မယ်ဆိုတာတော့ […]

ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ

diz_admin

September 2, 2020

ထားဝယ်မြို့နယ်အတွင်း ဒေသဆိုင် ရာဧည့်လမ်းညွှန်လိုင်စင်(RG) သက်တမ်း တိုးရန်မှာ အခက်အခဲကြုံတွေ့နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ဝင်ငွေမပြသနိုင်ပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် လျှောက်ထားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိခြင်းကြောင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လည်း မရ၊ အကျိုးအကြောင်းခိုင်လုံစွာ ဝန်ခံကတိဖြင့် တင်ပြသည်ကိုလည်း ဟိုတယ်ခရီးက လက်မခံသဖြင့် ဒေသဆိုင်ရာဧည့် လမ်းညွှန်အချို့မှာ လိုင်စင်သက်တမ်းတိုးရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများကို လက်ခံဆောင်ရွက်ခဲ့သည်မှာ ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့သဖြင့် အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိကြောင်း ထားဝယ်မြို့နယ်မှ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ဦးအောင်မိုးသူက ပြောသည်။ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မတင်ပြနိုင်သဖြင့် […]

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လဆန်းတွင် အမိန့်ချမည်

diz_admin

September 2, 2020

လောင်းကစားမှုဖြင့် တရားစွဲခံရသည့် KTV ပိုင်ရှင်အမှု နောက်လထားဝယ်မြို့တွင် လူထုစိတ်ဝင် စားမှုများနေသော KTV ပိုင်ရှင်တစ်ဦး ပါဝင်သည့် လောင်းကစားအမှုကို လာမည့် လဆန်းပိုင်းတွင် အမိန့်ချတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရသည်။ အဆိုပါအမှုတွင်KTV ပိုင်ရှင်အပါ အဝင် စုစုပေါင်း ၁၅ ဦးကို လောင်းကစား ဥပဒေပုဒ်မ ၁၆(က)နှင့် ၁၇ (က)တို့ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိအဆိုပါအမှုတွင် ရုံးချိန်း ပေါင်း ၄၄ ကြိမ်စစ်ဆေးထားပြီး တရားလိုပြ သက်သေ ၁၈ ဦးနှင့် တရားခံပြသက် သေ ၄၀ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ်တရားရုံး၏ သတင်း ပြန်ကြားရေးအရာရှိဖြစ်သူ တရားသူ ကြီးဒေါ်မြင့်မြင့်စန်းက ဆိုသည်။ အဆိုပါအမှုကို စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချရန် […]

ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို

diz_admin

September 2, 2020

စည်းကမ်းထိန်းသိမ်းရေး အခက်အခဲရှိသဖြင့် ထားဝယ်မြို့ပေါ်ရှိ လမ်းဘေး ဈေးဆိုင်များကို မြေငှာရမ်းကာ ဈေးဆိုင် ဖွင့်လှစ်ခွင့်ပြုခြင်းကို ထပ်တိုးခွင့်ပြုတော့မည်မဟုတ်တော့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ လမ်းဘေးဈေးဆိုင်များသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် စည်ပင်သာယာရေး အဖွဲ့ထံတွင် လမ်းမြေအသုံပြုခနှင့် ဈေးကောက်တို့ကို ပေးဆောင်ပြီး ရောင်းချ နေရခြင်းဖြစ်သည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ ယင်းကဲ့သို့ စည်ပင်ခွင့်ပြုချက်ဖြင့် ဈေးရောင်းရောင်းချနေသည့် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရာမသူဝ ဘုန်ကြီးကျောင်းအရှေ့ ညောင်ပင်အောက်မှ မြေနေရာကိစ္စတစ်ခုမှာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ တိုင်ကြားသည်အထိ ပြဿနာ ဖြစ်ပွားခဲ့သည်။ ယင်းမြေနေရာတွင် ယခင်ဈေးရောင်း ခွင့်ရထားသူသည် မိသားစု ကျန်းမာရေး အခြေအနေရ ဈေးရောင်းခြင်းကို ယာယီ ရပ်နာထားစဉ် ၎င်းအား အသိမပေးဘဲ ထားဝယ်စည်ပင်သည် ထားဝယ်-ရှင်မော်ပြေးဆွဲနေသည့် ကားငယ်အသင်း တစ်သင်းကို […]

ကိုဗစ်ဒုတိယလှိုင်း တော်လှန်ရေး

diz_admin

September 2, 2020

မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေသည့် ကိုဗစ်ဒုတိယလှိုင်းအား တန်ပြန် တုံ့ပြန်ရန် တနင်္သာရီတိုင်းအစိုးရက ပြင်ဆင်ပြီ။ ကိုဗစ်ကပ်ဘေးစတင်ဖြစ်ပွားချိန်က ကန့်သတ်ထားသည့် ကမ်းခြေလည် ပတ်ခွင့်ကို ကန့်သတ်ခြင်းအပါအဝင် အခြားစည်းကမ်းချက်များကို ပြန်လည်ကြပ်မတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ လက်ရှိတွင် ကိုဗစ်ကပ်ဘေးက မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းအသွင်ဖြစ်လာပြီး ကူးစက်သူ များပြားလာသည်။ ထိုသို့သော အခြေအနေတွင် ကိုဗစ်ကပ်ဘေးကာလအစက တိုင်းအစိုးရက ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကို လိုက်နာမှု ကျဆင်းသွားရာ သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများက ကြပ်မတ်ရမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က ဆိုသည်။အစိုးရက ယခင်ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များမှာ လက်ရှိ အချိန်အထိ အသက်ဝင်နေဆဲလည်း ဖြစ်သည်။ “အမိန့်တွေက ထုတ်ပြန်ထားပြီး […]

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး ရခိုင်တွင် စေတနာ့ဝန်ထမ်းလုပ်ရန် စာရင်းပေးထား

diz_admin

September 1, 2020

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်းအဖြစ်သွားရောက်တာဝန် ထမ်းဆောင်ရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း ၂၁ ဦး စာရင်းပေး ထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှပြောရေးဆို ခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ နှင့် ကျန်းမာရေးကြီးကြပ်(၂) ဆရာ၊ ဆရာမများက လက်ရှိစာရင်းပေးထားပြီး ကုသရေးဦးစီးဌာနမှ စာရင်းကိုမူ လတ်တလော မရရှိသေးကြောင်း ဒေါက်တာထွေးမြစိုးက ပြောသည်။ မည်သည့်အချိန်တွင် သွားရောက် ရမည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ သြဂုတ်လ ၂၈ ရက် မနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည် ပြုလူနာ ၂၁၇ ခန့်ဦးရှိပြီး အခြားတိုင်းနှင့် […]