ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်တန့်
diz_admin
June 8, 2020အသင့်အတင့် အရောင်းဝယ်ရှိနေသေးသော ထားဝယ်အိမ်ခြံမြေဈေးကွက်မှာ ကိုဗစ်ရောဂါဂယက်စတင် ရိုက်ခတ်ပြီးနောက် လုံးဝနီးပါးအရောင်းအဝယ် မရှိတော့ကြောင်း အိမ်၊ခြံ၊ မြေ၊ အရောင်း၊ အဝယ် ဝန်ဆောင်မူပေးနေသူ အချို့ထံမှ သိရသည်။ လက်ရှိတွင် အိမ်၊ ခြံ၊ မြေ ရောင်းလိုသူများရှိနေသော်လည်း ဝယ်သူမရှိကြောင်း တနင်္သာရီတိုင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မူ အသင်းဝင်တစ်ဦးက ပြောသည်။ “ရောင်းသမားတွေကတော့ ရှိတယ်။ နယ်ဆိုရင်လည်း နယ်အလိုက်၊ မြို့ဆိုရင်လည်း မြို့အလိုက်ပေါ့။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်သူက ဝယ်ကြမှာလည်း။ ဝယ်မယ့်သူတွေကတော့ မေးတာပဲရှိတယ်။ ငွေပို၊ ငွေလျှံများတဲ့သူမှပဲ ဈေးချောင်တာဝယ်မယ် ဆိုတာလောက်ပဲ ရှိတယ်။ အဲတာကလည်း အရမ်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါ ဂယက်ရိုက်ခတ်ပြီးသည့်ကာလအတွင်း အိမ်ခြံမြေအရောင်းအဝယ် တစ်ကြိမ်မျှမဖြစ်သေးကြောင်း အခြားအသင်းဝင်တစ်ဦးကလည်း ပြောသည်။ […]